ကင်မရွန်း – အဲလ်ဂျီးရီးယား
မနက်ဖြန်ည မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာဖရိကဇုန် နောက်ဆုံး အဆင့် ပထမ အကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ကင်မရွန်းနဲ့ အဲလ်ဂျီးရီးယားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကလည်း ထုံးစံအတိုင်း အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
အသင်းရဲ့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး အဆင့်ကို ၈ ကြိမ်မြောက် ရောက်ရှိလာခဲ့တဲ့ ကင်မရွန်း အတွက် အဲလ်ဂျီးရီးယားက အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာဦးမှာပါ။ အိုင်ဗရီကို့စ်၊ မာလာဝီ၊ မိုဇမ်ဘစ်ခ် တို့ပါဝင်တဲ့ အုပ်စုမှာ ၆ ပွဲကစား၊ ၅ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၁၅ မှတ် ရရှိခဲ့ပြီး နောက်တစ်ဆင့် အတွက် အိုင်ဗရီကို့စ်နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အုပ်စု နောက်ဆုံး ပွဲစဉ်ဟာ ကင်မရွန်း အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပြီး အိုင်ဗရီကို့စ်ကို ခက်ခက်ခဲခဲ ကစားခဲ့ပြီးမှ အီကမ်ဘီရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ဒီအဆင့်ကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလားမှာ ဒုတိယဆု ရရှိခဲ့တဲ့ ကင်မရွန်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး အဆင့် အကြိမ် အများဆုံး ကစားထားတဲ့ အသင်း ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား မှာတော့ ခြေစစ်ပွဲ အောင်မြင်ထားခြင်း မရှိပါဘူး။ လက်တလော ကင်မရွန်းတို့ အာဖရိကဖလား ပြိုင်ပွဲ အပြီး နည်းပြ ကွန်ဆီကာအို နေရာမှာ ရီဂိုဘတ် ဆောင်းကို အစားထိုး ခန့်အပ်ထားပါတယ်။ လူငယ် နည်းပြ ဖြစ်နေတဲ့ အတွက် အတွေ့အကြုံပိုင်း လိုအပ်ချက် ရှိနိုင်သလို အသင်းနဲ့ နည်းစနစ်ပိုင်း အလျင်အမြန် အံဝင်ဖို့တော့ ခက်ခဲနေဦးမယ့် သဘောရှိပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားခဲ့တဲ့ ကင်မရွန်း ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း ကတော့ လျှော့တွက်ထားလို့ မရပါဘူး။ အခုပွဲ မှာလည်း အသင်းခေါင်းဆောင် အဘူဘေကာပဲ တိုက်စစ်မှာ ဦးဆောင်လာဖို့ ရှိနေပြီး အန်ဂါမဲလူ၊ အန်ဂစ်ဆာ၊ အီကမ်ဘီ၊ ဖိုင်၊ ကတ်စတယ်လီတို၊ အိုနာနာ တို့နဲ့ပဲ အတောင့်တင်းဆုံး ပွဲထွက်လာဖို့ ရှိနေပါတယ်။
အဲလ်ဂျီးရီးယားတို့ ပြီးခဲ့တဲ့ အာဖရိကဖလားမှာ ရုပ်ပျက်ဆင်းပျက် ကျရှုံးခဲ့တာ ကနေ အမြန်ဆုံး ပြန်လည် ရုန်းထနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်။ ရီယက်ဒ် မာရက်ဇ်၊ ဆလီမန်နီ၊ ဘန်နာဆာ တို့လို နာမည်ကြီး ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့် ဆီရီယာလီယွန်၊ အီကွေတိုရီရယ် ဂီနီ၊ အိုင်ဗရီကို့စ် တို့ပါဝင်တဲ့ အုပ်စုမှာ နိုင်ပွဲ ၁ ပွဲတောင် မရပဲ အုပ်စု ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် အားလုံး ရှုံးပွဲ မရှိပဲ ဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး သမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အုပ်စု အဆင့်မှာ ဘာကီနာဖာဆိုနဲ့ နှစ်ကျော့စလုံး သရေကျခဲ့တာက လွဲရင် ကျန်ပွဲ အားလုံးမှာ ဂိုးပြတ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာလည်း အဲလ်ဂျီးရီးယားကို အကောင်းဆုံး စုဖွဲ့မှုနဲ့ ပြန်လည် မြင်တွေ့ရဖို့ ရှိပြီး တိုက်စစ်မှာ ဆလီမန်နီ၊ တောင်ပံ တွေမှာ မာရက်ဇ်နဲ့ ဘယ်လိုင်လီ၊ ကွင်းလယ်မှာ ဖက်ဂ်ဟိုလီ၊ ဇာရူကီနဲ့ ဘန်နာဆာ၊ ခံစစ်နဲ့ ဂိုး မှာတော့ မန်ဒီ၊ ဘန်ဆီဘိုင်နီ၊ ဘန်နာယာဒါ၊ အတ်တဲလ်၊ အမ်ဘိုလ်ဟီ တို့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ်မှာ ကင်မရွန်းတို့ ၁ ကြိမ်နိုင်ပြီး ၂ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဆင့်မှာ နောက်ဆုံး ၂ ကြိမ် တွေ့ဆုံထားခဲ့ပြီး ပထမအကျော့ အဲလ်ဂျီးရီးယား ကွင်းမှာ ၁-၁ ရလဒ် ထွက်ခဲ့ပြီး ဒုတိယအကျော့ ကင်မရွန်း အိမ်ကွင်း မှာတော့ အိမ်ရှင်တို့ ၂-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် ကင်မရွန်း အတွက် ၂.၂၅ ဆ၊ အဲလ်ဂျီးရီးယား အတွက် ၂.၉၄ ဆ၊ သရေ အတွက် ၂.၅၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အပြန်အလှန် ရှိလာနိုင်ပြီး ဖျော်ဖြေမှု ရသပေးနိုင်မယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ လက်ရှိ ခြေစွမ်းပိုင်းအရ သိပ်ပြီး ကွာဟမှု မရှိသလို အဆုံးသတ် ကောင်းတဲ့ တောင်ပံနဲ့ တိုက်စစ် ကစားသမား ကိုယ်စီ ပိုင်ဆိုင်ထားကြလို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဦးမှာပါ။ မဖြစ်မနေ ရွေးချယ်ပါ ဆိုရင်တော့ သရေ ရလဒ်ကိုပဲ အရဲစွန့် ရွေးချယ်ထားလိုက်ပါမယ်။
ခန့်မှန်းရလဒ် (၁-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.