ကာတာ – အီကွေဒေါ
၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ စတင်ပါပြီ။ ကျနော်တို့ SBOTOP ကနေ ပြီးတော့ ကမ္ဘာ့ဖလား အတွက်လည်း ခန့်မှန်းသုံးသပ်ချက်တွေကို ပုံမှန်တင်ဆက်ပေးသွားမှာပါ။ အခုတစ်ခါ မှာတော့ အိမ်ရှင် ကာတာနဲ့ တောင်အမေရိက အသင်းကောင်း တစ်သင်း ဖြစ်တဲ့ အီကွေဒေါ တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့ ပတ်သတ်လို့ သုံးသပ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကာတာ ကတော့ ကမ္ဘာ့ဖလား အဖွင့်ပွဲ အတွက် သေချာ ပြင်ဆင်ထားပြီး ကစားသမားတွေကို တစ်ဦးချင်း ကြံ့ခိုင်မှုက အစ ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးထားပါတယ်။ ကာတာရဲ့ ထိပ်သီး ဂိုးသွင်းရှင် အဲလ်မို့ဇ် အလီ ကတော့ အခရမ်အဖစ်နဲ့ အတူ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာမှာ ဖြစ်ပြီး သူတို့ တိုက်စစ် အတွဲက လက်ရှိမှာ အကောင်းဆုံး ပုံစံရနေပါတယ်။ ခံစစ်ပိုင်းမှာ ကာတာက ၅ ယောက်တန်း ခံစစ် ကိုပဲ အသုံးပြုမယ်လို့ ဆိုထားပါတယ်။
အီကွေဒေါ ကတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား မတိုင်ခင် ကစားထားတဲ့ နောက်ဆုံး ခြေစမ်းပွဲမှာ အားထားရတဲ့ ကစားသမား ကက်စတီလို ဒဏ်ရာရသွားလို့ အခက်တွေ့နေပါတယ်။ အီကွေဒေါမှာ အန်နာ ဗလန်စီယာ ကိုပဲ အားထားရဖို့ ရှိပြီး သူတို့ရဲ့ လူစာရင်းက အိမ်ရှင်ကာတာကို ယှဉ်နိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ကာတာ – အယ်လ်ရှီဘ်၊ မီဂွယ်လ်၊ အယ်လ်ဝါရီ၊ ဆယ်လ်မန်၊ ဟာဆန်၊ အာမက်ဒ်၊ ဟတ်တမ်၊ ဘူဒီယက်ဖ်၊ အယ်လ်ဟေးဒေါ့စ်၊ အလီ၊ အာဖစ်
အီကွေဒေါ – ဒိုမင်ဂွက်ဇ်၊ ပရီစီယာဒို၊ တောရက်စ်၊ ဟင်ကာပိုင်၊ အက်စတူပီနန်၊ ဂရက်ဇို၊ ကိုင်စီဒို၊ ဆီဖူအန်တက်စ်၊ ပလာတာ၊ ဗလန်စီယာ၊ အိုင်ဘာရာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
သူတို့ နှစ်သင်းက ၂၀၁၈ တုန်းက တစ်ကြိမ်တည်း တွေ့ဆုံခဲ့ဖူးပြီး ကာတာက ၄-၃ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ကာတာ ကတော့ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားဘဲ လေးပွဲ ဆက်တိုက် အနိုင်ရထားပါတယ်။ အယ်လ်ဘေးနီးယား၊ ပနားမား၊ ဟွန်းဒူးရပ်စ်၊ ဂွာတီမာလာတို့ကို အနိုင်ရခဲ့တာ ဖြစ်ပြီး ချီလီနဲ့ သရေကစားခဲ့တာပါ။ သူတို့ ကစားခဲ့တဲ့ အသင်းတွေက တောင်အမေရိကနဲ့ ကွန်ကာကပ်ဖ်၊ ဥရောပ အသင်းတွေ ဖြစ်နေတာ သတိထားစရာပါ။ အီကွေဒေါ ကလည်း နောက်ဆုံး ၅ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့သလို ပေးဂိုးလည်း တစ်ဂိုးတောင် မရှိခဲ့ပါဘူး။ အီရတ်၊ ဂျပန်၊ ဆော်ဒီ၊ မက္ကဆီကို တို့ကို ဂိုးမရှိ သရေကစားနိုင်ခဲ့ပြီး ကိတ်ဗာဒီကို ၁-၀ နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ ကာတာက အနိုင်ရရင် ၃.၂ ရမှာ ဖြစ်ပြီး အီကွေဒေါ ကတော့ ၂.၂၅ ဆ ရမှာပါ။ Handicap မှာတော့ အီကွေဒေါက သရေ အရှုံး၊ သရေ ၅၀ ရှုံးနဲ့ ဒဲ့ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံး သရေနဲ့ ၂လုံး ၅၀ ရှုံးကြေးတွေ ပေါက်နေပါတယ်။ ခြေစမ်းပွဲတွေမှာ အီကွေဒေါ ခံစစ်က အရမ်းကောင်းတာ သတိထားစရာ ကောင်းနေပါတယ်။ ဒါပေမယ့် အဖွင့်ပွဲမှာ မျက်နှာပန်းလှအောင် အားကုန်ထုတ်လာမယ့် အိမ်ရှင် ကာတာကို သူတို့ တောင့်ခံနိုင်ပါ့မလား ဆိုတာ စဉ်းစားချင်စရာပါ။ အီကွေဒေါက အပေါ် အသင်းကြေး ဖြစ်နေပြီး ကျနော် ကတော့ အိမ်ရှင်တွေ အဖွင့်ပွဲတွေ ရလဒ် ကောင်းတတ်လို့ ကာတာကို ရွေးချယ်ချင်ပြီး ဂိုးပေါင်းအောက်နဲ့ တွဲဆော့တာ ပိုကောင်းပါတယ်။
ခန့်မှန်းရလဒ်
ကာတာ ၁-၀ အီကွေဒေါ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.