နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | နယ်သာလန် – အမေရိကန် (ကမ္ဘာ့ဖလား)

နယ်သာလန် – အမေရိကန်

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကတော့ အုပ်စု အဆင့် ပွဲစဉ်တွေ ကစားပြီးလို့ ရှုံးထွက်ပွဲစဉ်တွေ ကစားတော့မှာ ဖြစ်ပါတယ်။ မနက်ဖြန်ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာတော့ နယ်သာလန်နဲ့ အမေရိကန်တို့ ကစားဖို့ ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ အဖြစ် မြင်တွ့ရဦးမှာ သေချာပါတယ်။

နယ်သာလန် ကတော့ အုပ်စုဗိုလ် အဖြစ်နဲ့ ကမ္ဘာ့ဖလား ရှုံးထွက်တက်လာခဲ့ပြီး အမေရိကန် ကလည်း ရှုံးပွဲ မရှိ၊ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို ရောက်လာတာပါ။ အမေရိကန်မှာ ပူလီဆစ် ဒဏ်ရာရနေလို့ အခြေအနေ စောင့်ကြည့်ရမှာ ဖြစ်ပြီး သူမကစားနိုင်ရင် တိုက်စစ်ပိုင်း အားနည်းသွားနိုင်ပါတယ်။ ဟော်လန် မှာတော့ ဂက်ခ်ပို ခြေစွမ်းပြနေပြီး ဂိုးတွေ ဆက်တိုက် သွင်းနေသလို အသင်းရဲ့ ကစားပုံ ကလည်း အားရဖို့ ကောင်းနေပါတယ်။ ဟော်လန်က ကစားသမားအင်အားပိုင်း သာလွန်မှုနဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့တာပါ။ ဗန်ဒိုက်၊ အကီ၊ ဒီဂျောင်၊ ဂက်ခ်ပို၊ ဘာဝိန်း၊ ဒီပိုင်း တို့လို နာမည်ကျော် ကစားသမားတွေနဲ့ အတူ နယ်သာလန်ရဲ့ ခြေစွမ်းက ကောင်းမွန်ပါတယ်။ ဒါပေမယ့် အီကွေဒေါလို မာကျောတဲ့ အသင်းကို သူတို့ အနိုင်မရခဲ့တာက စိုးရိမ်စရာပါ။ အီကွေဒေါထက် ပိုကောင်းတဲ့ အသင်းတွေနဲ့ဆို အဲဒီခြေစွမ်းမျိုးနဲ့ မလုံလောက်ပါဘူး။ ဗန်ဟားလ်ရဲ့ အသင်းက မလိုအပ်ဘဲ ဝေ့နေတဲ့ အချိန်တွေများနေပြီး အုပ်စုတွင်းက အသင်းတွေထက် ပိုကောင်းတဲ့ အသင်းတွေနဲ့ ဆိုရင် ရုန်းကန်ရနိုင်ပါတယ်။ ဂက်ခ်ပို ကတော့ အသင်း လိုအပ်ချိန်တိုင်း ဂိုးရအောင် ယူပေးနေပြီး ဗန်ဟားလ် အတွက် ရွှေပါပဲ။ အမေရိကန်က အခုနှစ် ကမ္ဘာ့ဖလားမှာ ခံစစ်တော်တော်လေး မာကျောပြီး တန်ပြန် တိုက်စစ်ကောင်းတာကို တွေ့ခဲ့ရပါတယ်။ ဟော်လန် အတွက်တော့ ရုန်းကန်ရဦးမယ့် ပွဲလို့ပဲ မြင်ပါတယ်။

ကမ္ဘာ့ ဖလား
ပြင်သစ်
ပိုလန်နိုင်ငံ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ် လူစာရင်း

နယ်သာလန် – နော့ပါ့တ်၊ ဒမ်ဖရိုင်းစ်၊ ဒီလစ်၊ ဗန်ဒိုက်၊ အကီ၊ ဘလင်း၊ ဘာဂူးစ်၊ ဒီဂျောင်၊ ကိုဒီ ဂက်ခ်ပို၊ ဘာဝိန်း၊ ဂျန်ဆန်

အမေရိကန် – မတ်တာနာ၊ ဆာဂျင်နိုဒက်စ်၊ ဇမ်မာမန်း၊ ရီအမ်၊ ရော်ဘင်ဆင်၊ မက်ကင်းန်၊ အဒမ်စ်၊ မူဆက်၊ တီမိုတီဝီယာ၊ ဆာဂျန့်၊ ပူလီဆစ်

အမေရိကန်က အခုနှစ် ကမ္ဘာ့ဖလားမှာ ခံစစ်တော်တော်လေး မာကျောပြီး တန်ပြန် တိုက်စစ်ကောင်းတာကို တွေ့ခဲ့ရပါတယ်။
ရဂိုး ၂ ဂိုးတည်းနဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အမေရိကန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နယ်သာလန်က နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ မရှိထားဘဲ ကမ္ဘာ့ဖလားမှာ ပွဲတိုင်း ဂိုးရထားပြီး ပေးဂိုး ၁ ဂီုးတည်းသာ ရှိခဲ့ပါတယ်။ အမေရိကန် ကလည်း ကမ္ဘာ့ဖလား ရှုံးပွဲ မရှိထားဘဲ ပေးဂိုး ၁ ဂိုးတည်းသာ ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ကတော့ တိုက်စစ်ပိုင်း အားနည်းတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ရမှာ ဖြစ်ပြီး ရဂိုး ၂ ဂိုးတည်းသာ ရှိပါတယ်။ ဒီနှစ်သင်းက ၃ ကြိမ် ရင်ဆိုင်ဖူးပြီး နယ်သာလန်က ၂ ကြိမ်နိုင်ကာ အမေရိကန်က ၁ ကြိမ် အနိုင်ရထားပြီး ၂ ပွဲ ကတော့ ဂိုးပေါ်ခဲ့ပါတယ်။ ဂိုးပေါ် ၃ ပွဲ ပါဝင်နေပြီး ဂျပန် ကတော့ ၅ ပွဲမှာ ၃ ပွဲအထိ ဂိုးအောက်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာ ဟော်လန် နိုင်ရင် ၁.၉၃ ဆ၊ အမေရိကန် နိုင်ရင် ၄.၃၃ ဆ ရရှိမှာပါ။ Handicap ကတော့ ဟော်လန် သရေ အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးအရှုံးပါ။ ရှုံးထွက်ပွဲ ဖြစ်လို့ အမှားခံလို့ မရတော့ပါဘူး။ ဖိဖိစီးစီးကစားကြမှာ ဖြစ်ပြီး ကစားသမားပိုင်းအရရော၊ ကစားပုံအရပါ ဟော်လန်က သာပါတယ်။ ဒီပွဲမှာတော့ ဟော်လန် ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပြီး ဂိုးပေါင်းအောက်နဲ့ တွဲဆော့သင့်ပါတယ်။

ခန့်မှန်းရလဒ်

နယ်သာလန် ၁-၀ အမေရိကန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်