ပေါ်တူဂီ – မြောက်မက်ဆီဒိုးနီးယား
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဗိုလ်လုပွဲ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ပေါ်တူဂီတို့ မြောက်မက်ဆီဒိုးနီးယားကို ပေါ်တိုကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ယူရို ၂၀၂၀ ချန်ပီယံ အီတလီကို အံ့အားသင့်ဖွယ် ကျော်ဖြတ်လာနိုင်ခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီ ကို ထပ်မံ ကျော်ဖြတ်သွားနိုင်မှာလား။ ဒါမှမဟုတ် ရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီ ကပဲ ကာတာ သွားခွင့် လက်မှတ်ကို အလွယ်တကူ ရယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် အစပိုင်းမှာ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် ဆာဘီးယားနဲ့ နောက်ဆုံး ပွဲစဉ်မှာ ခြေချော်ခဲ့လို့ Play-Off ကစားနေရတဲ့ ပေါ်တူဂီတို့ အမှားထပ်လုပ်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ တူရကီနဲ့ Play-Off ဆီမီးဖိုင်နယ် ပွဲစဉ်တုန်းက ခြေစွမ်းကို ကြည့်ခြင်းအားဖြင့် ခရစ္စတီယာနို ရော်နယ်ဒို တို့ အုပ်စု ဘယ်လောက် အထိ ကမ္ဘာ့ဖလား ကစားချင်နေသလဲ ဆိုတာ သိသာပါတယ်။ ပေါ်တူဂီဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ခြေစစ်ပွဲ ၇ ကြိမ် အောင်မြင်ထားခဲ့ပြီး ၂၀၀၂ ခုနှစ် နောက်ပိုင်း ၅ ကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်ထားခဲ့ပါတယ်။ နောက်ပြီး အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ကစားသမား ဘဝက အနားမယူခင်မှာ နိုင်ငံ အသင်းနဲ့ ကမ္ဘာ့ဖလား ကစားချင်သေးတဲ့ သဘော ရှိတာကြောင့် ပေါ်တူဂီတို့ အခုပွဲကို အပြည့်အဝ အာရုံစိုက်လာပါလိမ့်မယ်။ မြောက်မက်ဆီဒိုးနီးယားဟာ ပေါ်တူဂီ အတွက် အားနည်းတဲ့ ပြိုင်ဘက် ဖြစ်နေပေမယ့် ရှေ့ပွဲတွေ မှာတုန်းက မထင်မှတ်ထားတာတွေ လုပ်ပြထားခဲ့တဲ့ အတွက်ကြောင့် ပေါ့ပေါ့ဆဆ မကစားကြဖို့ ရော်နယ်ဒို အနေနဲ့ သူ့အသင်းသားတွေကို သတိပေးပြီးလောက်ပါပြီ။ နည်းပြ ဖာနန်ဒို ဆန်းတို့စ် အနေနဲ့လည်း မြောက်မက်ဆီဒိုးနီးယားရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ နည်းဗျူဟာပိုင်း အပြောင်းအလဲ တချို့ ပြုလုပ်လာနိုင်ပြီး တိုက်စစ် မှာတော့ ရော်နယ်ဒို၊ ဂျိုတာနဲ့ အော့တာဗီယို တို့ကိုပဲ တွဲဖက် ကစားစေဦးမယ့် သဘော ရှိပါတယ်။ ရူဘင်ဒီးရာ့ဇ် မကစားနိုင်သေးပေမယ့် တိုက်စစ် အထိ လိုက်ပါကစားနိုင်တဲ့ ဂျာအို ကန်ဆယ်လို ပြန်လည် ပါဝင်လာဖို့ ရှိတာ ကလည်း ပေါ်တူဂီ အတွက် ဝမ်းသာစရာ ဖြစ်ပါတယ်။ တူရကီနဲ့ ပွဲမှာ အမှားများခဲ့တဲ့ ပရဲရား နေရာမှာ ဝါရင့် ခံစစ်မှူး ပီပီ ပွဲထွက်လာဖွယ် ရှိပြီး ဖွန်တေ၊ ဂွါရဲရိုး၊ ကွင်းလယ် မှာတော့ ဘာနာဒို ဆေးလ်ဗား၊ မော်တင်ဟိုနဲ့ ဘရူနို ဖာနန်ဒက်စ်ပဲ ပါဝင်လာဖို့ များနေပါတယ်။
အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ မြောက်မက်ဆီဒိုးနီးယားတို့ အီတလီနဲ့ ပွဲကထက် ပိုပြီး အားစိုက်လာပါလိမ့်မယ်။ ထုံးစံ အတိုင်း ခံစစ် အားပြုပြီး အပိုင်အခွင့်အရေး စောင့်ကစားဦးမယ့် သဘော ရှိပါတယ်။ အီတလီရဲ့ ဂိုးပေါက် ကန်ချက် ၃၂ ကြိမ်မှာ ၁ ဂိုးမှ မပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ရစ်စ်တော့ဗ်စကီး၊ ဗဲလ်ကော့ဗ်စကီး၊ မူစလီယူ၊ အယ်လီယော့စကီး တို့ရဲ့ ခံစစ် အနေနဲ့ ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ တိုက်စစ်ကို အမှားနည်းနည်းနဲ့ ထိန်းချုပ်နိုင်ဦးမလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။ နောက်တစ်ချက်က မြောက်မက်ဆီဒိုးနီးယားတို့ နောက်ဆုံး ကစားထားတဲ့ အဝေးကွင်း ၄ ပွဲဆက် ရှုံးပွဲ မရှိခဲ့တာ ဖြစ်ပါတယ်။ အခုပွဲ မှာလည်း မြောက်မက်ဆီဒိုးနီးယား နည်းပြ မီလက်ဗ်စကီး အနေနဲ့ ၄-၃-၂-၁ အခင်းအကျင်းကိုပဲ အသုံးပြုလာဖွယ် ရှိပြီး ထရာဂျော့ဗ်စကီး ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ရစ်တော့ဗ်စကီး၊ အဲလ်မက်စ်၊ ဘာဒီ၊ အယ်လီယော့စကီး၊ မူစလီယူ၊ ဒီမီထရစ်ဗ်စကီး တို့ကို ပွဲထွက်လူစာရင်းမှာ သေချာပေါက် မြင်တွေ့ရဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်သာ ရှိထားခဲ့ပြီး ပေါ်တူဂီတို့ မြောက်မက်ဆီဒိုးနီးယားကို ၁ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ခြေစမ်းပွဲ အဖြစ် နောက်ဆုံး ထိပ်တိုက် တွေ့ဆုံ ကစားထားခဲ့ပြီး ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ ပေါ်တူဂီ အတွက် ၁.၁၈ ဆ၊ မြောက်မက်ဆီဒိုးနီးယား အတွက် ၁၂.၀၀ ဆ၊ သရေ အတွက် ၆.၆၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ မြောက်မက်ဆီဒိုးနီးယားတို့ ပြီးခဲ့တဲ့ ပွဲမှာ မထင်မှတ်တာ လုပ်ပြခဲ့ပေမယ့် အခုရင်ဆိုင်ရမယ့် အသင်းက ပွဲတိုင်းကို စိတ်အားထက်သန်မှု အပြည့်နဲ့ ကျော်ဖြတ်နေတဲ့ ပေါ်တူဂီ ဖြစ်ပါတယ်။ အဘက်ဘက်က အသာရနေတဲ့ ပေါ်တူဂီတို့ မိနစ် ၉၀ အတွင်း သေချာပေါက် အနိုင်ကစားပါလိမ့်မယ်။ အကျိုးအမြတ် အတွက် ကတော့ ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ် ဂိုးမြူးဖို့ပဲ မျှော်လင့်ရမှာ ဖြစ်ပါတယ်။
ခန့်မှန်းရလဒ် (၃-၀)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.