နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြတဲ့ အီဂျစ်၊ အဲလ်ဂျီးရီးယားနဲ့ တူနီးရှား (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲပြီးသုံးသပ်ချက်)

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာဖရိကဇုန် နောက်ဆုံး အဆင့် ပထမအကျော့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ အီဂျစ်၊ အဲလ်ဂျီးရီးယားနဲ့ တူနီးရှားတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပြီး ကျန်ပွဲစဉ်တွေ မှာတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဧည့်သည် အသင်း အများစု ရလဒ် ကောင်းခဲ့တာကြောင့် ဒုတိယအကျော့ ပွဲစဉ်တွေ ကတော့ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာတော့ မှာလည်း ဖြစ်ပါတယ်။


အီဂျစ် ၁-၀ ဆီနီဂေါ

အီဂျစ်တို့ ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲ အရှုံးကို အမြန်ဆုံး လက်စားပြန်ချေနိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး ပွဲမတိုင်ခင် ခြေဖဝါး ဒဏ်ရာကြောင့် လွဲချော်ဖွယ် ရှိနေတယ်လို့ သတင်းထွက်ခဲ့တဲ့ မိုဟာမက် ဆာလာလည်း အီဂျစ် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည် ဆီနီဂေါ ဘက်မှာလည်း ဆာဒီယို မာနေး၊ ဆား၊ ဂေးဟ်၊ ကိုယာတေး၊ ဒိုင်ယာလို၊ ကူလီဘာလီ၊ မန်ဒီတို့ ပါဝင်လာခဲ့ပါတယ်။

အသင်းကြီး နှစ်သင်း ဖြစ်လို့ ခြေစွမ်းပိုင်း ကွာဟချက် သိပ်မရှိခဲ့ပဲ အပြန်အလှန် ကစားခဲ့ကြပါတယ်။ ဆီနီဂေါတို့ ဘောလုံး ပိုင်ဆိုင်မှု၊ ပေးပို့မှု၊ ဂိုးပေါက် ကန်ချက်တွေမှာ အနည်းငယ် အသာရခဲ့ပေမယ့် အီဂျစ်တို့ ပွဲချိန် ၄ မိနစ်မှာ ရရှိခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ပဲ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး ကလည်း မိုဟာမက် ဆာလာရဲ့ ကန်ချက် ဘားတန်းထိပြီး ပြန်ထွက်လာတဲ့ ဘောလုံး ဆီနီဂေါ နောက်တန်းက ဆစ်နဲ့ ထိပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ နှစ်သင်းလုံး ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် အလုပ် မဖြစ်ခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အီဂျစ်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အားသာသွားခဲ့ပေမယ့် ဆီနီဂေါ ကလည်း ဒုတိယအကျော့ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်တာကြောင့် မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
လက်စတာ စီးတီး
1X2 လက်စတာ စီးတီး @ 5.40
မန်ချက်စတာ ယူနိုက်တက် အာရှ ဟန်းဒီးကပ် -1.00 @ 1.93
ဂိုးပေါ် 3.00 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကင်မရွန်း ၀-၁ အဲလ်ဂျီးရီးယား

ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ ကျရှုံးခဲ့တဲ့ အဲလ်ဂျီးရီးယားတို့ နိုင်ပွဲနဲ့ အတူ အမြန်ဆုံး ပြန်လည် ရုန်းထနိုင်ခဲ့တယ် လို့ပဲ ဆိုရပါမယ်။ ခြေစစ်ပွဲ အောင်မြင်ရေး အရေးကြီးတဲ့ ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အကောင်းဆုံး လူစာရင်းတွေနဲ့ ရင်ဆိုင်လာခဲ့ကြီး အိမ်ရှင် ကင်မရွန်း ဘက်မှာ အန်ဂစ်ဆာ ကလွဲရင် အဘူဘေကာ၊ ချူပိုမော့တင်း၊ အီကမ်ဘီ၊ အိုနာနာ တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ အဲလ်ဂျီးရီးယား ကလည်း အစ္စလမ် ဆလီမန်နီ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဘန်နာဆာ၊ မာရက်ဇ်၊ ဘယ်လိုင်လီ၊ မန်ဒီ တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ကင်မရွန်းတို့ အိမ်ရှင် အားသာချက်နဲ့ ပြိုင်ဘက်ကို ပွဲချိန်ပြည့် အဘက်ဘက်က အသာစီး ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၄၀ မှာ ဆလီမန်နီရဲ့ ၁ လုံးတည်းသော သွင်းဂိုးကြောင့် အဲလ်ဂျီးရီးယားကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ကင်မရွန်းတို့ လိုအပ်နေတဲ့ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် အဲလ်ဂျီးရီးယား နောက်တန်းရဲ့ အမှားအယွင်းမရှိ ဖျက်ထုတ် တားဆီးမှုတွေကြောင့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒုတိယအကျော့ ကျန်သေးပေမယ့် အဲလ်ဂျီးရီးယားရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်လို့ ကင်မရွန်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် ကတော့ အနည်းငယ် ဝေဝါးနေခဲ့ပြီလည်း ဖြစ်ပါတယ်။


အခြားပွဲရလဒ်များ

ကွန်ဂို ၁-၁ မော်ရိုကို

မာလီ ၀-၁ တူနီးရှား

ဂါနာ ၀-၀ နိုင်ဂျီးရီးယား

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်