အီတလီ – မြောက်မက်ဆီဒိုးနီးယား
အားလုံး စောင့်မျှော်နေတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဆီမီးဖိုင်နယ် ပွဲစဉ်တွေ လာပါပြီ။ အနိုင်ရတဲ့ အသင်းဟာ တစ်ဖက်က ပေါ်တူဂီနဲ့ တူရကီ ပွဲက တက်လာမယ့် အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်လို့ မချောင်ပေမယ့် ဆီမီးဖိုင်နယ် အဆင့်ကို အရင်ဆုံး ကျော်ဖြတ်နိုင်ဖို့ အာရုံစိုက်ရမှာလည်း ဖြစ်ပါတယ်။
အီတလီ ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့တာနဲ့ မကျေနပ်လို့ ၂၀၂၂ ကမ္ဘာ့ဖလား မှာပါ ခြေစစ်ပွဲ အောင်မြင်ဖို့ ရုန်းကန်နေရပြန်ပါပြီ။ နည်းပြ မန်ချီနီနဲ့ အတူ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ အတူ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ထားတဲ့ အီတလီတို့ အဲ့ဒီ ပြိုင်ပွဲ အပြီး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ၄ ပွဲအထိ သရေကျခဲ့ပါတယ်။ နောက်ဆုံး နှစ်ပွဲမှာ ဆွစ်ဇာလန်နဲ့ မြောက်အိုင်ယာလန် တို့ကို သရေကျလိုက်ခြင်းက ဥရောပဇုန် အုပ်စု (C)ရဲ့ အုပ်စုဗိုလ် နေရာ ကနေပါ ဖယ်ပေးခဲ့ရပြီး ခက်ခဲတဲ့ Play-Off ပွဲစဉ်တွေ ကစားရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၄ ကြိမ် အထိ ရရှိထားတဲ့ အီတလီ တို့ ၁၉၅၈ ခုနှစ်မှာ တစ်ကြိမ် ၂၀၁၈ ခုနှစ်မှာ တစ်ကြိမ် ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ သမိုင်း ရှိခဲ့ပေမယ့် နှစ်ကြိမ်ဆက် ခြေစစ်ပွဲ မအောင်ခဲ့တဲ့ အစဉ်အလာ မရှိခဲ့ပါဘူး။ ဒါကြောင့် အီတလီ အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေးဟာ ဂုဏ်သိက္ခာအရပါ တော်တော်လေး အရေးပါနေတာကြောင့် ရော်ဘတ်တို မန်ချီနီတို့ အုပ်စု ကျိန်းသေပေါက် အားစိုက်လာမှာ သေချာပါတယ်။ ပြိုင်ဘက်က မြောက်မက်ဆီဒိုးနီးယား ဖြစ်နေလို့ ခြေစွမ်း ကွာဟချက် ရှိနိုင်ပေမယ့် မန်ချီနီ အနေနဲ့ အတောင့်တင်းဆုံး လူစာရင်းကိုပဲ ထုတ်သုံးလာဖွယ် ရှိပါတယ်။ လက်တလော အသင်းမှာ လိုကတ်တယ်လီ ကိုဗစ် ၁၉ ကူးစက်ခံထားရပြီး ဘိုနီချီနဲ့ ဒီလော်ရန်ဇို တို့လည်း အသီးသီး ဒဏ်ရာရနေကြပါတယ်။ ဒါကြောင့် ဘက်စတိုနီ၊ မန်ချီနီ၊ အီမာဆင်၊ ဖလော်ရန်ဇီ တို့ပါဝင်တဲ့ ခံစစ် အတွဲအဖက်ကို မြင်တွေ့ရဖွယ် ရှိပြီး ကွင်းလယ် မှာ ဘာရယ်လာ၊ ဂျော်ဂျင်ဟိုနဲ့ ဗာရက်တီ၊ တိုက်စစ် မှာတော့ ထုံးစံ အတိုင်း အင်မိုဘီလီ၊ ဘာရက်ဒီ၊ အင်ဆစ်ဂ်ညီတို့ပဲ ပွဲထွက်လာဖို့ များနေပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ပထမအဆင့် အုပ်စု (J)ရဲ့ ဒုတိယ နေရာက Play-Off ကစားခွင့် ရခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့ အီလီလို ဥရောပ ချန်ပီယံနဲ့ တွေ့ဆုံနေလို့ အိမ်မက်တွေက အရမ်းကို အလှမ်းဝေးကွာ လွန်းနေပါလိမ့်မယ်။ ဂျာမနီ၊ ရိုမေးနီးယား၊ အာမေးနီးယား၊ အိုက်စလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် ၁၀ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၃ ပွဲသရေကျပြီး ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ဒီအဆင့်ကို ထိုက်တန်တဲ့ ခြေစွမ်းနဲ့ တက်လှမ်းလာတယ်လို့ ပြောလို့ ရပါတယ်။ ခွဲထွက်နိုင်ငံ အဖြစ် သီးခြား ရပ်တည်ပြီးချိန်က စလို့ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲကို ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့သလို အဲ့ဒီ ပြိုင်ပွဲ အပြီး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၇ ပွဲမှာ မီလက်ဗ်စကီးရဲ့ အသင်းက ရှုံးပွဲ ၁ ပွဲသာ ရှိထားပါတယ်။ မြောက်မက်ဆီဒိုနီးယားမှာ လူသိများတဲ့ ကစားသမား ဆိုလို အယ်လီယော့စကီးနဲ့ အဲလ်မက်စ် တို့သာ ပါဝင်နေပေမယ့် အသင်းလိုက် စုဖွဲ့မှု အားကောင်းကောင်းနဲ့ ပြိုင်ဘက်တိုင်းကို မာမာထန်ထန် တုန့်ပြန်တတ်သလို ပွဲတိုင်းကို အမြင့်ဆုံး စိတ်ဓာတ်နဲ့ ကစားလေ့ ရှိတဲ့ အသင်း ဖြစ်ပါတယ်။ အခုလာမယ့် ပွဲမှာလည်း အီတလီကို ကျစ်လျစ်တဲ့ ခံစစ်နဲ့ ရင်ဆိုင်လာဖို့ ရှိပြီး မီလက်ဗ်စကီး အနေနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်းကိုပဲ ရွေးချယ် ပွဲထုတ်လာဖွယ် ရှိပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ထရာဂျ်ကော့ဗ်စကီး ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ အဒီမီ၊ ချာလီနော့ဗ်၊ အယ်လီယော့စကီး၊ ရစ်စတော့ဗ်စကီး၊ အဲလ်မက်စ်နဲ့ ဒီမီထရီယက်ဗ်စကီး တို့ပဲ ပါဝင်လာဖို့ များနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အီတလီတို့ မြောက်မက်ဆီဒိုးနီးယားကို ၁ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျထားခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး တစ်ဖက် ၁ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် အီတလီ အတွက် ၁.၁၉ ဆ၊ မြောက်မက်ဆီဒိုးနီးယား အတွက် ၁၁.၀၀ ဆ၊ သရေ အတွက် ၆.၈၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အဘက်ဘက်မှာ ကွာဟချက် ကြီးမားတဲ့ နှစ်သင်း ဖြစ်လို့ ပေါက်ကြေး ကွာဟချက် မြင့်မားနေတာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် မြောက်မက်ဆီဒိုးနီးယားဟာ အီတလီ အတွက် ပေါ့ဆလို့ မရတဲ့ အသင်းလို့ မြင်မိပါတယ်။ အီတလီတို့ အနိုင်ရရင်တောင် ပွဲချိန်ပြည့် ခက်ခက်ခဲခဲ ကစားရနိုင်ချေ ရှိပါတယ်။ အနိုင်သေချာတဲ့ အီတလီနဲ့ အတူ အကျိုးအမြတ် အတွက် ဆိုရင်တော့ ဂိုးပေါ် ၂.၅၀ နဲ့ လိုက်မှ အခြေအနေ ကောင်းနိုင်မယ့် သဘော ရှိပါတယ်။
ခန့်မှန်းရလဒ် (၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.