နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကာတာ သွားခွင့် လက်မှတ် အတွက် ရေကုန်ရေခမ်း နွှဲရဦးမယ့် ပိုလန်နဲ့ ဆွီဒင် | ပိုလန် – ဆွီဒင် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

ပိုလန် – ဆွီဒင်

လာမယ့် ရက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off နောက်ဆုံး အဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး ပိုလန်တို့ ဆွီဒင်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပိုလန်နဲ့ ထိပ်တိုက်တွေ့ဆုံချိန် အများစုမှာ အသာရခဲ့တဲ့ ဆွီဒင်တို့ အစဉ်အလာ အတိုင်း ရလဒ်ကောင်း တစ်ခုနဲ့ ခြေစစ်ပွဲ အောင်မြင်သွားမလား။ ဒါမှမဟုတ် ပိုလန် ကပဲ အိမ်ကွင်း ပရိသတ်အားနဲ့ ဆွီဒင်ကို ကျော်ဖြတ်ပြီး ကာတာ သွားခွင့် လက်မှတ် ရရှိသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက နတ်ဘုရားကြီး ဇလာတန် ပြန်လည် ဦးဆောင်လာမယ့် ဆွီဒင် တိုက်စစ်နဲ့ ဘေယန် ဂိုးသွင်းစက် လီဝမ်ဒေါစကီး ဦးဆောင်လာမယ့် တိုက်စစ် အားပြိုင်မှုကို မြင်တွေ့ရဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဘန်လေ
မန်ချက်စတာစီးတီး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် ၂၈ နေရာကို ရောက်ရှိနေတဲ့ ပိုလန်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ၈ ကြိမ် အထိ အောင်မြင်ထားခဲ့ပြီး ၂၀၁၈ ရုရှား ကမ္ဘာ့ဖလား အပါအဝင် နောက်ဆုံး ၅ ကြိမ်မှာ ၃ ကြိမ်အထိ ကစားခွင့်ရထားခဲ့ပါတယ်။ တစ်ချိန်က ဥရောပရဲ့ အသင်းကြီး တစ်သင်း ဖြစ်ခဲ့တဲ့ ပိုလန်တို့ နောက်ပိုင်း ကာလတွေ မှာတော့ မျိုးဆက်ပြတ်သွားခဲ့လို့ ကမ္ဘာ့ဖလား မှာရော၊ ယူရို မှာပါ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဆင့် မှာတော့ အင်္ဂလန်ရဲ့ အနောက် အုပ်စု ဒုတိယနေရာ ကနေ Play-Off ကစားခွင့်ရခဲ့ပြီး Play-Off ဆီမီးဖိုင်နယ်မှာ ရုရှားနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကံကောင်းတာက ယူကရိန်း အရေးကြောင့် ရုရှားတို့ ပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ခွင့် ပိတ်ခံရပြီး ပိုလန် တို့လည်း အလိုအလျောက် Play-Off ဖိုင်နယ် တက်လှမ်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။ တစ်ချက် ရှိတာက ပိုလန်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ပိုင်း ကတည်းက စကော့တလန်နဲ့ ခြေစမ်းပွဲ တစ်ပွဲသာ ကစားထားခဲ့လို့ ပွဲဆက် ပြတ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဓိက ကစားသမားတွေ ဖြစ်တဲ့ မားသီးယက်စ် ကလစ်ချ် ပွဲပယ်ထိထားပြီး မီလစ်ခ်၊ ဆဲလ်မွန်၊ ပီယာတက်ခ် တို့ ဒဏ်ရာရနေတာက ပိုလန်ကို ကျိန်းသေပေါက် အားနည်းစေပါလိမ့်မယ်။ အခုပွဲ မှာတော့ ပိုလန်တို့ ပုံမှန် ပွဲထွက်နေကျ ၃-၄-၂-၁ အခင်းအကျင်းနဲ့ပဲ မြင်တွေ့ရဖို့ ရှိပြီး ရောဘတ်လီဝမ်ဒေါစကီး ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဇီလင်းစကီး၊ မိုဒါ၊ ဇာကောစကီး၊ ကတ်ရှ်၊ ရီကာ၊ ဇာကောစကီး၊ ခရိုင်ချိုဝိတ်ခ်၊ ဂလစ်ခ်၊ ဘက်ဒ်နာရက်ခ်၊ ဘရက်စ်ဇင်စကီနဲ့၊ ရှက်ဇီနီ တို့ပဲ ပွဲထွက်လာဖို့ များနေပါတယ်။

ဆွီဒင်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဝေးကွင်း ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့သလို ပြိုင်ပွဲစုံ မှာလည်း နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှာဖွေနိုင်ခဲ့တာ တွေ့ရပါတယ်။
ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ ဆွီဒင်

ဆွီဒင်ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့တော့ အထွေအထူး ပြောစရာ မရှိပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာ ဇလာတန် အီဗရာဟီမိုဗစ် ပါဝင် ကစားနိုင်ခြင်း မရှိလို့ ဆွီဒင်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် အချိန်ပို မှာတော့ လူစားဝင် ကစားသမား ကွေဆင်က နောက်တစ်ဆင့် အတွက် အဖိုးတန် အနိုင်ဂိုး ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၂ ကြိမ် ကစားထားခဲ့တဲ့ ဆွီဒင်တို့ ၂၀၀၆ ခုနှစ် နောက်ပိုင်း ၂ ကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်ဖို့ ကျိန်းသေပေါက် အားစိုက်လာမှာ ဖြစ်ပါတယ်။ တစ်ချက် သတိထားရမှာက ဆွီဒင်ရဲ့ အဝေးကွင်း စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ဆွီဒင်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဝေးကွင်း ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့သလို ပြိုင်ပွဲစုံ မှာလည်း နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှာဖွေနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ အနေအထားအရတော့ ဆီမီးဖိုင်နယ်မှာ ချက်ကို အနိုင်ရထားလို့ စိတ်ဓာတ်ပိုင်း မြင့်မားနေသလို ဇလာတန် အီဗရာဟီမိုဗစ် ပါဝင်လာဖို့ ရှိနေလို့ ကစားသမား အင်အားအရလည်း ပိုလန်ထက် ပိုပြီး တောင့်တင်းနေတာ တွေ့ရပါတယ်။ ၄-၄-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာနိုင်ပြီး တိုက်စစ်မှာ ဇလာတန်နဲ့ အီဆက်ခ်ကို တွဲဖက်ကစားစေမယ့် သဘော ရှိပါတယ်။ ကွင်းလယ်မှာ အိုလ်ဆင်၊ အက်ဒဲလ်၊ ကူလူဆက်ဗ်စကီး၊ ဖော့စ်ဘက်ဂျ်၊ ခံစစ်မှာ ဒန်နီရဲလ်ဆင်၊ လင်ဒီလော့ဖ်၊ ခရက်ဖ်၊ ဘန်ဆန်၊ နီလ်ဆင်နဲ့ ဂိုးမှာတော့ ရော်ဘင် အိုလ်ဆင်ပဲ ပွဲထွက်လာဖို့ များနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာအရ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၂၈ ကြိမ်မှာ ဆွီဒင်တို့ ၁၅ ကြိမ် အနိုင်ရပြီး ပိုလန် ကတော့ ၈ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဆွီဒင်တို့ ၄ ကြိမ်အထိ အနိုင်ရခဲ့ပြီး ပိုလန် ကတော့ ၁၉၇၄ ခုနှစ်က နောက်ဆုံး တစ်ကြိမ် အနိုင်ရထားခဲ့ပါတယ်။ အနီးစပ်ဆုံး ပြီးခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု အဆင့် မှာတုန်းက နောက်ဆုံး အကြိမ် တွေ့ဆုံထားခဲ့ပြီး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သလို ဆွီဒင်တို့ ဖော့စ်ဘက်ဂျ်ရဲ့ ခြေစွမ်းပြမှုကြောင့် ၃-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် ပိုလန် အတွက် ၂.၄၂ ဆ၊ ဆွီဒင် အတွက် ၂.၉၉ ဆ၊ သရေ အတွက် ၃.၀၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ပိုလန် အတွက် အိမ်ကွင်း ဆိုတဲ့ အားသာချက် ရှိနေပေမယ့် ကစားသမား စုဖွဲ့မှု အရ ဆိုရင်တော့ ဆွီဒင်ရဲ့ တောင့်တင်းမှုကို ဘယ်လိုမှ ယှဉ်လို့ မရနိုင်ပါဘူး။ ဂိုးရဖို့ ရောဘတ်လီဝမ်ဒေါစကီး တစ်ဦးတည်းကို အားကိုးနေရတဲ့ ပိုလန်ထက် အီဆက်ခ်၊ ဇလာတန်၊ ဖော့စ်ဘက်ဂျ်၊ ကူလူဆက်ဗ်စကီး တို့လို အဆုံးသတ် ကောင်းတဲ့ ကစားသမားတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ဆွီဒင် ကိုပဲ ပိုပြီး သဘောကျနေပါတယ်။ ရေကုန်ရေခမ်း နွှဲကြရမယ့် ပွဲဖြစ်ပြီး အပြန်အလှန် သွင်းဂိုးတချို့ ရှိလာနိုင်ပါတယ်။ ဆွီဒင်တို့ မိနစ် ၉၀ အတွင်း ၁ ဂိုး အသာလောက်နဲ့ပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်