နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆမ်ဘာတေးသွားတွေ ဆူညံစေဦးမှာပါ – ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ဘရာဇီးလ် vs ဗင်နီဇွဲလား

လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၇နာရီ အချိန်မှာတော့ ဘရာဇီးလ်နဲ့ ဗင်နီဇွဲလားတို့ ယှဉ်ပြိုင်ကစားကြမယ့် ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်ကို SBOTOP ဘောလုံးဝါသနာရှင်တွေ အားပေးကြရဖို့ရှိပါမယ်။ လက်ရှိ တောင်အမေရိကဇုန် မှာ အကောင်းဆုံးပုံစံရရှိနေတဲ့ ဘရာဇီးလ်နဲ့ ခြေပျက်နေတဲ့ ဗင်နီဇွဲလားတို့ရဲ့ တွေ့ဆုံမှု ဖြစ်လို့ ဆမ်ဘာတို့ရဲ့ အိမ်ကွင်းမှာ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ကောင်းမယ့် သဘောမှာရှိနေ ပါတယ်။

တောင်အမေရိကဇုန်မှာ  ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အကောင်းဆုံးပုံစံနဲ့ ခြေစစ်ပွဲ အောင်မြင်သွားမယ့် အသင်းဆိုရင် ဘရာဇီးလ်ကိုပဲ ကျိန်းသေပေါက် လက်ညှိုးထိုးရမှာပါ။ လက်ရှိ အုပ်စုပွဲစဉ် ၂ပွဲ ကစားပြီး ချိန်မှာ ၂ပွဲစလုံး ဂိုးပြတ်နိုင်ပွဲရရှိပြီး သွင်းဂိုး ၉ ဂိုး ပေးဂိုး ၂ဂိုး၊ ရမှတ် ၆မှတ်နဲ့ ဘရာဇီးလ်တို့ အုပ်စုထိပ်ဆုံး မှာ ရပ်တည် နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ဘရာဇီးလ်တို့ ၃ပွဲ နိုင်ပြီး ၁ပွဲရှုံးနိမ့် ထားပါတယ်။ အာဂျင်တီးနားနဲ့ ကစား ခဲ့တဲ့ ခြေစမ်း ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ကလွဲရင် နောက်ဆုံး၃ ပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲ ရရှိထားပြီး တောင်ကိုရီးယားကို ၃ဂိုးပြတ်နဲ့ ခြေစမ်းပွဲစဉ်မှာ အနိုင်ရခဲ့သလို၊ တောင်အမေရိကဇုန် ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ဘိုလီဗီးယား ကို အိမ်ကွင်းမှာ ၅ဂိုးပြတ်နဲ့ အနိုင်ရပြီး ဒုတိယပွဲစဉ်မှာတော့ ပီရူးကို အဝေးကွင်းမှာ ၂-၄ နဲ့ အနိုင်ရရှိ ထားပါတယ်။ နည်းပြ တီတီရဲ့ လက်အောက်မှာ ရွှေရောင် မျိုးဆက် ကစားသမားသမားတွေ ပြည့်နှက်နေတဲ့ ဘရာဇီးလ်အသင်းမှာတော့ နေမာ၊ ကော်တင်ဟို၊ ရစ်ချာလီဆင်၊ ဗင်နီးဆီးယပ်စ်ဂျူနီယာ၊ ဂါဘရီရယ် ဂျီးဆုစ်၊ ဖေမီနို၊ အဲဗာတန်၊ အာသာ၊ ဒေါက်ဂလက်စ်လူးဝစ်ဇ်၊ အဲလန်၊ အဲလက်စ်တဲလက်စ်၊ ဒန်နီလို၊ မာကွင်ဟို၊ ဒီယေဂိုကားလို့စ်၊ သီယာဂိုဆေးလ်ဗား၊ အလီဆွန် ဘေကာ၊ အီဒါဆင် တို့လို ဒိတ်ဒိတ်ကြဲတွေ ရှိနေလို့ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။ ဘရာဇီးလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာ ၁၂ ဂိုးသွင်းပြီး တောင်ပံက နေမာ အနေနဲ့လည်း တော်တော်လေး ခြေစွမ်းပြနေတယ်ဆိုပေမယ့် အခု ဗင်နီဇွဲလားနဲ့ ပွဲမှာတော့ ပေါင်ခြံဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မယ့် အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။

ဗင်နီဇွဲလား အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ ပွဲရှုံးထားတယ်ဆိုပေမယ့် နောက်ဆုံး ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားတာ တွေ့ရပါတယ်။ ဂျပန်ကို ၁-၄ နဲ့ အဝေးကွင်း ခြေစမ်းပွဲမှာ အနိုင်ရခဲ့လို့ ဗင်နီဇွဲလားတို့ရဲ့ ခြေစွမ်းပိုင်းကို မျှော်လင့်ခဲ့ကြပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်၂ ပွဲစလုံး ရှံးနိမ့်ထားတာ တွေ့ရပါတယ်။ အဖွင့်ပွဲစဉ်မှာ ကိုလံဘီယာကို အဝေးကွင်းမှာ ၃ဂိုးပြတ် အရေးနိမ့်ပြီး ဒုတိယပွဲစဉ်မှာ ပါရာဂွေးကို ၀-၁ နဲ့ အရေးနိမ့်ထားတာ တွေ့ရပါတယ်။ နောက်ပြီး ဗင်နီဇွဲလားတို့ နောက်ဆုံး ၃ ပွဲမှာ ၄ ဂိုးသာ သွင်းယူထားနိုင်တယ် ဆိုပေမယ့်လည်း လက်ရှိအုပ်စုတွင်းပွဲစဉ် နှစ်ပွဲစလုံး သွင်းဂိုး မရရှိပဲ ရှုံးနိမ့်ထားခဲ့တာကြောင့် ရမှတ် ၀ ဂိုးကွာခြားချက် -၄ နဲ့ အုပ်စုတွင်း ၁၀ သင်း ယှဉ်ပြိုင်ရာမှာ အဆင့်၉ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ပြီး ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားခြင်း မရှိတဲ့ ဗင်နီဇွဲလား အတွက်ကတော့ အခုပွဲမှာ ဘရာဇီးလ်လို အသင်းနဲ့ တွေ့ဆုံနေလို့ ကျိန်းသေပေါက် ရုံးကန်ရဖို့ သေချာနေခဲ့ ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘရာဇီးလ်နဲ့ ဗင်နီဇွဲလားတို့ သမိုင်းတစ်လျှောက် နောက်ဆုံး ၂၆ ကြိမ်တွေ့ဆုံထားရာမှာ ဘရာဇီးလ်က ၂၁ ကြိမ် အနိုင်ရရှိပြီး ၃ ပွဲပဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာတော့ ဘရာဇီးလ်က ၃ပွဲအနိုင်ရပြီး ၂ပွဲသရေကျ ထားတာတွေ့ရပါတယ်။ ၂၀၁၉ ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်မှာတော့ ဂိုးမရှိသရေကျထားတာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘရာဇီးလ် vs ဗင်နီဇွဲလား 1X2 ဘရာဇီးလ် @ 1.17
နိုဝင်ဘာလ ၁၄ ရက် , မနက် ၇:၀၀ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၁၇ ဆ၊ ဧည့်သည်ဘက်က ၁၃.၅၀ ဆနဲ့ သရေအတွက် ၆.၆၀ ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိအခြေအနေအရ နေမာအနေနဲ့ ပီအက်စ်ဂျီမှာရော ဘရာဇီးလ်မှာရော အရေးပါအရာ အရောက်ဆုံး ဖြစ်နေတယ်ဆိုပေမယ့် ဘရာဇီးလ်မှာ ရစ်ချာလီဆင်၊ ဖေမီနို၊ ဂျီးဆုစ်၊ ကော်တင်ဟိုတို့လည်း အကောင်းဆုံး ခြေစွမ်းပြနေတာ တွေ့ရပါတယ်။ ပထမနှစ်ပွဲမှာ နည်းပြ တီတီရဲ့ ဘရာဇီးလ် တိုက်စစ်က ဂိုးသွင်းစွမ်းရည် ဘယ်လောက်အထိ ပြည့်ဝနေတယ်ဆိုတာ အားလုံးလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဆာပေါ်လိုမြေမှာ ကစားမယ့် ဒီပွဲစဉ်မှာလည်း ဘရာဇီးလ်တို့ပဲ ဆမ်ဘာတေးသွားတွေ ဆူညံနေအောင် တီးမှုတ်နိုင်ဦးမယ်ဆိုတာ ရာနှုန်းပြည့် သေချာနေ ပါတယ်။ ဘရာဇီးလ်နဲ့ သွင်းဂိုး အများကိုပဲ ရွေးချယ်တာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်