နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး သွင်းဂိုး (၅) ဂိုး

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကတော့ စိတ်လှုပ်ရှားစရာ ကောင်းစွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပါပြီ။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ၊ ရင်ခုန်စရာ၊ အငြင်းပွားစရာ၊ ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ပြိုင်ပွဲ လို့လည်း ပြောလို့ ရပါတယ်။ အခု ဖော်ပြပေးချင်တာ ကတော့ ဒီ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး သွင်းဂိုးတွေ ဖြစ်ပါတယ်။


၁။ ဆလမ် အဲလ်ဒေါ်ဆရီ (အာဂျင်တီးနားနဲ့ ပွဲ)

ဆော်ဒီ ကစားသမားရဲ့ သွင်းဂိုးပါ။ အာဂျင်တီးနား အသင်းရဲ့ ဧရိယာထဲမှာ ပြိုင်ဘက် နောက်ခံလူတွေကို လှလှပပ လှည့်စားပြီးတော့ ကန်သွင်းခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။ အမြင့်ကနေ ကျလာတဲ့ ဘောလုံးကို တချက်ထိန်းပြီး အာဂျင်တီးနား ကစားသမား ၃ ဦးကြားကနေ လှည့်ထွက်ကာ ဂိုးသမား မာတီနက်ဇ်ရဲ့ ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းခဲ့တာပါ။ ဆော်ဒီတို့ အာဂျင်တီးနားကို သမိုင်းဝင် အနိုင်ယူခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။


၂။ ရစ်ချာလီဆင် (ဘရာဇီးလ် ၂-၀ ဆားဘီးယား)

ဒီနှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် တိုက်စစ်ကို ဦးဆောင်နိုင်မှု အပေါ် သံသယရှိသူတွေကို ရစ်ချာလီဆင်က အကောင်းဆုံး တုံ့ပြန်ပြသွားခဲ့တာ ဖြစ်ပြီး လှပတဲ့ ကန်သွင်းချက်၊ တိကျတဲ့ ကန်ချက်၊ ဘောလုံး စကေးလ် တွေကိုပါ ပြသခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံး သွင်းဂိုး စာရင်းဝင်ခဲ့တဲ့ ရစ်ချာလီဆင်ရဲ့ မြေမကျ တစ်ပတ်လှည့် ကန်ချက် သွင်းဂိုး

ဒီဂိုး ကလည်း တော်တော်လေး လှပါတယ်။ ဘယ်တောင်ပံက ဗင်နီစီးယပ်စ်ရဲ့ ပေးပို့မှုကို ဧရိယာထဲ ရောက်နေတဲ့ ရစ်ချာလီဆင်က ဘယ်ခြေနဲ့ တချက် ထိန်းပြီး ဘောလုံး မြင့်တက်နေချိန်မှာ ခန္ဓာကိုယ် တစ်ပတ် လှည့်ပြီး ကန်သွင်းယူခဲ့တာပါ။ ဒီနှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် တိုက်စစ်ကို ဦးဆောင်နိုင်မှု အပေါ် သံသယရှိသူတွေကို ရစ်ချာလီဆင်က အကောင်းဆုံး တုံ့ပြန်ပြသွားခဲ့တာ ဖြစ်ပြီး လှပတဲ့ ကန်သွင်းချက်၊ တိကျတဲ့ ကန်ချက်၊ ဘောလုံး စကေးလ် တွေကိုပါ ပြသခဲ့တာ ဖြစ်ပါတယ်။


၃။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား ၂-၀ မက္ကဆီကို)

မက်ဆီ ကတော့ မက်ဆီပါပဲ ဆိုတဲ့ အတိုင်း လုပ်ပြသွားခဲ့တာပါ။ အသင်းဖော်နဲ့ အတူ အပေးအယူ လုပ်ပြီးနောက် မက်ဆီက ဘောလုံး လက်ခံယူဖို့ အတွက် နေရာလွတ် ရှာပြီး အသင့်ပြင်ထားခဲ့ပါတယ်။ သူ့ဆီ ဘောလုံး ရောက်လာချိန် မှာတော့ တချက် ထိန်းပြီး ဧရိယာ အပြင်ဘက် ကနေပဲ ဘယ်ခြေနဲ့ ကန်သွင်းရယူခဲ့တာပါ။ သူ ကန်သွင်းနေကျ ပုံစံအတိုင်း ဖြစ်ပြီး မက္ကဆီကို ဂိုးသမားလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ သူ့ခြေထောက်ထဲ ဘောလုံး ရောက်ပြီး စက္ကန့် အနည်းငယ် အကြာမှာပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ နောက်ထပ် ပွဲစဉ်တွေမှာလည်း မက်ဆီ တစ်ယောက် တောက်လျောက် ခြေစွမ်းပြပြီး အာဂျင်တီးနား အသင်း ကလည်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 အာဆင်နယ် @ 1.51
ဂိုးပေါ် 2.50 @ 1.84
ဂိုးပေါင်း 2-3 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၄။ ကိုဒီ ဂတ်ခ်ပို (နယ်သာလန် ၁-၁ အီကွေဒေါ)

နယ်သာလန် တိုက်စစ်မှူးဟာ ပြိုင်ဘက် နောက်ခံလူတွေရဲ့ အမှားကို အခွင့်အရေး ယူခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန် ထိုးဖောက်လာမှုကို အီကွေဒေါတို့ ဟန့်တားနိုင်ခဲ့ပြီး ဘောလုံး ရယူခဲ့ပေမယ့်လည်း ခံစစ်ကို လူပြန်ပေးတဲ့ အမှားကနေ နယ်သာလန်က ဘောလုံး ပြန်ရသွားခဲ့ချိန်မှာ ဂက်ခ်ပိုက ဘယ်ခြေနဲ့ အပြင်း ကန်သွင်းခဲ့တာပါ။ အီကွေဒေါ ဂိုးသမား ညာဘက်ထောင့်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်သွားခဲ့ပြီး ဒီလို သွင်းဂိုးတွေကြောင့်လည်း ဂက်ခ်ပိုရဲ့ တန်ဖိုးက မြင့်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

၅။ ကက်စ်မဲရိုး (ဘရာဇီးလ် ၁-၀ ဆွစ်ဇာလန်) ဆွစ်ဇာလန်တို့ ဘရာဇီးလ် ဆီကနေ သရေ တစ်မှတ်ရဖို့ နီးစပ်ခဲ့တဲ့ အထိ ကစားနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ကက်စ်မဲရိုးရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်က ဆွစ်တို့ရဲ့ နှလုံးသားကို ထိုးစိုက်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူက အသင်းဖော်ရဲ့ လှပတဲ့ ပေးပို့မှုကို ဧရိယာ အတွင်းမှာ ခန္ဓာကိုယ် တခြမ်းစောင်းပြီး အားပါပါနဲ့ ဝေ့ဝိုက် ကန်သွင်းယူခဲ့ပြီး လှပတဲ့ သွင်းဂိုး အဖြစ် ပုံဖော်နိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်