အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကနေဒါ အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တစ်ချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။
ကနေဒါ လက်ရွေးစင် အသင်း အကျဉ်းချုပ်
မြောက်အမေရိက က အသင်းတစ်သင်း ဖြစ်တဲ့ ကနေဒါက စီနီယာ လက်ရွေးစင် အဆင့် ပြိုင်ပွဲတွေကို ၁၉၂၄ မှာ စတင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဆီမှာ ဘောလုံးကို ၁၈၇၇ ခုနှစ် ကတည်းက ကစားနေခဲ့တာ ဖြစ်ပြီး အဲဒီတုန်းကတော့ အနောက် ဘောလုံး အဖွဲ့ချုပ် နာမည်နဲ့ ဖြစ်ပါတယ်။ ကနေဒါဟာ မြောက်အမေရိကဇုန်မှာ ဘောလုံး အစောဆုံး ကစားတဲ့ နိုင်ငံ တစ်ခု ဖြစ်ခဲ့ပေမယ့် တိုးတက်မှုတော့ နှေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပြောရမယ် ဆိုရင် ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကြယ်ပွင့် ကစားသမားတွေ ထွက်ပေါ်မှသာ အမေရိကန်၊ မက္ကဆီကိုတို့ နည်းတူ ကနေဒါ ဘောလုံး အသင်း ဆိုပြီး ကွန်ကာကပ်ဇုန်မှာ ထိပ်သီး စာရင်း ဝင်လာခဲ့တာ ဖြစ်ပါတယ်။
အမည်ပြောင် – အနီရောင်များ
အဖွဲ့ချုပ် – ကနေဒါ ဘောလုံး အစည်းအရုံး
အရောင် – အနီ/ အဖြူ/အနက်
နည်းပြချုပ် – ဂျွန် ဟာ့ဒ်မန်း
အသင်းခေါင်းဆောင် – အတီဘာ ဟက်ချင်ဆန်
ပွဲအများဆုံးကစားထားသူ – အတီဘာ ဟက်ချင်ဆန် (၉၇ ပွဲ)
ဂိုးအများဆုံးသွင်းထားသူ – ဆိုင်လ် လာရင် (၉၇ ဂိုး)
ဖီဖာအဆင့်ရပ်တည်မှု – ၄၃ (၂၀၂၂ ခုနှစ် ဩဂုတ် အထိ)
ပထမဆုံး နိုင်ငံတကာပွဲ
ဩစတြေးလျ ၃-၂ ကနေဒါ (ဇွန် ၇၊ ၁၉၂၄)
အကြီးမားဆုံး နိုင်ပွဲ
ကနေဒါ ၁၁-၀ ကေးမန်းကျွန်းစု (မတ် ၂၉၊ ၂၀၂၁)
အကြီးမားဆုံး ရှုံးပွဲ
ကနေဒါ ၀-၈ မက္ကဆီကို (ဇူလိုင် ၁၈၊ ၁၉၉၃)
ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု
ကနေဒါဟာ နှစ်ပေါင်း ၃၆ နှစ် အကြာမှ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ပြန်လည် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၆ မှ နောက်ဆုံး ဝင်ရောက် ကစားခဲ့တာက သူတို့ရဲ့ တစ်ခုတည်းနဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်း ကလည်း အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ကိုတော့ သူတို့က မက္ကဆီကို၊ အမေရိကန် နဲ့အတူ ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာပါ။
အခြား အောင်မြင်မှု
ကွန်ကာကပ် ချန်ပီယံ အဖြစ်နဲ့ ကနေဒါက ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးပါတယ်။ သူတို့ သမိုင်းမှာ ဒါက အအောင်မြင်ဆုံး ဖြစ်ပြီး မြောက်အမေရိက နေးရှင်းလိဂ် ဖလားကို တစ်ကြိမ် ဆွတ်ခူးဖူးပါတယ်။ ကနေဒါက အခု နောက်ပိုင်း မှာမှ အယ်လ်ဖွန်ဆို ဒေးဗီးစ်လို ကစားသမားတွေ ထွက်ပေါ်လာပြီး ဘောလုံး အဆင့်အတန်း တဖြည်းဖြည်းချင်း တိုးတက် လာတာလည်း ဖြစ်ပါတယ်။ လာမယ့် ကမ္ဘာ့ဖလား မှာ သူတို့က အုပ်စု F မှာ ဘယ်လ်ဂျီယံ၊ မော်ရိုကို၊ ခရိုအေးရှား တို့နဲ့ ကစားရမှာပါ။
ကစားမည့်ရက်
ဘယ်လ်ဂျီယံ – ကနေဒါ (နိုဝင်ဘာ ၂၃)
ခရိုအေးရှား – ကနေဒါ (နိုဝင်ဘာ ၂၇)
မော်ရိုကို – ကနေဒါ (ဒီဇင်ဘာ ၁)
ဗိုလ်စွဲရန် အလေးပေးမှု
- ၁၅၀၀၀
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.