ဒီဇင်ဘာ ၁၄ ရက်နေ့ ညခင်း အထိ ရရှိထားသမျှ ကမ္ဘာ့ဖလားနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘရာဇီးလ် နည်းပြ ရာထူးကို ပယ်ချခဲ့တဲ့ ဂွါဒီယိုလာ
ဘရာဇီးလ် နည်းပြ တီတီဟာ ခရိုအေးရှားကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတဲ့နောက် နည်းပြ ရာထူးကနေ နှုတ်ထွက်သွားခဲ့သူ ဖြစ်ပါတယ်။
ဘရာဇီးလ် အသင်းဘက် ကတော့ ဂွါဒီယိုလာကို စိတ်ဝင်စားခဲ့ပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ဂွါဒီယိုလာ ကတော့ မန်စီးတီးမှာ ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့ကြောင်း၊ ဘရာဇီးလ် အနေနဲ့ ဂွါဒီယိုလာ အတွက် သဘောတူညီမှု ရရှိခဲ့ဖို့ ခက်ခဲခဲ့တယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။ အကြောင်းရင်း ကတော့ ဂွါဒီယိုလာက လက်ရှိအချိန်မှာ ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြ တစ်ဦး ဖြစ်နေတာကြောင့်လို့ ရော်နယ်ဒိုက ရှင်းပြသွားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရောက် လေးသင်းက စပိန်လောက် မကောင်းဘူး ဆိုတဲ့ အင်းနရစ်ခ်
စပိန် လက်ရွေးစင် အသင်း နည်းပြဟောင်း လူးဝစ် အင်းနရစ်ခ်က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီးနား၊ ခရိုအေးရှား၊ ပြင်သစ်နဲ့ မော်ရိုကိုတို့က စပိန်လောက် မကောင်းဘူးလို့ ဆိုလိုက်ပါတယ်။
စပိန်ဟာ မော်ရိုကိုနဲ့ (၁၆) သင်း အဆင့် ရှုံးထွက် ပွဲစဥ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ကနေ စောစောစီးစီး အိမ်ပြန်ခဲ့ရပါတယ်။ အင်းနရစ်ခ် ကလည်း အဆိုပါ ပွဲရလဒ်ကြောင့် ရာထူး ကနေ နှုတ်ထွက်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ အင်းနရစ်ခ်က စပိန် အသင်း အနေနဲ့ အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရသလို ခံစားရကြောင်း၊ လက်ရှိ စုဖွဲ့မှုက အရမ်းကောင်းပြီး ဆီမီးဖိုင်နယ်ရောက် ၄ သင်းက စပိန်လောက် မကောင်းကြောင်း ဖွင့်ဟသွားခဲ့တာပါ။
မော်ရင်ဟို ပေါ်တူဂီ နည်းပြ ဖြစ်လာဖို့ မျှော်လင့်နေတဲ့ ရော်နယ်ဒို
ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်က ထွက်ခဲ့ရတဲ့နောက် နည်းပြ ဖာနန်ဒို ဆန်းတို့စ်ရဲ့အနာဂတ်က လှုပ်ခတ်နေပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ကလည်း နည်းပြသစ် ရှာဖွေလျက် ရှိပါတယ်။
လက်ရှိအချိန်မှာတော့ ပေါ်တူဂီ ဟာ နိုင်ငံတူ နည်းပြ တစ်ယောက် ဖြစ်တဲ့ မော်ရင်ဟိုနဲ့ သတင်းထွက်နေတာ ဖြစ်ပြီး ရော်နယ်ဒို ကတော့ သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ ရှေ့ဆက်ဖို့ အတွက် မော်ရင်ဟိုက အရေးပါတဲ့သူ တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.