နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ အမှားခံလို့ မရတဲ့ ဂျပန် ကိုပဲ ကြိုက်တယ် | ဩစတြေးလျ – ဂျပန် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

ဩစတြေးလျ – ဂျပန်

မတ်လ ၂၄ ရက်နေ့ ညနေမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် အုပ်စု (B)ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဩစတြေးလျနဲ့ ဂျပန်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ နှစ်သင်းလုံးရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရေး အရေးပါတဲ့ ပွဲစဉ် ဖြစ်နေတာကြောင့်လည်း ကျိန်းသေပေါက် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေခဲ့တာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် အုပ်စု (B)ရဲ့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေတဲ့ ဩစတြေးလျ အတွက် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ တော်တော်လး အရေးကြီးနေတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ လက်ရှိ အုပ်စု အဆင့် ရပ်တည်မှု အရ ဩစတြေးလျတို့ ဒုတိယနေရာက ဂျပန်နဲ့ ၃ မှတ်သာ ကွာဟနေသလို ဂိုးကွာခြားချက် အရလည်း ၃ ဂိုး ပိုရထားပါတယ်။ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၃၇ နေရာမှာ ရှိနေတဲ့ ဩဇီတို့ အိမ်ကွင်း နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားခဲ့ဘူး ဆိုပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ မှာတော့ ဗီယက်နမ် တစ်သင်းတည်းကို ၄ ဂိုးပြတ် အနိုင်ရထားတာက လွဲရင် ကျန် ၄ ပွဲမှာ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ လက်ရှိ အနေအထားအရ ဆိုရင် ဂရေဟမ် အာနိုးလ်ရဲ့ အသင်းက ခြေစွမ်းပိုင်း အနည်းငယ် ယိမ်းယိုင်နေတယ်လို့ ဆိုနိုင်ပြီး နောက်ဆုံး ၅ ပွဲမှာ ဆိုရင် အိုမန်နဲ့ တရုတ်လို အားနည်းတဲ့ အသင်းတွေကိုတောင် သရေပဲ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကူးစက်ခံရမှုကြောင့် အဓိက ကစားသမားတွေ ဖြစ်တဲ့ ခရိတ်ဂျ် ဂွတ်ဝင်း၊ ဂျက်ဆန် အာဗင်း တို့ ပါဝင်ကစားဖို့ မသေချာသေးလို့ သူတို့ နှစ်ဦးနေရာမှာ ဘန်ဖိုလာမီနဲ့ ကန်နက် ဒူဂဲလ်တို့နဲ့ ဖြည့်တင်းထားရပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ဂိုးမှာ မတ်ရွိုင်ယန်၊ ကရာချစ်၊ စိန်းစ်ဘာရီ၊ မိုင်လို့စ်၊ ဘီဟစ်ချ်၊ ဂျက်ဂို၊ မတ်ကဲလ်ဖီ၊ ဘွိုင်လီ၊ ဟာရူစတစ်၊ ခရိတ်ဂျ် ဂွတ်ဝင်း၊ မက်ကလင်းန်တို့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဆောက်သမ်တမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရရှိခဲ့ပြီး အုစ်စု (B)ရဲ့ အဆင့် ၂ နေရာ အထိ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဂျပန်တို့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ အတွက် ဘယ်လိုနည်းနဲ့မှ အမှားခံမှာ မဟုတ်ပါဘူး။ အုပ်စု ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ အိုမန်နဲ့ ဆော်ဒီ အာရေဗျကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့လို့ စိုးရိမ်စရာ အခြေအနေတွေ ကြုံခဲ့ရပေမယ့် လက်တလော မှာတော့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ အတွက်ပဲ အားစိုက် ရတော့မှာ ဖြစ်ပါတယ်။ ဂျပန်တို့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲက ပေးဂိုး မရှိ အနိုင်ရရှိထားခဲ့ပြီး ဩစတြေးလျကို အနိုင်ရခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာပဲ ၁ ဂိုး ပြန်ပေးထားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေ အရ ဆိုရင် ဟာဂျီမီ မိုရီယာဆု ကိုင်တွယ်နေတဲ့ ဂျပန်တို့ အကောင်းဆုံး ခြေစွမ်း ပြန်ရနေပြီး ပြိုင်ဘက်တိုင်းကို အသာစီးနဲ့ ကစားဖို့ မခက်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။ လက်ရှိ ဂျပန် အသင်းဟာ ဘွန်ဒက်စ်လီဂါနဲ့ ဥရောပ အခြေစိုက် ကစားသမားတွေ စုဖွဲ့ထားပြီး အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ကစားချင်မှာ မဟုတ်တာကြောင့် ဂျပန်တို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထက်လာဖို့ ရှိပြီး တာကူမီ မီနာမီနို၊ အာဆာနို၊ အီတို၊ တာနာကာ၊ အန်ဒို၊ မိုရီတာ၊ နာဂါတိုမို၊ ယိုရှီဒါ၊ တာနီဂူချီ၊ ယာမာနဲ၊ ဂွန်ဒါတို့ပဲ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် အုပ်စု (B)ရဲ့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေတဲ့ ဩစတြေးလျ အတွက် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ တော်တော်လး အရေးကြီးနေတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ ဩစတြေးလျ

ပြိုင်ပွဲစုံ အရပ်ရပ် ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ်မှာ ဂျပန်တို့ ဩစတြေးလျကို ၅ ကြိမ်၊ ၃ ကြိမ် သရေကျပြီး လုံးဝ မရှုံးထားခဲ့ပါဘူး။ နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်မှာလည်း ဂျပန်တို့ ၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေ ကစားထားခဲ့ပေမယ့် ဩစတြေးလျ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၃ ပွဲမှာတော့ ဂျပန်တို့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက် သရေကျထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် ဩစတြေးလျ အတွက် ၂.၆၀ ဆ၊ ဂျပန် အတွက် ၂.၅၂ ဆ၊ သရေ အတွက် ၂.၉၄ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ပေါက်ကြေးအရတော့ သိပ်ပြီး ကွာဟမှု မရှိပါဘူး။ အာရှရဲ့ အသင်းကြီး နှစ်သင်း ဖြစ်လို့ ခြေစွမ်းပိုင်းအရလည်း ကွာဟချက် ကြီးမားဖို့တော့ မရှိပါဘူး။ ပထမအကျော့တုန်းက လိုပဲ အကြိတ်အနယ် ကစားပြီး ခြေစွမ်းနဲ့ စုဖွဲ့မှု အနည်းငယ် ပိုသာတဲ့ ဂျပန်တို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရသွားဖို့ များနေတဲ့ ပွဲဖြစ်ပါတယ်။


ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်