ယနေ့မနက် အစောပိုင်းက ကစားသွားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကွန်ကာကပ်ဖ်ဇုန် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ မှာတော့ အမေရိကန်နဲ့ ကနေဒါတို့ ရှုံးပွဲတွေ့ခဲ့ပြီး မက်ဆီကိုနဲ့ ဂျမေကာ ကတော့ အိမ်ကွင်းမှာ နိုင်ပွဲ အသီးသီး ရရှိခဲ့ကြပါတယ်။ အမေရိကန်တို့ ရှုံးပွဲ တွေ့ခဲ့ပေမယ့် ကနေဒါ၊ မက္ကဆီကို တို့နဲ့ အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အမေရိကန်ကို အနိုင်ယူခဲ့တဲ့ ကော်စတာရီကာ ကလည်း Play-Off ကစားခွင့် ရရှိခဲ့ပါတယ်။
ကော်စတာရီကာ ၂-၀ အမေရိကန်
ပွဲမစခင် ကတည်းက အမေရိကန်တို့ ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေခဲ့ပြီး ကော်စတာရီကာ ကတော့ ၆ ဂိုးနဲ့ အထက် အနိုင်ရမှ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်သင်းလုံး အားစိုက်ခဲ့ကြပြီး ခြေစွမ်းပိုင်း အရ ဆိုရင် အမေရိကန်တို့ အဘက်ဘက်က အသာရခဲ့တယ် လို့တောင် ပြောလို့ ရပါတယ်။ ကော်စတာရီကာတို့ အမေရိကန်ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ တောက်လျောက် ပြုလုပ်နေတဲ့ ကြားက ရတဲ့ အခွင့်အရေးကို ရသလို ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်စတာရီကာ ဂိုးသမား ကေလာ နားဗက်စ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် အမေရိကန်တို့ အပိုင် အခွင့်အရေးတွေနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ကော်စတာရီကာ အတွက် ဂိုးတွေ ကိုတော့ ပွဲချိန် ၅၁ မိနစ်နဲ့ ၅၉ မိနစ် တို့မှာ ဗားဂတ်စ်နဲ့ အန်တိုနီ ကွန်ထရီးရက်စ် တို့က အမေရိကန် နောက်တန်းရဲ့ ပေါ့ဆမှု ကို အခွင့်ကောင်းယူပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ နှစ်သင်းစလုံး ဂိုးထပ်ရဖို့ အားထုတ်ခဲ့ပေမယ့် ၂-၀နဲ့ပဲ ပြီးဆုံးခဲ့ပြီး အမေရိကန်က ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ကော်စတာရီကာက Play-Off တစ်နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ကော်စတာရီကာတို့ Play-Off မှာတော့ သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မက္ကဆီကို ၂-၀ အယ်ဆဲလ်ဗဒေါ
အမေရိကန် လိုပဲ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေခဲ့တဲ့ မက္ကဆီကို တို့ အိမ်ကွင်းမှာ တောင့်တင်းတဲ့ ပွဲထွက်လူစာရင်းနဲ့ အယ်ဆဲလ်ဗဒေါ ကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ရာအူးလ် ဂျင်မီနက်ဇ်၊ ဗီဂါ၊ အန်တူနာ တို့ ဦးဆောင်တဲ့ တိုက်စစ်က တော်တော်လေး ခြေစွမ်းပြသွားခဲ့ပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၁၈ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ကတော့ ၆ ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မက္ကဆီကိုတို့ ပထမပိုင်းမှာ ရခဲ့တဲ့ သွင်းဂိုး ၂ ဂိုးထဲနဲ့ အယ်ဆဲလ်ဗဒေါကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကို အတွက် ပထမဂိုး ကိုတော့ ကားလို့စ် အန်တူနာက ပွဲချိန် ၁၇ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပွဲချိန် ၄၃ မိနစ် မှာတော့ အန်တူနာကြောင့် ပင်နယ်တီကို ရာအူးလ် ဂျင်မီနက်ဇ်က အသာအယာ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ မက္ကဆီကို တို့ ဂိုးထပ်ရဖို့ နီးစပ်ခဲ့ပေမယ့် ဂျင်မီနက်ဇ် ဖြန်းတီးခဲ့သလို ဗီဂါရဲ့ ဖရီးကစ် ကလည်း တိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲအပြီး မှာတော့ မက္ကဆီကို တို့ ရှုံးပွဲတွေ့ခဲ့တဲ့ အမေရိကန်ကို ကျော်ပြီး ကွန်ကာကပ်ဖ်ဇုန် အုပ်စု ဒုတိယ အဖြစ်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ မက္ကဆီကိုတို့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ၈ ကြိမ် ဆက်တိုက် အောင်မြင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ပနားမား ၁-၀ ကနေဒါ
ကနေဒါတို့ ကွန်ကာကပ်ဖ်ဇုန် အုပ်စု ထိပ်ဆုံး ကနေ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်သလို ပနားမား ကလည်း မျှော်လင့်ချက် မရှိတော့ပေမယ့် ဂုဏ်သိက္ခာအရ နှစ်သင်းလုံး ဖိဖိစီးစီး ကစားသွားခဲ့ကြပါတယ်။ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပေမယ့် ဒီနေ့ပွဲ မှာတော့ ကနေဒါတို့ ကစားကွက် သိသိသာသာ ပျက်ယွင်း နေခဲ့ပါတယ်။ ပနားမားတို့ ကနေဒါရဲ့ တိုက်စစ် လမ်းကြောင်းတွေကို တောက်လျောက် ပိတ်ဆို့ထားနိုင်တာကြောင့်လည်း ကွင်းလယ်က ဗျူကန်နန်၊ အက်စတာကွီယိုတို့ ဂျွန်နသန် ဒေးဗစ် ဆီကို ထိရောက်တဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာပဲ ပနားမားတို့ ဂိုးရခဲ့ပြီး တောင်ပံက ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂါဘရီရယ် တောရက်စ်က မြေမကျ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဂျွန်နသန် ဒေးဗစ် အပိုင်အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် ပနားမား ဂိုးသမား မိုက်ဟေးယာ ကာကွယ်နိုင်ခဲ့လို့ ကနေဒါတို့ ချေပဂိုးနဲ့ ဝေးခဲ့ရပြီး ပွဲအပြီးမှာတော့ ၁-၀ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။
အခြားပွဲရလဒ်များ
ဂျမေကာ ၂-၁ ဟွန်ဒူးရပ်စ်
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.