နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အုပ်စု ပထမနေရာ အတွက် အားစိုက်လာမယ့် အိမ်ရှင်ကိုပဲ သဘောကျနေမိတယ် | တောင်ကိုရီးယား – အီရန် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

တောင်ကိုရီးယား – အီရန်

အခုတစ်ပတ်က စပြီး မတ်လကုန် အထိ ဥရောပ အမှတ်ပေး ပြိုင်ပွဲတွေ ရပ်နားထားမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲနဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လာမယ့် မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲမှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် အုပ်စု (A)ရဲ့ ပွဲစဉ် ၉ အဖြစ် တောင်ကိုရီးယားနဲ့ အီရန်တို့ ထိပ်တိုက်တွေ့ဆုံ ကစားကြဖို့ ရှိပါတယ်။ အုပ်စု ပထမနေရာ အတွက် အားပြိုင်ကြမယ့် ပွဲဖြစ်တာနဲ့ အညီ ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

တောင်ကိုရီးယားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် အုပ်စု (A)ရဲ့ အုပ်စု ဒုတိယနေရာမှာ ရှိနေပေမယ့် ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်ပါတယ်။ အုပ်စု တတိယနေရာက ယူအေအီးကို ၁၁ မှတ် အထိ ဖြတ်တောက်ထားနိုင်လို့ လက်ကျန် ပွဲစဉ် ၂ ပွဲစလုံး ဖိအားကင်းနေပေမယ့် အခု အီရန်နဲ့ ပွဲကတော့ အုပ်စုဗိုလ် ဖြစ်ရေး အတွက် အရေးပါနေပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ ဆိုရင်လည်း ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၂၉ နေရာမှာ ရှိနေတဲ့ တောင်ကိုရီးယားတို့ အကောင်းဆုံး ပုံစံ ပြန်ရတယ်လို့ ဆိုနိုင်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲ မရှိခဲ့တာ တွေ့ရပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြ ပေါလ်လို ဘင်တို ကိုင်တွယ်နေတဲ့ တောင်ကိုရီးယားတို့ ရှုံးပွဲ မရှိခဲ့တာ လာမယ့် ၂၅ ရက်နေ့ဆိုရင် တစ်နှစ်တောင် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ထဲကမှာ အီရတ်နဲ့ အီရန် ၂ သင်းကို သရေကျခဲ့ပြီး ကျန် ၁၁ ပွဲလုံး အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားတို့ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၆ ပွဲဆက် အနိုင်ရထားခဲ့သလို ရဂိုး ၂၁ ဂိုးအထိ ရထားခဲ့သလို ပေးဂိုး ကတော့ ၁ ဂိုးသာ ရှိထားခဲ့ပါတယ်။ လက်တလော အသင်းမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှု ပြသနာတွေ ရှိနေဆဲ ဖြစ်ပြီး ဂျန်ဝူယန်း၊ နာဆန်းဟို၊ ပတ်ဆန်းဟို တို့ လွဲချော်မယ်လို့ သိရပါတယ်။ ပွဲထွက်လူစာရင်း အရ ဆိုရင်တော့ ဂိုးမှာ ကင်မ် ဆောင်ဂျူး၊ ကင်မ်ယန်ဂွမ်၊ ဝန်ဒူဂျေး၊ ပတ်ခ် မင်ဂျူး၊ ကင်မ်ဂျင်ဆု၊ ကွမ်ချန်ဟွန်း၊ ဟွမ်ယူဂျို၊ ကင်မ်ဂျင်ဂျူး၊ ချိုဂူဆန်း၊ ဆောင်မင်ကျူ၊ ဆွန်ဟောင်မင် တို့ပဲ ပါဝင်လာဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
နော်ဝစ်မြို့
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

တောင်ကိုရီးယားလိုပဲ အီရန် ကလည်း အကောင်းဆုံး ပုံစံရနေတဲ့ အသင်း ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲလည်း အောင်မြင်ပြီးသား ဖြစ်ပါတယ်။ အာရှဇုန် ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (A)ကို ရှုံးပွဲ မရှိ ဦးဆောင်နေပြီး ၇ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ သရေကျထားတာ ကလည်း တောင်ကိုရီးယား ကိုသာ ဖြစ်ပြီး ကျန်ပွဲစဉ် အများစုမှာ ဂိုးပြတ်တွေချည်း အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ၈ ပွဲ ကစားပြီး တိုက်စစ်က ၁၃ ဂိုး ရရှိထားပြီး ခံစစ်က ၂ ဂိုးသာ ပြန်ပေးထားရတဲ့ အထိကို ခြေစွမ်း တည်ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၂၁ နေရာမှာ ရှိနေတဲ့ အီရန်တို့ အာရှရဲ့ အင်အားကြီး အသင်း တစ်သင်းပီပီ အုပ်စု ပထမနေရာနဲ့ နောက်တစ်ဆင့် တက်နိုင်ဖို့ ကြိုးစားလာမှာ သေချာပြီး နည်းပြချုပ် ဒရာဂန် ဆိုကိုချစ် အနေနဲ့ အကောင်းဆုံး လူစာရင်း ကိုပဲ ထုတ်သုံးလာဖို့ များပါတယ်။ ဒါပေမယ့် အခုပွဲ ကိုတော့ ဖီယင်နုက ဂျာဟန် ဘာကက်ရှ်နဲ့ ပေါ်တို့က မာဒီ တာရီမီတို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပြီး တိုက်စစ်မှာ လေဗာကူဆင် က အက်ဇ်မွန်ပဲ ဦးဆောင်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ် ကွင်းလယ်လူ ဂေါ်ဒို့စ်၊ ဒိုင်နမိုဇာဂရက်ဘ် ခံစစ်မှူး မိုဟာရာမီ တို့ လွဲချော်ဖို့ ရှိနေတာက ဆိုကိုချစ် အတွက်တော့ စိတ်ပျက်စရာ ပါပဲ။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် ထိပ်တိုက်တွေ့ဆုံမှု ၉ ကြိမ်မှာ တောင်ကိုရီးယားက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး အီရန် ကတော့ ၅ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ၃ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက် သရေ ကျထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် အုပ်စု ပထမအကျော့ ပွဲစဉ် အဖြစ် အီရန်ကွင်းမှာ ကစားခဲ့တဲ့ ပွဲမှာလည်း တစ်ဖက် ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် တောင်ကိုရီးယား အတွက် ၂.၀၃ ဆ၊ အီရန် အတွက် ၃.၃၀ ဆ၊ သရေ အတွက် ၃.၀၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ အာရှရဲ့ ထိပ်သီး အသင်းကြီးတွေ ဖြစ်ပြီး လက်ရှိ ခြေစွမ်းပိုင်းအရလည်း အကောင်းဆုံး ပုံစံရနေကြလို့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ နောက်ဆုံး ၃ ပွဲဆက် အနိုင်အရှုံး အဖြေ မပေါ်ခဲ့တဲ့ အထိ အကြိတ်အနယ် ရှိခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားတို့ အိမ်ကွင်း အားသာချက် ရှိနေသလို ကစားသမား စုဖွဲ့မှု အရလည်း အနည်းငယ် သာနေတာကြောင့် အခုပွဲ မှာတော့ အိမ်ရှင် ဘက်မှာပဲ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။ အစဉ်အလာ အရတော့ အပြန်အလှန် သွင်းဂိုးတွေ နည်းတတ်လို့ ဂိုးပေါင်းအောက် ကိုလည်း တွဲဖက်ရွေးချယ်ထားဖို့ အကြံပြုချင်ပါတယ်။


ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်