အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂါနာ အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။
ဂါနာ လက်ရွေးစင် အသင်း အကျဉ်းချုပ်
ဂါနာ ဘောလုံး အဖွဲ့ချုပ်ကို ၁၉၂၀ မှာ ကတည်းက ဖွဲ့စည်း နိုင်ခဲ့တာပါ။ အဲဒီတုန်း ကတော့ The Gold Coast နာမည်နဲ့ပါ။ အဲဒီနောက် ၁၉၅၇ မှာ ဂါနာ ဘောလုံး အဖွဲ့ချုပ်လို့ ဖြစ်ပေါ်လာခဲ့ပြီးတော့ အာဖရိကနဲ့ ဖီဖာအဖွဲ့ဝင် ရှေ့ဆင့် နောက်ဆင့် ဖြစ်လာခဲ့ပါတယ်။ ဂါနာက ၁၉၆၂ မှာ နာမည်ကျော် စပိန်ကလပ် ရီးရဲလ်မက်ဒရစ် နဲ့တောင် ခြေစမ်းပွဲ ကစားခဲ့ဖူးပြီးတော့ ၃ – ၃ ဂိုး စီ သရေကျခဲ့ဖူးပါတယ်။ ရှားရှားပါးပါး မှတ်တမ်းလေး ဖြစ်လို့ မှတ်ထားသင့်ပါတယ်။ ဂါနာဟာ အာဖရိကရဲ့ အသင်းငယ်လေး အဖြစ် ကနေ တိုးတက်လာခဲ့ပြီး ကမ္ဘာ့ အဆင့်ကို ထိုးဖောက် လာနိုင်ခဲ့တာပါ။
အမည်ပြောင် – အမည်းရောင် ကြယ်ပွင့်များ
အဖွဲ့ချုပ် – ဂါနာဘောလုံးအဖွဲ့ချုပ်
အရောင် – အဝါ/နက်၊ အဖြူ
နည်းပြချုပ် – အော့တိုအက်ဒ်ဒို
အသင်းခေါင်းဆောင် – အန်ဒရီ အာယူး
ပွဲအများဆုံး ကစားထားသူ – အဆာမိုဂျန် (၁၀၉ ပွဲ)
ဂိုးအများဆုံး သွင်းထားသူ – အဆာမိုဂျန် (၅၁ ဂိုး)
ဖီဖာအဆင့် ရပ်တည်မှု – ၆၀ (၂၀၂၂ ခုနှစ် ဩဂုတ် အထိ)
ပထမဆုံး နိုင်ငံတကာပွဲ
ဂါနာ ၁ – ၀ နိုင်ဂျီးရီးယား (မေ ၂၈၊ ၁၉၅၀)
အကြီးမားဆုံး နိုင်ပွဲ
ဂါနာ ၁၂ – ၀ Nyasaland (အောက်တိုဘာ ၁၅၊ ၁၉၆၂)
အကြီးမားဆုံး ရှုံးပွဲ
ဘူလ်ဂေးရီးယား ၁၀ – ၀ ဂါနာ (အောက်တိုဘာ ၂၊ ၁၉၆၈)
ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု
ဂါနာက အရင်တုန်းက ဗြိတိန် အစိတ်အပိုင်း အဖြစ်နဲ့ ရှိနေခဲ့လို့ ဂါနာ နိုင်ငံအမည်နဲ့ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခြင်း မရှိခဲ့ပါဘူး။ ၂၀၀၆ မှာမှ ပထမဆုံး ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး အဲဒီနှစ်မှာပဲ ၁၆ သင်း အဆင့်ကို ရောက်ခဲ့လို့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား မှာတော့ ကွာတားဖိုင်နယ် အထိ တက်ရောက်ခဲ့ကာ ကံဆိုးခဲ့လွန်းလို့သာ ဥရုဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးပြီး ဆီမီးဖိုင်နယ် တက်ခွင့် ဆုံးရှုံးခဲ့တာပါ။ ဂါနာရဲ့ အကောင်းဆုံး အချိန်ဖြစ်ပြီး အာဖရိက ဂုဏ်ကိုပါ ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ရုရှား ကမ္ဘာဖလား ကိုတော့ သူတို့ လွဲချော်ခဲ့ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကိုတော့ တကျော့ပြန် ကစားခွင့်ရထား ခဲ့တာ ဖြစ်ပါတယ်။
အခြားအောင်မြင်မှု
ဂါနာက အာဖရိဖလား ချန်ပီယံ ၄ ကြိမ် အထိ ဖြစ်ဖူးခဲ့ပါတယ်။ ဒုတိယ ၅ ကြိမ် ရခဲ့ပြီး အစဉ်အလာ မသေးဘူးလို့ ဆိုရပါမယ်။ အခြားသော ပြိုင်ပွဲတွေမှာလည်း ချန်ပီယံ အဖြစ် သူတို့ ရှိခဲ့ဖူးပါသေးတယ်။ ကာတာ ကမ္ဘာ့ဖလား မှာတော့ ဂါနာတို့ တောင်ကိုရီးယား၊ ဥရုဂွေး၊ ပေါ်တူဂီ တို့နဲ့ ရင်ဆိုင် ရမှာပါ။
ကစားမည့်ရက်
ပေါ်တူဂီ – ဂါနာ (နိုဝင်ဘာ ၂၄)
တောင်ကိုရီးယား – ဂါနာ (နိုဝင်ဘာ ၂၈)
ဥရုဂွး – ဂါနာ (ဒီဇင်ဘာ ၂)
ဗိုလ်စွဲရန် အလေးပေးမှု
+၂၅၀၀၀
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.