နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မခမ်းနားတော့ပေမယ့် စိတ်လှုပ်ရှားမှု အပြည့်ပေးဦးမယ့် El Clasico – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် – ဘာစီလိုနာ

ကမ္ဘာပေါ်က ဘောလုံးပရိသတ်‌တွေ တော်တော်များများ နှစ်စဉ်နှစ်တိုင်း မလွတ်တမ်း စောင့်ကြည့် အားပေးကြတဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ လာလီဂါ El Clasico ဂန္တဝင်ဒါဘီ ကတော့ လာမယ့် တနင်္ဂနွေနေ့ မနက် မြန်မာစံတော်ချိန် ၁ နာရီခွဲ မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ တစ်ချိန်က ခမ်းနား ကြီးကျယ်လွန်းခဲ့တဲ့ El Clasico ဟာ ပရိသတ်မပါတဲ့ ဘောလုံးကွင်း အလွတ်ကြီးတွေထဲမှာ တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပေမယ့် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခံစားချက်ရသတွေကိုတော့ လက်ရှိမှာ အပြည့်အဝ ပေးနေဆဲ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် El Clasico ကတော့ အက်တလက်တီကိုမက်ဒရစ်၊ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ သုံးပွင့်ဆိုင် လာလီဂါ ပြေးလမ်းပေါ်က အရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်လို့ ပိုလို့တောင် ရင်ခုန်စရာ ကောင်းနေပါတယ်။ ဒီပွဲစဉ်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ နဲ့ ၃ နေရာမှာ ရပ်တည်နေတဲ့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ လာလီဂါ ချန်ပီယံဆု ကိုင်မြှောက်ခွင့်ကို အနည်းနဲ့ အများ သက်ရောက်မှု ရှိလာနိုင်ပြီး နှစ်သင်းစလုံးကတော့ အနိုင်ရလဒ် အတွက် သေချာ အာရုံစိုက် ကစားလာမှာ သေချာပါတယ်။ လက်ရှိ အနေအထားအရ ဆိုရင် လာလီဂါ တစ်ခုတည်းကို အာရုံစိုက် ကစားနေတဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ်နဲ့ ဗျာများနေတဲ့ ရီးရဲယ်မက်ဒရစ်ထက် အနည်းငယ်တော့ ပိုသာကောင်း သာနေပါလိမ့်မယ်။ အိမ်ရှင် အသင်းအတွက် ဝမ်းသာစရာ သတင်းကတော့ နောက်ခံလူ ဆာဂျီယို ရာမို့စ် ဒဏ်ရာက ပြန်လည် သက်သာလာလို့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားသလို ဘာစီလိုနာ ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ သရေတစ်ပွဲပဲ ရှိထားပြီး ကျန်ပွဲတွေ အားလုံးမှာ အနိုင်ရထားပါတယ်။

လက်ရှိ အနေအထားအရ ဆိုရင် လာလီဂါ တစ်ခုတည်းကို အာရုံစိုက် ကစားနေတဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ်နဲ့ ဗျာများနေတဲ့ ရီးရဲယ်မက်ဒရစ်ထက် အနည်းငယ်တော့ ပိုသာကောင်း သာနေပါလိမ့်မယ်။
ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဘက်မှာ ထုံးစံအတိုင်း မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့ ၃ ဦးကို တိုက်စစ်မှာ ထားပြီး ကွင်းလယ် မှာတော့ ဘူးစကွက်စ်၊ ပက်ဒရီ၊ တောင်ပံနှစ်ဖက်မှာ ဒက်စ်နဲ့ အဲလ်ဘာ၊ နောက်တန်းမှာတော့ လန်းဂ်လတ်၊ ဒီယောင်၊ မင်ဂူဇာ၊ ဂိုးမှာ တာစတီဂန်တို့နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ ရီးရဲယ်မက်ဒရစ် ဘက်မှာတော့ ရာမို့စ် ဒဏ်ရာက သက်သာလာပေမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့တော့ မသေချာသေးပါဘူး။ ဒါ့ကြောင့် နည်းပြ ဇီဒန်း အနေနဲ့ ဗဟိုခံစစ် နေရာမှာ မီလီတောင်၊ ဖာနန်ဒက်စ် အတွဲကို သုံးပြီး ဗက်စကွက်၊ မန်ဒီ၊ ကွင်းလယ်မှာ မိုဒရစ်၊ ဗဲလ်ဗာဒီ၊ ကတ်စီမီယို၊ တိုနီခရူးစ်၊ တိုက်စစ်မှာတော့ ကာရင် ဘင်ဇီမာနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာတို့ကို ပွဲထွက် ကစားစေမယ့် သဘောရှိပါတယ်။ ရီးရဲယ်မက်ဒရစ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ကာဗာဂျယ်၊ ဗာရန်းတို့ ပါဝင်နေပြီး ဘာစီလိုနာ ဘက်မှာတော့ တိုက်စစ်က အန်ဆုဖာတီ၊ ကော်တင်ဟိုနဲ့ နီတိုတို့ ဒဏ်ရာ ပြသနာ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဇီဒန်း လက်ထက်မှာ ရီးရဲယ်မက်ဒရစ် ဟာ ဘာစီလိုနာ ကို အသာရခဲ့တာ များပြီး လာလီဂါ နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ် စလုံး မှာလည်း အပြတ်အသတ် အသာရခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ နူးကမ့်မှာ ကစားတဲ့ ပွဲတုန်းက ဆိုရင် ရီးရဲယ်မက်ဒရစ်တို့ ခြေစွမ်းပြပြီး မိုဒရစ်၊ ရာမို့စ်၊ ဗဲလ်ဗာဒီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁-၃ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးယဲလ်မက်ဒရစ် vs ဘာစီလိုနာ 1X2 ရီးယဲလ်မက်ဒရစ်း @ 3.00
ဧပြီလ ၁၁ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၈၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၃၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရဆိုရင် ချန်ပီယံလိဂ်ပါ ကစားနေရတဲ့ ရီးရဲယ်မက်ဒရစ် တို့ ဘာစီလိုနာ ထက် ပိုပြီး ပွဲပန်းနေမှာ သေချာပါတယ်။ အများစုက အမှတ်ခွဲယူကြလိမ့်မယ်လို့ တွက်ဆနေကြပေမယ့် တကယ်တမ်း ခြေစွမ်း ပိုပြီး တည်ငြိမ်နေတာက ရီးရဲယ်မက်ဒရစ် ဖြစ်လို့ အိမ်ရှင်တို့ကိုပဲ မျက်စိစုံမှိတ် ယုံကြည်ထားချင်ပါတယ်။ ခန့်မှန်းရလဒ်ကတော့ ၂-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်