မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာဖရိကဇုန် နောက်ဆုံး အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ မှာတော့ ဆီနီဂေါ တို့ အီဂျစ်ကို မာနေးရဲ့ နောက်ဆုံး ပင်နယ်တီဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ကင်မရွန်း၊ ဂါနာ၊ မော်ရိုကိုနဲ့ တူနီးရှားတို့လည်း အသီးသီး ခြေစစ်ပွဲ အောင်မြင်သွားခဲ့ကြပါတယ်။
ဆီနီဂေါ ၁-၀ အီဂျစ်
(နှစ်ကျော့ပေါင်း ရလဒ် ၁-၁၊ ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၁ ရလဒ်နဲ့ ဆီနီဂေါ အနိုင်ရ) ပထမ အကျော့ အီဂျစ် အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ အရေးနိမ့်ထားခဲ့လို့ ဆီနီဂေါတို့ အားစိုက်လာခဲ့ပြီး စောစောစီးစီးပဲ ဂိုးရခဲ့ပါတယ်။ နှစ်သင်းလုံး အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့် ဆာဒီယို မာနေးရော မိုဟာမက်ဆာလာပါ ဘောလုံး ထိဖို့တောင် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဆီနီဂေါတို့ ပွဲအစ ၃ မိနစ်မှာ ချေပဂိုး ရရှိခဲ့ပြီး နောက်ပိုင်း အီဂျစ် ဘက်ကို အနည်းငယ် အသာစီးရခဲ့တာ ကလွဲရင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိခဲ့သလို အီဂျစ်ရဲ့ ကစားပုံ ကလည်း ထုံးစံ အတိုင်း စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဆီနီဂေါတို့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့် ကန်ချက် ၉ ကြိမ်မှာ သွင်းဂိုး ၁ ဂိုးသာ ရခဲ့သလို အီဂျစ် ကလည်း ဂိုးပေါက် တည့်ကန်ချက် ၁ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၉၀ ပြည့်ချိန်မှာ နှစ်ကျော့ပေါင်း ရလဒ် ၁-၁ ဖြစ်နေခဲ့လို့ အချိန်ပို ထပ်ကစားခဲ့ကြရပါတယ်။ အချိန်ပိုမှာလည်း နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာလည်း နှစ်သင်းလုံး ၂ လုံး ဆက်တိုက် လွဲချော်ခဲ့ပြီး မိုဟာမက် ဆာလာ ကလည်း မိုးပေါ် ထောင်ကန်ခဲ့ပါတယ်။ အီဂျစ်တို့ ၁ လုံးသာ ဝင်ခဲ့ပေမယ့် ဆီနီဂေါ ဘက်က ဆား၊ ဘမ်ဘာနဲ့ ဆာဒီယို မာနေးတို့ ၃ ဦးလုံး ဝင်အောင် ကန်နိုင်ခဲ့လို့ ပင်နယ်တီ ရလဒ် ၃-၁ နဲ့ ဆီနီဂေါ အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
နိုင်ဂျီးရီးယား ၁-၁ ဂါနာ
(နှစ်ကျော့ပေါင်းရလဒ် ၁-၁)
ဒီပွဲ ကလည်း ဆီနီဂေါနဲ့ အီဂျစ် ပွဲလိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပေမယ့်လည်း နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်းက စိတ်ပျက်စရာ ကောင်းခဲ့လို့ ဖျော်ဖြေမှု ရသမပေးနိုင်ခဲ့ပါဘူး။ ဂါနာ အတွက် အာဆင်နယ် ကွင်းလယ်လူ သောမက်စ် ပါတေးက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အိမ်ရှင်တို့ အတွက် ထရော့စ် အက်ကောင်းက ပင်နယ်တီနဲ့ ပြန်လည် ချေပပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိမ်ရှင် နိုင်ဂျီးရီးယားတို့ လိုအပ်နေတဲ့ ဂိုးတွေ ရဖို့ တစ်ဖက်သတ်နီးပါး ဖိကစားခဲ့ပေမယ့် ကျစ်လျစ်တဲ့ ဂါနာ ခံစစ် ကို မကျော်ဖြတ်နိုင်လို့ ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ နှစ်ကျော့ပေါင်း ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းနဲ့ ဂါနာတို့ ကမ္ဘာ့ဖလား ကစားခွင့်ရသွားခဲ့ပါတယ်။ ပွဲအပြီး မှာတော့ နိုင်ဂျီးရီးယား ပရိသတ်တွေ ကွင်းထဲ ပြေးဝင်ပြီး ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့်လည်း ရုပ်ဆိုး အကျဉ်းတန်တဲ့ ပွဲစဉ် ဖြစ်ခဲ့ရပါတယ်။
အဲလ်ဂျီးရီးယား ၁-၂ ကင်မရွန်
(နှစ်ကျော့ပေါင်း ရလဒ် ၂-၂)
ကင်မရွန်းတို့ ပထမအကျော့ အိမ်ကွင်းမှာ ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့လို့ အားစိုက်ခဲ့ပြီး အဲလ်ဂျီးရီးယား ကလည်း ထပ်ပြီး အသာရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ၂၂ မိနစ် မှာပဲ ချူပိုမော့တင်းက ကင်မရွန်း အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့လို့ နှစ်ကျော့ပေါင်း ရလဒ် ၁-၁ ဖြစ်သွားခဲ့ပြီး နှစ်သင်းလုံး အခွင့်အရေး ဆတူ ဖြစ်သွားခဲ့ပါတယ်။ အဲလ်ဂျီးရီးယားတို့ လိုအပ်နေတဲ့ ဂိုးတွေရဖို့ ကင်မရွန်း ဘက်ကို တစ်ဖက်သတ် ဖိကစားခဲ့ပြီး ဂိုးပေါက် ကန်ချက် ၂၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၁ ကြိမ် ရှိခဲ့ပေမယ့် မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ သွင်းဂိုးတွေ ရှာဖွေနိုင်ခြင်း မရှိခဲ့ပါဘူး။ အချိန်ပို မိနစ် ၃၀ ဆက် ကစားခဲ့ရပြီး ပွဲချိန် ၁၁၈ မိနစ် မှာ တူဘာက ဦးဆောင်ဂိုး သွင်းပေးခဲ့လို့ အဲလ်ဂျီးရီးယားတို့ ကာတာ သွားခွင့် လက်မှတ်နဲ့ လက်တစ်ကမ်း အကွာကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၁၂၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ အီကမ်ဘီက ကင်မရွန်း အတွက် အဖိုးတန် ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့လို့ အဲလ်ဂျီးရီးယားတို့ အသဲကွဲခဲ့ရပါတယ်။ နှစ်ကျော့ပေါင်း ရလဒ် ၂-၂ ဖြစ်ခဲ့ပေမယ့်လည်း အဝေးဂိုး စည်းမျဉ်းအရ ကင်မရွန်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ ရှေ့မှာ ကစားသွားတဲ့ အာဖရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ပျင်းရိစရာ ကောင်းခဲ့သလောက် ဒီပွဲ ကတော့ စိတ်လှုပ်ရှားစရာ အပြည့်အဝ ပေးနိုင်ခဲ့ပြီး ကင်မရွန်းတို့ အဲလ်ဂျီးရီးယား လက်ထဲ ရောက်ခါနီး ကာတာ သွားခွင့် လက်မှတ်ကို ဒရာမာဆန်ဆန် လုယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခြားပွဲရလဒ်များ
*မော်ရိုကို ၄-၁ ကွန်ဂို (နှစ်ကျော့ပေါင်း ရလဒ် ၅-၂)
*တူနီးရှား ၀-၀ မာလီ (နှစ်ကျော့ပေါင်း ရလဒ် ၁-၀)
(*) ပြထားသော အသင်းများသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားသော အသင်းများ ဖြစ်သည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.