နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခါးသီး ပြိုင်ဘက်ကို အရှက်တကွဲ ရှုံးနိမ့်လို့ နည်းပြ ဒိုရီဗယ်ကို ထုတ်ပယ်လိုက်တဲ့ ဘရာဇီးလ် | ကမ္ဘာ့ဖလား

ဘရာဇီးလ် လက်ရွေးစင် အသင်း ကတော့ ဒီတပတ် အစောပိုင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အာဂျင်တီးနားကို ၄-၁ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဒိုရီဗယ် ဂျူနီယာကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ 

အသက် ၆၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ်သားဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ ၁၆ ပွဲမှာ ဘရာဇီးလ်က ၇ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ကာ အနိုင်ရာခိုင်နှုန်း ကလည်း ၄၄ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၄ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၃ ပွဲ သ‌ရေ၊ ၅ ပွဲ ရှုံးပြီး တောင်အမေရိကဇုန် အုပ်စု အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ဒိုရီဗယ် ဂျူနီယာဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ပွဲဦးထွက် အဖြစ် အင်္ဂလန်နဲ့ ချစ်ကြည်ရေးပွဲကို အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်ခဲ့သူပါ။ ဒါပေမယ့်လည်း ဘရာဇီးလ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ခြေစစ်ပွဲမှာ ပါရာဂွေးကို ရှုံးနိမ့်ခဲ့သလို ခါးသီး ပြိုင်ဘက် အာဂျင်တီးနားကို ၄-၁ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် (CBF) က ဒိုရီဗယ် နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး လာမယ့် ကမ္ဘာ့ဖလား အတွက် နည်းပြကောင်း တစ်ဦးကို ရှာဖွေတော့မှာပါ။

ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၄ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၃ ပွဲ သ‌ရေ၊ ၅ ပွဲ ရှုံးပြီး တောင်အမေရိကဇုန် အုပ်စု အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အန်ဆယ်လော့တီကို နည်းပြ ရာထူး ခန့်အပ်ချင်နေတဲ့ ဘရာဇီးလ်

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က (CBF) က ‘နည်းပြ ဒိုရီဗယ် ဂျူနီယာ ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းကို တာဝန်ယူတော့မှာ မဟုတ်ပါဘူး။ ဘုတ်အဖွဲ့က သူ့ရဲ့ စွမ်းဆောင်ရည်တွေ အတွက် ကျေးဇူးတင်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှုမှာ ဆက်လက် အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ အခုအချိန်ကစပြီး CBF က နည်းပြ အစားထိုးဖို့ ရှာဖွေမှုတွေ လုပ်ဆောင်သွားမှာပါ။’ လို့ ထုတ်ပြန်ခဲ့တာပါ။

ဒိုရီဗယ်ဟာ ကစားသမား ဘဝမှာ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် တစ်ကြိမ် တစ်ခါမှ ကစားခဲ့ဖူးသူ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူဟာ နည်းပြ ဘဝ မှာတော့ ၂၀၂၂ ခုနှစ်မှာ ဖလာမင်ဂိုနဲ့ အတူ Copa Libertadores ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဘရာဇီးလ် လက်ရွေးစင် အသင်း နည်းပြ ရာထူးကို ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဘရာဇီးလ်ဟာ လာမယ့် နှစ်မှာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့ ပူးတွဲ ကျင်းပမယ့် ပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အောင်မြင်ဖို့ ခိုင်မာတဲ့ အခြေအနေမှာ ရှိနေပေမယ့် အာဂျင်တီးနားကို ဂိုးပြတ် ရှုံးပြီးနောက် နည်းပြ ဖြစ်သူရဲ့ အရည်အချင်းအပေါ် သံသယ ဖြစ်နေတာကြောင့် ထုတ်ပယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိမှာ ဘရာဇီးလ် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ နည်းပြ စာရင်း ထွက်ပေါ်လာပြီးတော့ အဲလ်ဟီလယ် နည်းပြ ဂျော့ဂ်ျ ဂျီးဆပ် ကတော့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း တခြားသော သတင်းတွေ အရတော့ ဘရာဇီးလ်ဟာ ဒိုရီဗယ်ကို မခန့်အပ်မှီက စိတ်ဝင်စားခဲ့ဖူးတဲ့ လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ ဆွေးနွေးဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်