နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲက အကောင်းဆုံး ကမ္ဘာ့ဖလား ဖြစ်လာဖို့ ရှိနေတယ် ဆိုတဲ့ ရော်နယ်ဒို | ကမ္ဘာ့ဖလား

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲက အကောင်းဆုံး ကမ္ဘာ့ဖလား ဖြစ်လာဖို့ ရှိနေတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုတော့ ဆော်ဒီအာရေဗျ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရရှိမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲချုပ် ဖီဖာက အတည်ပြု ကြေညာခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုက အခုလို ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုက “ဒါက အံ့အားသင့်စရာပါပဲ။ ကျွန်တော် ဒီလို မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ အရမ်း၊ အရမ်း အရမ်းကို ကောင်းပါတယ်။ ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲက အကောင်းဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့် အမြင်အရ ဆော်ဒီအာရေဗျ နိုင်ငံရဲ့ အနာဂတ်က အရမ်းကို တောက်ပနေပါတယ်။ ဆော်ဒီတွေက သင်ယူလိုစိတ် ရှိတဲ့ သူတွေ ဖြစ်ပြီး ကျွန်တော့် အတွက်တော့ ဒါဟာ အရမ်း အရေးကြီးပါတယ်။ ဒီနေ့ ကျွန်တော် တွေ့နေတဲ့ ကလေးတွေ ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင် ကစားခွင့်ရနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ ကြိုတင် မသိနိုင်ပေမယ့် ကျွန်တော် ကတော့ အဲဒီလိုပဲ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

ဆော်ဒီအာရေဗျ နိုင်ငံ ကတော့ ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပရာမှာ မြိုကြီး ၅ မြို့က ကွင်းပေါင်း ၁၅ ကွင်းမှာ ကျင်းပသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရသည်။
၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို မြို့ကြီး ၅ မြို့က ကွင်းပေါင်း ၁၅ ကွင်းမှာ ကျင်းပမယ့် ဆော်ဒီအာရေဗျ

ဆော်ဒီအာရေဗျ နိုင်ငံ ကတော့ ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပရာမှာ မြိုကြီး ၅ မြို့က ကွင်းပေါင်း ၁၅ ကွင်းမှာ ကျင်းပသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရသည်။ ကနဦး မြင်တွေ့ရတဲ့ အခြေအနေအရ ဆော်ဒီ နိုင်ငံက ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကို သမိုင်းတလျှောက် အခမ်းနားဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်လာဖို့ အသက်သွင်းချင်နေတာ တွေ့ရပါတယ်။ အနီးစပ်ဆုံး ၂၀၂၆ ကမ္ဘာ့ဖလား ကိုတော့ ကနေဒါ၊ အမေရိကန်၊ မက္ကဆီကို ၃ နိုင်ငံပေါင်းကာ ကျင်းပသွားမှာ ဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလား ကတော့ မော်ရိုကို၊ ပေါ်တူဂီ၊ စပိန် ၃ နိုင်ငံပေါင်း ကျင်းပမှာပါ။

အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၉ နှစ် ကျော်နေပြီ ဖြစ်ပေမယ့်လည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင်ဆင်နွှဲချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိလည်း ရော်နယ်ဒိုက အဲလ်နာဆာ အတွက်ရော၊ ပေါ်တူဂီ အတွက်ပါ ဂိုးတွေ ဆက်တိုက် သွင်းယူနေခဲ့သလို ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့လည်း မျှော်မှန်းထားပါသေးတယ်။ ရော်နယ်ဒိုဟာ လက်ရှိရာသီ ဆော်ဒီပရိုလိဂ် ကလပ် အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားရာမှာ ၁၆ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြနေပါတယ်။ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ကိုတော့ ရော်နယ်ဒိုက ၂၁၇ ပွဲ ကစားပြီး ၁၃၅ ဂိုး သွင်းယူပေးထားပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ရော်နယ်ဒိုဟာ ၂၀၃၄ ကမ္ဘာ့ဖလားမှာ အိမ်ရှင်နိုင်ငံ အတွက် သံတမန် အဖြစ် ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်