နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်မှူးတွေ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နိုင်ပွဲဆက်နေဆဲ အင်တာမီလန် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

အင်တာမီလန် ၁ – ၀ ကက်ဂလီယာရီ

စီးရီးအေ ကောင်းကင်မှာ ခပ်မြင့်မြင့် ပျံသန်းနေတဲ့ အင်တာမီလန်တို့ မနေ့ညက ကက်ဂလီယာရီနဲ့ ပွဲမှာ တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်ခဲ့ပေမယ့် မက်တီယို ဒါမီယန်ရဲ့ ဒုတိယပိုင်း သွင်းဂိုး ၁ ဂိုးတည်းနဲ့ နိုင်ပွဲ ဆက်ခဲ့ပြန်ပါတယ်။ အခုပွဲအပြီးမှာ အင်တာမီလန်တို့ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၁၁ မှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့ပေမယ့် ကက်ဂလီယာရီ ကတော့ တန်းဆင်းဇုန် ဖိအား ပိုများသွားခဲ့ပါတယ်။

ရာသီကုန်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့ အချိန်မှာ ကက်ဂလီယာရီတို့ နိုင်ပွဲနဲ့ ဝေးနေဆဲ ဖြစ်ပြီး တန်းဆင်းဇုန် အထက်က တိုရီနိုနဲ့ ၅ မှတ် ပြတ်သွားလို့ စီးရီးအေ ကို လက်ပြရမယ့် အခြေအနေနဲ့ နီးနေခဲ့ပါပြီ။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ကက်ဂလီယာရီ

အင်တာမီလန် တို့ ဒီနေ့ပွဲမှာ တန်းဆင်ဇုန်ထဲက အသင်းနဲ့ ကစားရမှာ ဖြစ်လို့ ကစားကွက် အခင်းအကျင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အဓိကကစားသမားတွေကို အနားပေးခဲ့ပါတယ်။ ကွန်တီရဲ့ အသင်းက တိုက်စစ်မှာ အလက်ဆစ် ဆန်းချက်ဇ်ကို လူကာကူနဲ့ တွဲဖက်ပေးခဲ့ပေမယ့် တစ်ပွဲလုံး ပုံစံကောင်း ပျောက်ဆုံးခဲ့လို့ ကက်ဂလီယာရီလို အသင်းရဲ့ ခံစစ်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ လက်ရှိ အချိန်ထိ ပုံမှန်ခြေစွမ်း ပြန်မရသေးတဲ့ ချီလီသား အနေနဲ့ ကွန်တီ ပေးတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပဲ ဘယ်လိုမှကို အားကိုးလို့ မရခဲ့ပါဘူး။ ဒါပေမယ့်လည်း နိုင်ပွဲ တစ်ပွဲ မဖြစ်မနေ ရချင်တဲ့ ကွန်တီရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲက မှန်ကန်ခဲ့ပြီး အက်ရှ်လေယန်းကို ဟာကီမီနဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။ ဟာကီမီ ဝင်လာပြီးနောက်ပိုင်း အင်တာမီလန်တို့ ကစားပုံ ပိုကောင်းလာပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ အင်တာမီလန်တို့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဟာကီမီရဲ့ ဖန်တီးပေးပို့မှုကနေ မက်တီယို ဒါမီယန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ အင်တာမီလန် တိုက်စစ်က တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၅ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးပဲ ရရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် အရန်ကစားသမားတွေဟာ ဘယ်လိုနည်းနဲ့မှ စိတ်ချလို့ မရဘူးဆိုတာ သက်သေပါပဲ။ စီးရီးအေ ဂိုးသွင်းဘုရင်ဆု အတွက် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုကို အမှီလိုက်ဖို့ လူကာကူ အတွက် သွင်းဂိုးတွေ ထပ်ရဖို့ အခွင့်အရေး အများကြီး ရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အင်တာမီလန်တို့ စီးရီးအေ မှာ ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲ ရခဲ့ပြီး ဒုတိယနေရာက မြို့ခံပြိင်ဘက် အေစီမီလန်ကို ၁၁ ဖြတ်ဦးဆောင်နိုင်ဆဲ ဖြစ်ပါတယ်။ ရာသီကုန်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့ အချိန်မှာ ကက်ဂလီယာရီတို့ နိုင်ပွဲနဲ့ ဝေးနေဆဲ ဖြစ်ပြီး တန်းဆင်းဇုန် အထက်က တိုရီနိုနဲ့ ၅ မှတ် ပြတ်သွားလို့ စီးရီးအေ ကို လက်ပြရမယ့် အခြေအနေနဲ့ နီးနေခဲ့ပါပြီ။
 

လာမယ့်ပွဲစဉ်များ

အင်တာမီလန်တို့ လာမယ့် တစ်ပတ် စီးရီးအေ မှာ နာပိုလီနဲ့ ကစားရမှာ ဖြစ်ပြီး ကက်ဂလီယာရီ ကတော့ ပါးမားနဲ့ ကစားဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်