၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ မနေ့ကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် အခုချိန်ထိတော့ ပြိုင်ပွဲဝင် အသင်းတွေနဲ့ ကစားသမားတွေရဲ့ အောင်မြင်မှုတွေ၊ စံချိန် မှတ်တမ်းတွေနဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေ အကြောင်း ကတော့ ပြောလို့ကို မကုန်နိုင်သေးပါဘူး။
ဒီပြိုင်ပွဲမှာ ကျရှုံးခဲ့တဲ့ ကစားသမားတွေ တော်တော်များများ ရှိခဲ့သလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ကစားသမားတွေ ကလည်း တပုံတပင်ပါပဲ။ ဒီတော့ အဲ့ဒီအထဲ ကမှ ပြိုင်ဘက် အသင်းရဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေနဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ဂိုးသမားတွေ အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဟူဂို လိုရစ် (ပြင်သစ်)
ပြင်သစ်နဲ့ အတူ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ လိုရစ်ဟာ အသက်အရွယ် အားဖြင့် ၃၅ နှစ်ထဲကို ရောက်နေပေမယ့် လက်စွမ်း ကတော့ တည်ငြိမ်နေဆဲလို့ပဲ ပြောရပါမယ်။ ပြင်သစ် အတွက် ရှုံးထွက် အဆင့်တွေမှာ လက်စွမ်းပြခဲ့တဲ့ လိုရစ် တစ်ယောက် ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည် ကတော့ ဂုဏ်ငယ်စရာ မရှိခဲ့ပါဘူး။ အဆိုးဘက်က ပြန်ကြည့်ရင်တော့ ပြင်သစ်တို့ ဖိုင်နယ်အထိ တက်လှမ်းရာ လမ်းတစ်လျှောက်မှာ လိုရစ် အနေနဲ့ သူ့တာဝန်သူကျေခဲ့ပေမယ့် အရေးကြီးတဲ့ ပင်နယ်တီတွေကို မကာကွယ်နိုင်ခဲ့ပါဘူး။ မှတ်တမ်းတွေ အရ ဆိုရင် လိုရစ် ဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ပင်နယ်တီ ၉ ကြိမ် ဖမ်းခဲ့ရာမှာ ၁ ကြိမ်မှ အောင်မြင်စွာ ကာကွယ်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ဝေါ့ဇ် ဆက်ဇီနီ (ပိုလန်)
တချိန်က အာဆင်နယ် ဂိုးသမားဟောင်းနဲ့ လက်ရှိ ဂျူဗင်တပ်စ် ဂိုးသမား ဖြစ်သူ ဆက်ဇီနီ ကလည်း ဒီတစ်ကြိမ် ကမ္ဘာ့ဖလားမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ ကစားတဲ့ အုပ်စု ပွဲစဉ်မှာ လီယွန်နယ် မက်ဆီရဲ့ ပင်နယ်တီ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို ဆော်ဒီနဲ့ ပွဲမှာလည်း အဲလ်ဒေါ်ဆရီရဲ့ ပင်နယ်တီကို ထပ်မံ ကာကွယ်နိုင်ခဲ့ပါတယ်။ အကယ်၍ ဆက်ဇီနီသာ မကာကွယ်နိုင်ခဲ့ရင် ပိုလန်တို့ အုပ်စု အဆင့်နဲ့ပဲ ပြန်လစ်ရဖို့ သေချာသလောက်ပါပဲ။ ဒါပေမယ့်လည်း ပိုလန်တို့ ၁၆ သင်း အဆင့်မှာ ပြင်သစ်နဲ့ တွေ့ဆုံခဲ့လို့ အားမတန် မာန်လျော့ပြီး ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။
ယာရှင် ဘွန်နူ (မော်ရိုကို)
ဒီတစ်ကြိမ် ကမ္ဘာ့ဖလားရဲ့ ဂိုးပေါက်စောင့် သခင်ကြီး ၃ ပါးထဲက တစ်ပါး ဖြစ်တဲ့ ဘွန်နူ ကတော့ မော်ရိုကိုရဲ့ နောက်ဆုံး ခံစစ် စည်းရိုး တစ်ခု လို့လည်း ပြောလို့ ရပါတယ်။ ဆီမီးဖိုင်နယ် မရောက်ခင် အထိ OG တစ်လုံးကလွဲလို့ ဘယ်ပြိုင်ဘက်ကိုမှ ဂိုးမပေးခဲ့ရတဲ့အထိ ခံစစ်က ကျစ်လျစ် တောင့်တင်းခဲ့ပြီး ဘွန်နူရဲ့ လက်စွမ်းပြမှုတွေကြောင့်လည်း မော်ရိုကိုတို့ အမြင့်ဆုံး အောင်မြင်မှုကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘွန်နူဟာ ၁၆ သင်း အဆင့်မှာ စပိန် အသင်းရဲ့ ပင်နယ်တီ ၃ လုံး စလုံးကို ကာကွယ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း သူ့ရဲ့ လက်စွမ်းက ပေါ်တူဂီ အတွက် အိမ်မက်ဆိုး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အမ်ဘာပေး၊ ဂျရူး၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်း တို့နဲ့ စုဖွဲ့ထားတဲ့ ပြင်သစ် တိုက်စစ်နဲ့ အတွေ့မှာတော့ မာပါတယ်ဆိုတဲ့ ခံစစ် တံတိုင်းရော၊ နောက်ဆုံး စည်းရိုးပါ ကျိုးပျက်ခဲ့ရပြီး ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။ အဲ့နောက် တတိယနေရာလုပွဲမှာ ခရိုအေးရှားကို ထပ်ရှုံးပြီး မော်ရိုကိုတို့ စတုတ္ထဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘွန်နူတို့ အုပ်စု ကတော့ ကမ္ဘာ့ဖလား သမိုင်းမှာ ဆီမီးဖိုင်နယ် တက်တဲ့ ပထမဦးဆုံး အာရှ အသင်း အဖြစ် ဂုဏ်ယူဖွယ် မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။
ဒေါမနစ် လစ်ဗာကိုဗစ် (ခရိုအေးရှား)
သူကလည်း ဘွန်နူ လိုပဲ ပင်နယ်တီတွေကို တဘုန်းဘုန်း ပုတ်ခဲ့တဲ့ ပင်နယ်တီ စပယ်ရှယ်လစ် တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူက ဘွန်နူထက် နည်းနည်း ပိုကြမ်းတယ်လို့ ပြောလို့ ရပါတယ်။ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်မှာ ဂျပန်ရဲ့ ပင်နယ်တီ ၃ လုံးစလုံး ကာကွယ်နိုင်ခဲ့သလို ဘရာဇီးလ်နဲ့ ကွာတားဖိုင်နယ် မှာလည်း တစ်ကြိမ် ထပ်မံ ကာကွယ်နိုင်ခဲ့ပါသေးတယ်။ ပြောရရင်တော့ ပင်နယ်တီ ၄ လုံးဆက် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ထက် ပိုကြမ်းတာက ပွဲချိန်အတွင်း ဘရာဇီးလ်ရဲ့ ဂိုးပေါက်တည့် ကန်ချက် ၁၁ ကြိမ်ကို ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာကိုဗစ် တစ်ယောက် ဒီလို စွမ်းဆောင်နိုင်ခဲ့ပေမယ့် ရွှေလက်အိတ်ဆုတော့ မရခဲ့ပါဘူး။ တစ်ခုတော့ သေချာပေါက် ပြောလို့ ရပါတယ်။ လစ်ဗာကိုဗစ်သာ လက်စွမ်းမပြနိုင်ခဲ့ရင် ခရိုအေးရှားတို့ တတိယ မပြောနဲ့ ကွာတားဖိုင်နယ်တောင် ရောက်ဖို့ မသေချာပါဘူး။
အမ်မီ မာတီနက်ဇ် (အာဂျင်တီးနား)
မာတီနက်ဇ် အကြောင်း ကတော့ သိပ်တောင် ပြောဖို့ မလိုတော့ပါဘူး။ ဒီဂိုးသမားဟာ ၂၀၂၂ ကမ္ဘာ့ဖလား ရဲ့ အစောပိုင်း ပွဲစဉ်တွေမှာ အထင်ကရ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရခြင်း မရှိသလို လစ်ဗာကိုဗစ်နဲ့ ဘွန်နူ လောက်တောင် မထင်ပေါ်ခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်း အရေးကြီးတာ ဗိုလ်လုပွဲ မဟုတ်လား။ သာမန် ပွဲချိန် အတွင်းမှာ တစ်ဖက်က လိပ်နင်ဂျာ အမ်ဘာပေးရဲ့ ထိန်းမရတဲ့ ခြေစွမ်းကြောင့် မာတီနက်ဇ် အနေနဲ့ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပေမယ့် ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ကိုမန်ရဲ့ ပင်နယ်တီကို ကာကွယ်ပြီး အာဂျင်တီးနားကို ချန်ပီယံ ဖြစ်စေခဲ့ပါတယ်။ အာဂျင်တီးနား ကမ္ဘာ့ဖလား ရရှိခဲ့တာ အသင်းလိုက် စုစည်းမှု ကောင်းခဲ့သလို မက်ဆီရဲ့ ရုန်းအား တိုးအားနဲ့ တိကျတဲ့ အဆုံးသတ် ကန်သွင်းမှုတွေကလည်း ရာခိုင်နှုန်း တော်တာ်များများ အရေးပါခဲ့ပါတယ်။ ဒီကြားထဲ လုံးဝ မေ့ထားလို့ မရတဲ့ သူက ရွှေလက်အိတ်ဆုရှင်၊ တစ်ချိန်က ရွှေပင်နားခဲ့ဖူးတဲ့ ရွှေကျေးဟောင်း မာတီနက်ဇ် ဖြစ်ပါကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.