နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စူပါလင်ဂတ် အစွမ်းနဲ့ လက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်း – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဝက်စ်ဟမ်း ၃ – ၂ လက်စတာစီးတီး

လူတကာ အချဉ်မှတ်ခဲ့တဲ့ စူပါလင်ဂတ် ကတော့ ဝက်စ်ဟမ်းကို ရောက်မှ ရှယ်သွင်းပလန်နဲ့ ဂိုးတွေ ဆက်တိုက် သွင်းပြနေပြီး အသင်းအတွက် ရလဒ်ကောင်းတွေလည်း ရှာဖွေပေးနေတာ တွေ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းတို့ လင်ဂတ်ရဲ့ ဦးဆောင်ဂိုး ၂ ဂိုး အပါအဝင် ၃-၂ ရလဒ်နဲ့ လက်စတာစီးတီးကို အနိုင်ယူပြီး ရမှတ်ကွာဟချက်လည်း လျှော့ချနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင် ကြိုးပမ်းနေတဲ့ အသင်း၂သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တာနဲ့အညီ ၂သင်းလုံးမှာ ဒဏ်ရာရ ကစားသမားတွေ ကလွဲရင် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပါတယ်။ ပွဲအစပိုင်း ကတည်းက နှစ်သင်းလုံး အပြန်အလှန် ဖိအားပေးကစားကြပြီး ခဲ့ပြီး အိမ်ရှင်တို့ လက်စတာ ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ တိုက်စစ် ကအန်တိုနီယို မပါဝင်နိုင်ခဲ့ပေမယ့်လည်း ဘိုဝင်နဲ့ လင်ဂတ်တို့ရဲ့ တွဲဖက်မှုက ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းရဲ့ အသက်ပါပဲ။ ပွဲချိန် ၂၈ မိနစ်မှာတင် ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ညာခြမ်းကနေ ကော်ဖလ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဧရိယာထိပ်လောက်ကနေ ဂျက်ဆီ လင်ဂတ်က လှလှပပ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ လက်စတာ ဟာ ဝက်စ်ဟမ်း ဘက်ကို ဖိအားပေးကစား ဖို့ ကြိုးပမ်းခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ မာကျောတဲ့ ခံစစ်ကို မကျော်နိုင်ခဲ့သလို တစ်ချက်တစ်ချက် အလစ်အငိုက်မှာ ပြန်ထွက်လာတာတဲ့ တန်ပြန်တိုက်စစ်ကို သတိထား တားဆီးနေခဲ့ရပါတယ်။ အဲ့နောက် ၄၃ မိနစ်မှာ ဘိုဝင်က ဂိုးသမား ကတ်စပါ ရှမိုက်ကယ် ရှေ့တက်နေတာကို အခွင့်ကောင်းယူပြီး အသင့်ပါလာတဲ့ လင်ဂတ်ကို မျှောပေးရာက လင်ဂတ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ဒုတိယ ဦးဆောင်ဂိုး ထပ်ရပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာပဲ လက်စတာစီးတီးတို့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ရာမှာ အမှားထပ်မံလုပ်မိခဲ့လို့ ဆူဆက်ခ်ရဲ့ ပေးပို့မှုကနေ ဘိုဝင်က အိမ်ရှင်အတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက ပွဲချိန် မိနစ် ၇၀ မှာ ကယ်လက်ချီ အီရန်နာချိုက ချေပဂိုးသွင်းပေးခဲ့ပြီး ရီကာဒိုပါရဲရားရဲ့ ကန်ချက်ကိုတော့ ဖေဘီယန်စကီး ကာကွယ်သွားခဲ့ပါတယ်။ နာကျင်အချိန်ပို မှာတော့ လက်စတာစီးတီးတို့ ဒုတိယချေပဂိုး ရရှိခဲ့ပြီး ဒီဂိုးကိုလည်း အီရန်နာချိုကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

လက်စတာစီးတီး တို့ ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဝက်စ်ဟမ်းကို ၁ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ လက်စတာစီးတီး

ဒီနေ့ပွဲမှာ ဝက်စ်ဟမ်း ဘက်က ဒီကလန်ရိုက်စ်နဲ့ အန်တိုနီယိုတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် လင်ဂတ်ရဲ့ လျင်မြန်သွက်လွက်မှုတွေ နေရာယူတတ်မှုတွေနဲ့ ဘိုဝင်နဲ့ အတွဲအဖက် ညီမှုတွေက ဝက်စ်ဟမ်းကို ထိုက်တန်တဲ့ အနိုင် ၃ မှတ် ရှာဖွေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဝက်စ်ဟမ်းဟာ ပထမပိုင်းမှာဆိုရင် ကြောက်စရာကောင်း သလောက် နောက်ပိုင်း ပွဲချိန် တွေမှာ ခြေပြန်ကျတတ်တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲတုန်းကလည်း ၃ ဂိုးသွင်းပြီးမှ ၃ ဂိုးပြန်ပေးခဲ့ရလို့ ၃ မှတ် အပြည့်မရခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ဂိုးပြန်ပေးရပေမယ့် အတတ်နိုင်ဆုံး အနိုင်ရလဒ်ကို ထိန်းကစားသွားနိုင်တာ ဖြစ်ပြီး လက်စတာတိုက်စစ်က ဗာဒီ ပုံမှန်ခြေစွမ်းအောက် ရောက်နေလို့လည်း အိမ်ရှင်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ ဂျိမ်းစ် မက်ဒီဆင်၊ ဟာဗေးဘန်းစ်တို့ မပါလာတဲ့ ကွင်းလယ်က ဖန်တီးမှု အပိုင်းမှာ လိုအပ်ချက် ရှိခဲ့တာ ဖြစ်ပြီး အီရန်နာချို ကတော့ သူ့ရဲ့ ပုံစံကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း အားလုံးရဲ့ စိတ်ဝင်စားမှု ခံခဲ့ရသူက ဂျက်ဆီလင်ဂတ်ပဲ ဖြစ်ပြီး လင်ဂတ် အနေနဲ့ ဝက်စ်ဟမ်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲကစားပြီး ၆ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာစီးတီး တို့ ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဝက်စ်ဟမ်းကို ၁ မှတ် အသာနဲ့ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဝက်စ်ဟမ်းတို့ လာမယ့် စနေနေ့မှာ နယူးကာဆယ် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ဆက်လက် ကစားဖို့ ရှိပြီး လက်စတာစီးတီး ကတော့ ဧပြီလ ၁၉ ရက်နေ့မှာ ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်