နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချီလီခြေစွမ်းမကောင်းပေမယ့် ပီရူးကိုလည်း မယုံကြည်ရဲပါဘူး – ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ချီလီ vs ပီရူး

လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့၊ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားမယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေထဲက ချီလီနဲ့ ပီရူးတို့ရဲ့ တွေ့ဆုံမှုကလည်း SBOTOP ဘောလုံးပရိသတ်တွေ သဘောကျမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ လက်ရှိ အုပ်စုအဆင့် ၇ နဲ့ ၈ နေရာက အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ရမှတ်လိုအပ်ချက်အတွက် ကျိန်းသေပေါက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြဦးမှာ သေချာပါတယ်။

ဥရောပထိပ်သီး လိဂ်တော်တော်များများမှာ ကစားနေတဲ့ ကစားသမားတွေ ဒီနှစ်မှာတော့ ခြေစွမ်း ကျဆင်းနေလို့ ချီလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့တောင် ရုံးကန်ရဖို့ရှိနေပါတယ်။ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ် ၂ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးထားတဲ့ ချီလီတို့ ၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်ပဲ ရရှိသေးလို့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ အဖွင့်ပွဲစဉ်မှာ ဥရုဂွေး အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရပြီး အိမ်ရှင်အသင်းကို အကောင်းဆုံး တုံ့ပြန် ကစားနိုင်ခဲ့တယ်ဆိုပေမယ့် ပွဲပြီးခါနီးမှာ ဂိုမက်ဇ်က အနိုင်ဂိုးသွင်းသွားလို့ ချီလီတို့ သရေ ၁ မှတ်နဲ့တောင် မရခဲ့ပါဘူး။ ဒုတိယပွဲစဉ်မှာလည်း ကိုလံဘီယာကို အိမ်ကွင်းမှာ ဗီဒယ်၊ အလက်ဆစ် ဆန်းချက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ကိုလံဘီယာ တိုက်စစ်မှူးကြီး ဖလ်ကာအိုရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရလို့ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရ ပြန်ပါတယ်။ ဒါပေမယ့် ချီလီရဲ့ တိုက်စစ်ကို အထင်သေးလို့တော့ မရပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာ ၆ ဂိုး သွင်းယူထား နိုင်တဲ့ တိုက်စစ်ကတော့ အခု ပီရူးနဲ့ ပွဲမှာ ကျိန်းသေပေါက် ခြေစွမ်းပြလာနိုင်ပါတယ်။ လက်ရှိအသင်းမှာ အလက်ဆစ် ဆန်းချက်ဇ်၊ အာတူရို ဗီဒယ်၊ အစ်ဆလာ တို့ရှိနေပြီး ဂိုးသမား ကလော်ဒီယို ဘရာဗိုလည်း ရှိနေလို့ ကစားသမားစုဖွဲ့မှု အပိုင်းမှာလည်း သိပ်ပြီး မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာလည်း ခြေစွမ်းကောင်းခဲ့ပေမယ့် ပါရာဂွေးကို ၂ဂိုးစီသရေကျခဲ့ပြီး
ပါရဂွေးကို သရေကျပြီး ဘရာဇီးလ်ကို ရှုံးနိမ့်ထားတဲ့ ပီရူး

ပီရူးကတော့ နောက်ဆုံးကစားထားတဲ့ ၃ ပွဲမှာ နိုင်ပွဲ တစ်ပွဲမှ မရသေးတာ တွေ့ရပါတယ်။ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းမဆိုးလှဘူးလို့ ပြောလို့ရပေမယ့် အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်သေးတာကတော့ တော်တော်လေး ဆိုးနေပါတယ်။ ကိုလံဘီယာနဲ့ ခြေစွမ်းပွဲမှာ ပွဲပြီးခါနီးမှ သွင်းဂိုး ၁ ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့ရသလို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာလည်း ခြေစွမ်းကောင်းခဲ့ပေမယ့် ပါရာဂွေးကို ၂ဂိုးစီသရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာတော့ ဘရာဇီးလ်ကို ၂-၄ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့လို့ ရမှတ် ၁မှတ်သာရရှိထားပြီး အုပ်စု အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ လက်တလော ပီရူးမှာ နာမည်ကြီး ကစားသမားတွေ မပါဘူးဆိုပေမယ့် အသင်းလိုက်စုဖွဲ့မှု ကောင်းကောင်းနဲ့ စည်းလုံးမှု ရှိရှိကစားနေတာ တွေ့ရပြီး နိုင်ပွဲတစ်ပွဲ ရှာတွေ့နိုင်ဖို့ အားထုတ်နေတဲ့ အသင်းလို့ မြင်ပါတယ်။

 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး တွေ့ဆုံမှု ၁၀ ကြိမ်မှာတော့ ချီလီက ပီရူးကို ၇ ကြိမ်ထိ အနိုင်ရထားတာတွေ့ရပြီး ပီရူးကတော့  ၃ကြိမ်ပြန်ပြီး အနိုင်ရထားပါတယ်။ နောက်ဆုံးတွေ့ဆုံမှု ၃ ကြိမ်မှာတော့ ပီရူးက ၃ဂိုးပြတ်နဲ့ ၂ကြိမ် အနိုင်ရထားပြီး ၂၀၁၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတုန်းက ချီလီက ၂-၁ နဲ့ အနိုင်ရထားတာ တွေ့ရပါတယ်။ ၂၀၁၉ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်မှာတော့ ပီရူးက ချီလီကို ၃ ဂိုးပြတ်နဲ့ မှတ်မှတ်ရရ အနိုင်ယူထားနိုင်တာတွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချီလီ vs ပီရူး 1X2 ချီလီ @ 1.91
နိုဝင်ဘာလ ၁၄ ရက် , မနက် ၅:၃၀ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၉၄ ဆ၊ ဧည့်သည်ဘက်က ၃.၉၅ ဆနဲ့ သရေအတွက် ၃.၄၀ ဆ ကြေးဖွင့်ထားပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ပီရူးတို့ ချီလီကို အသာရထားသလို လက်ရှိမှာ ချီလီကလည်း ပုံမှန်ခြေစွမ်းပြန်ရဖို့တောင် ရုံးကန်နေရလို့ ဧည့်သည်အသင်းကို ပိုပြီး သဘောကျမိတာတော့ အမှန်ပါပဲ။ တောင်အမေရိက အသင်းတွေရဲ့ ထုံးစံအတိုင်း ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုပေမယ့် အိမ်ရှင် ချီလီဘက်မှာပဲ ရပ်တည်တာ ပိုပြီး စိတ်ချရပါလိမ့်မယ်။ အခန့်မသင့်ရင် သရေကျသွားနိုင်လို့ သွင်းဂိုး အနည်းကိုရွေးချယ်ထားတာ ပိုပြီး စိတ်ချရပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်