နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူငယ်တွေ ခြေစွမ်းပြပြီး ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အင်္ဂလန်က

အင်္ဂလန် ၃ – ၀ ဝေးလ်စ်

မနေ့ည ဝင်ဘာလေကွင်းမှာ ကစားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေး ခြေစမ်းပွဲ မှာတော့ လူငယ် ကစားသမား တွေရဲ့ ခြေစွမ်းပြမှုနဲ့အတူ အင်္ဂလန်က ဝေးလ်စ်ကို ၃ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို ဒေါမနစ် ကလဲဗက်လီဝင်း၊ ကိုဒီနဲ့ ဒန်နီအင့်ဂ်တို့က သွားယူပေးခဲ့တာ ဖြစ်ပြီး ၃ဦးစလုံး အတွက် လက်ရွေးစင် ကစားသမားဘဝ ပွဲဦးထွက်သွင်းဂိုး‌ကိုယ်စီ ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
 

ပွဲမှတ်တမ်းနဲ့ အချက်အလက်များ

နည်းပြ ဂါရက်ဆောက်ဂိတ် အနေနဲ့ ရိုင်ယန်ဂစ် ကိုင်တွယ်နေတဲ့ ဝေးလ်စ်ကို ရင်ဆိုင်ဖို့ အရင်ပွဲတွေ နဲ့မတူပဲ ထူးထူးခြားခြား ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ၃-၅-၂ နဲ့ ကစားပြီး ရလဒ်ကောင်း ခဲ့တဲ့ အင်္ဂလန်ကို အခု အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ နောက်ခံလူ ၃ယောက်ထားတဲ့ ကစားကွက်နဲ့ ပုံစံကောင်းတစ်ခု ပြန်ပြီး မြင်တွေ့ခဲ့ရပါတယ်။ တိုက်စစ်မှာ ဂိုးမြူးနေတဲ့ ကလဲဗက်လီဝင်းနဲ့ ဒန်နီအင့်ဂ်ကိုတွဲပေးခဲ့ပြီး ကွင်းလယ်မှာ ဂျက်ဂရေးလစ်ရှ်၊ ဟယ်ရီဝင့်ခ်၊ ကယ်ဗင် ဖီးလစ်တို့ကို အသုံးပြုခဲ့ပါတယ်။ တောင်ပံတစ်လျှောက် အတက်အဆင်းကစားစေဖို့ ညာတောင်ပံမှာ ထရစ်ပီယာ နဲ့ ဘယ်တောင်ပံမှာ ဘူကာယိုဆာကာ၊ နောက်တန်း ၃ ယောက်နေရာ မှာတော့ ဂျိုးဂိုးမက်ဇ်၊ ကိုနာကိုဒီ၊ မိုက်ကယ်ကိန်း တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ လူငယ်ကစားသမားတွေကို နေရာပေး လာတဲ့ ဆောက်ဂိတ်ရဲ့ အကြံ အစည် အလုပ်ဖြစ်နေသလို သက်ဆိုင်ရာ ကလပ်အသီးသီးမှာ ခြေစွမ်း ပြနေ တဲ့ လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင် ရည်ကြောင့်လည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာပါ။

ချစ်ကြည်ရေး ခြေစမ်းပွဲ အပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ၆ပွဲမှာ ၁၀ဂိုး သွင်းယူထားတဲ့ အင်္ဂလန် တိုက်စစ်မှူး ဒေါမနစ်ကလဲဗက်လီဝင်း

ခြေစမ်းပွဲ ဖြစ်တာကြောင့် လူငယ်ကစားသမား အများစုကို ပွဲထုတ်လာပေမယ့် အင်္ဂလန်ရဲ့ ကစားပုံ ဟာ အရင်ပွဲတွေကထက် ပိုကောင်းလာတာ တွေ့ရပါတယ်။ ဆန်ချို၊ ချေးလ်ဝဲလ်၊ တမ်မီအေဗရာဟမ်၊ ဖိုဒန်၊ ရိုင်ယန်ဂစ်ရဲ့ ဝေးလ်စ်မှာတော့ ဂါရက် ဘေးလ်၊ ဟဲလ်ရော့ဘ်ဆင်ကနူး တို့ ဒဏ်ရာ အသီးသီးရနေသလို ချန်ပီယံရှစ်ကလပ်တွေက ကစားသမား အများနဲ့ ပွဲထွက်လာပြီး ၄-၂-၃-၁ ကစားကွက်နဲ့ အိမ်ရှင်ကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝေးလ်စ်တို့ အင်္ဂလန်ဘက်ကို အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့လို့ သွင်းဂိုး ပြန်မရခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ ဂျက်ဂရေးလစ်ရှ်ရဲ့ တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး ဒေါမနစ် ကလဲဗက်လီဝင်းက အပိုင်ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ကလဲဗက်လီဝင်း အနေနဲ့ အခု ချစ်ကြည်ရေး ခြေစမ်းပွဲ အပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်း ၅၃ မိနစ် မှာတော့ ထရစ်ပီယာရဲ့ ဖရီးကစ် ကန်တင်ပေးပို့မှုကနေ ကော်နာကိုဒီက မြေမကျ ကန်သွင်းပြီး ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ တတိယဂိုးကိုတော့ ၆၃မိနစ်မှာ ဒန်နီအင့်ဂ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒေါင့်ကန် ဘောကနေတစ်ဆင့် တိုင်ရုန်းမင်းစ် ခေါင်းတိုက်လို့ ပြန်ကျလာတာကို ဒန်နီအင့်ဂ်က မြေမကျ နောက်ပြန် ကန်ချက်နဲ့ လှလှပပ သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ အင်္ဂလန်တို့ ဂိုးပြတ်အနိုင်ရခဲ့လို့ ရှုံးပွဲမရှိစံချိန် ဆက်ထိန်းသွားပေမယ့် ရာနှုန်းပြည့် အားရစရာ ကောင်းတဲ့ ခြေစွမ်းမျိုးတော့ မတွေ့ရသေးပါဘူး။ ဝေးလ်စ်မှာ အဓိက ကစားသမားတွေ မပါနိုင်တာနဲ့ အင်္ဂလန် ဂိုးသမား နစ်ခ်ပုပ်ရဲ့ အပိုင်ကာကွယ်မှု တချို့ ကြောင့်သာ အခုလို ရှုံးနိမ့််ခဲ့ရတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲ ဖြစ်နေတာကြောင့် အင်္ဂလန်သက်တောင့်သက်သာ ကစားနိုင်ခဲ့တယ်လို့ ထင်ပြီး နောက်တန်း ပြသနာကိုသာ မဖြေရှင်းနိုင်ရင် လာမယ့် နေးရှင်းလိဂ်နဲ့ ယူရိုမှာ ထုံးစံအတိုင်း ရုံးကန်ရဦးမှာပါ။ တိုက်စစ်ကနဲ့ ကွင်းလယ်က တော်တော်လေး အားရစရာ ကောင်းပေမယ့် ခံစစ်ကတော့ အားနည်းချက် တွေ ရှိနေဆဲပါ။ နောက်တစ်ချက်က အခုလို ကိုဗစ်ကာလမှာ ထုံးစံအတိုင်း အပျော်အပါးမက်တဲ့ အင်္ဂလန် ကစားသမားတွေရဲ့ အကျင့်စရိုက်ဆိုးတွေဟာ အသင်းကို ထိခိုက်လာနိုင်လို့ နည်းပြ ဆောက်ဂိတ် အနေနဲ့ စည်းကမ်း တင်းကြပ်ရမယ့် အချိန်ရောက်နေပြီလို့မြင်မိပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ နေးရှင်းလိဂ် အုပ်စုပွဲစဉ် အဖြစ် အင်္ဂလန်က ဘယ်ဂျီယံနဲ့ ကစားဖို့ရှိသလို ဝေးလ်စ်ကတော့ ဘူဂေးလ်ရီးယားနဲ့ ကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်