နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေတက်နေတဲ့ ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ် အကောင်းဆုံးတိုက်စစ်အတွဲနဲ့ မိတ်ဆက်ပေးမယ့် တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါး vs ဝက်စ်ဟမ်း

လာမယ့် အောက်တိုဘာလ ၁၈ရက်နေ့ ည ၁၀နာရီ အချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တော့တင်ဟမ် ဟော့စပါးနဲ့ ဝက်စ်ဟမ်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်လည်း ဖြစ်လို့ ထုံးစံအတိုင်း အကြိတ်အနယ်ရှိပြီး SBOTOP ပရီးမီးယားလိဂ် ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

‌မော်ရင်ဟို ကိုင်တွယ်နေတဲ့ တော့တင်ဟမ်ဟော့စပါးအသင်း ကတော့ ပြီးခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက် ကို အိုးထရက်ဖို့ဒ်မှာ ၁-၆ နဲ့ စံချိန်တင်အနိုင်ရရှိခဲ့လို့ ၂၀၂၀ ခုနှစ် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်မယ့်  အသင်းတစ်သင်းအဖြစ် သတ်မှတ်လာကြပါပြီ။  အဖွင့်ပွဲစဉ်မှာ အဲဗာတန်ကို ၀-၁ နဲ့ ကပ်ပြီး အရေးနိမ့်ပေမယ့် ဒုတိယပွဲစဉ်မှာတော့ ဆောက်သမ်တန်ကို ဆွန်ဟောင်မင်တစ်ဦးတည်းရဲ့ သွင်းဂိုး ၄ဂိုးအပါအဝင် ၂-၅ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ တတိယပွဲစဉ်မှာတော့ နယူးကာဆယ်ကို အိမ်ကွင်းမှာ တစ်ဖက် ၁ဂိုးစီနဲ့  သရေကျ ခဲ့ပါတယ်။ နောက်ဆုံးပွဲမှာတော့ မန်ချက်စတာယူနိုက်တက် ကို အန်ဒွန်ဘီလီ၊ ဆွန်ဟောင်မင်၊ ကိန်း၊ ဆာ့ဂျ် အော်ရီယာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ မော်ရင်ဟို ဦးဆောင်မှုနဲ့ ဒီရာသီမှာ စပါးတို့ အကောင်း ဆုံးပုံစံ ပြန်ရနေပြီး စိတ်ကြိုက်ခေါ်ယူခဲ့တဲ့ ဟော့ဂျ်ဘဂ်၊ ဒိုဟာတီ၊ ရက်ဂီလွန်၊ ဘဂျ်ဝင်း၊ ဆဲလ်ဆို တို့အပြင် ဆွန်နဲ့ ကိန်းရဲ့ ပြီးပြည့်စုံတဲ့ တွဲဖက်မှုကနေ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။ တောင်ကိုရီးယားသား ဆွန်ဟောင်မင်အနေနဲ့ ကစားသမားဘဝ အတောက်ပဆုံးအချိန်တွေကို ဖြတ်သန်း နေခဲ့ပြီး ပရီးမီးယားလိဂ် မှာ ၄ပွဲကစားပြီးချိန်မှာ ၆ဂိုးသွင်းပြီး ၁ဂိုးဖန်တီးထားခဲ့ပါတယ်။ အဂ်လန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာလည်း ၄ပွဲကစားပြီးချိန်မှာ ၃ဂိုးသွင်းပြီး ၆ဂိုး ဖန်တီးထားနိုင်ခဲ့လို့ နည်းပြမော်ရင်ဟိုအတွက်ကတော့ အားရကျေနပ်စရာပါ။ စပါးတို့ ပရီးမီယားလိဂ် အပြင် ယူရိုပါလိဂ်ပွဲစဉ်တွေမှာလည်း ဂိုးပြတ်နိုင်ပွဲတွေ ရရှိထားခဲ့ပါသေးတယ်။ စပါးတို့ လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီး အဲဗာတန်၊ အက်စတွန်ဗီလာတို့လိုပဲ ရဂိုး ၁၂ဂိုးရရှိထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၈ပွဲမှာ ရဂိုး ၂၅ ဂိုးအထိရှိထားလို့ လက်ရှိဥရောပရဲ့ ထိပ်သီးလိဂ် ၅ခုမှာ အဲဗာတန်ပြီးရင် ဒုတိယတိုက်စစ်အကောင်းဆုံး အသင်းလို့တောင် သတ်မှတ်နိုင်ပါတယ်။

ဝက်စ်ဟမ်း ကတော့ ၂၀၂၀ ပရီးမီးယားလိဂ် မှာ ၄ပွဲကစားပြီး ၂ပွဲနိုင်၊ ၂ပွဲရှုံးနဲ့ ရမှတ် ၆မှတ်ရရှိထား ပါတယ်။
ဝုဗ်ကို ၃ဂိုးပြတ်နဲ့အနိုင်ရပြီး ၂၀၂၀ခုနှစ် အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ရရှိခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ကတော့ ၂၀၂၀ ပရီးမီးယားလိဂ် မှာ ၄ပွဲကစားပြီး ၂ပွဲနိုင်၊ ၂ပွဲရှုံးနဲ့ ရမှတ် ၆မှတ်ရရှိထား ပါတယ်။ အဆင့် ၄နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ၁ မှတ်ပဲကွာဟပြီး အခုကစားရမယ့် အဝေးကွင်းပွဲစဉ်မှာ စပါးဆီကနေ အနည်းဆုံး သရေ ၁မှတ်ရရှိဖို့ အားထုတ်လာမှာပါ။ ဝက်စ်ဟမ်းတို့ အဖွင့်ပွဲစဉ်မှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ၂ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ဒုတိယပွဲမှာလည်း လန်ဒန်မြိုခံပြိုင်ဘက် အာဆင်နယ်ကို အဝေးကွင်းမှာ အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပေမယ့် ၂-၁ နဲ့ ထပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ် ၃ မှာတော့ ခြေစွမ်းမာကျောတဲ့ ဝုဗ်အသင်းကို လန်ဒန်ကွင်းမှာ လက်ခံကစားပြီး ၄ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီရာသီအတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဝက်စ်ဟမ်းတို့ကို အရင်နှစ်တွေနဲ့ မတူတဲ့ ပုံစံနဲ့ မြင်တွေ့ခဲ့ရပြီး နောက်ဆုံးပွဲမှာလည်း လက်စတာစီးတီးကို အဝေးကွင်းမှာ ၃ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ပွဲစဉ် ၃နဲ့ ၄ နှစ်ပွဲ စလုံးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ သီးခြားခွဲနေရတဲ့ နည်းပြ ဒေးဗစ်မိုရက်စ်က အိမ်ကနေ ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဝက်စ်ဟမ်း မှာတော့ ဒဏ်ရာရ ပွဲပယ် ကစားသမား သိပ်မရှိပေမယ့် ရိုင်ယန်ဖက်ဒရစ်ခ်၊ အာသာမက်ဆူအာကုတို့ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။ ဒါပေမယ့် အမာခံကစားသမား တော်တော် များများနဲ့ စပါးကို ရင်ဆိုင်ပြီး ရလဒ်ကောင်းရရှိဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရလို့ သီးခြားခွဲနေ ခဲ့ရတဲ့ နည်းပြ ဒေးဗစ် မိုရက်စ်ကိုလည်း အခုတစ်ပတ်မှာတော့ ဘောလုံးကွင်းဘေးမှာ ပြန်လည် မြင်တွေ့ရဖို့ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

‌တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်းတို့ ၂၀၁၀ခုနှစ် နောက်ပိုင်း ပြိုင်ပွဲစုံ ၂၁ ကြိမ်တွေ့ဆုံထားရာမှာ စပါးက ၁၀ပွဲနိုင်ပြီး ဝက်စ်ဟမ်းက ၈ပွဲနိုင်ထားခဲ့ပါတယ်။ သရေပွဲ ၃ပွဲပဲ ရှိထားလို့ တွေ့ဆုံမှုတိုင်းမှာ ပြတ်သားတဲ့ ရလဒ်ထွက်ပေါ်လေ့ရှိ တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက တွေ့ဆုံမှု ၂ကြိမ် မှာတော့ တော့တင်ဟမ်ဟော့စပါးက နှစ်ကျော့စလုံးအနိုင်ရထားပါတယ်။ ဝက်စ်ဟမ်း ကွင်းမှာ စပါးတို့ ၂-၃ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ တော့တင်ဟမ်ဟော့စပါး ဘောလုံးကွင်းကြီးမှာ လည်း အိမ်ရှင်စပါးတို့ ၂-၀ နဲ့ အောင်ပွဲခံထားခဲ့ပါတယ်။ လက်ရှိ‌ တော့တင်ဟမ်ဟော့စပါးမှာ လိုဆလ်ဆို နဲ့ အဲရစ်ခ် ဒိုင်ယာတို့ နှစ်ဦးပဲ ဒဏ်ရာရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
တော့တင်ဟမ် ဟော့စပါး vs ဝက်စ်ဟမ်း ယူနိုက်တက် 1X2 တော့တင်ဟမ် ဟော့စပါး @ 1.58
အောက်တိုဘာလ ၁၈ ရက်, ည ၁၀:၀၀နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၁.၆၀ဆ ဧည့်သည်ဘက်က ၅.၀၀ ဆနဲ့ သရေအတွက် ၄.၁၀ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိတော့တင်ဟမ်ဟော့စပါးရဲ့ ခြေစွမ်းအရ ပရီးမီယားလိဂ်ရဲ့ အန္တရာယ်အများဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး တိုက်စစ်က ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း တိုက်စစ်အတွဲဟာ ပြိုင်ဘက် နောက်တန်းကို ဘယ်လောင်အထိ ခြိမ်းခြောက်ပြီး ထိုးဖောက်နိုင်သလဲဆိုတာ အိုးထရက်ဖိုဒ့် ဂိုးပြတ်နိုင်ပွဲ က သက်သေပြထားပါတယ်။ ဝက်စ်ဟမ်းတို့ ခြေစွမ်းပြန်တည်ငြိမ်နေပြီး ပြီးခဲ့တဲ့ပွဲမှာ လက်စတာစီးတီးကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတယ်ဆိုပေမယ့် မော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးကိုပဲ ပိုပြီးယုံကြည်ပါ တယ်။ စပါးတို့ အိမ်ကွင်းမှာ နောက်ထပ်နိုင်ပွဲတစ်ပွဲ ကျိန်းသေပေါက်ရရှိသွားမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်