နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်းမှာ ဗီလာရီးရဲယ်တို့ ကပ်နိုင်သွားပါလိမ့်မယ် – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဗီလာရီးရဲယ် vs လီဗန်တေး

အခုတစ်ပတ်မှာ ကစားမယ့် လာလီဂါ ပွဲစဉ်တွေထဲက ဗီလာရီးရဲယ်နဲ့ လီဗန်တေးတို့ရဲ့ ပွဲစဉ်ကို SBOTOP လာလီဂါ ပရိသတ်တွေ အတွက်ပွဲကြို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ လက်ရှိ လာလီဂါမှာ ခြေစွမ်းပြန်ကျလာတဲ့ ဗီလာရီးရဲယ်တို့ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ လီဗန်တေးနဲ့ တွေ့ဆုံနေလို့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ရဖို့ ရှိနေပါတယ်။

ဗီလာရီးရဲယ်တို့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဆီဗီလာ ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။ ခြေစွမ်းပိုင်း အဆိုးကြီး မဟုတ်ပေမယ့် ကစားအားကောင်းတဲ့ ဆီဗီလာကို အဝေးကွင်းမှာ ဘယ်လိုမှ ခံမကစားနိုင်ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အူနိုင်းအန်မေရီကိုင်တွယ်နေတဲ့ ဗီလာရီးရဲယ်တို့ ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားပေမယ့် နိုင်ပွဲရဖို့ထက် သရေရလဒ်တွေသာ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး လက်ရှိ လာလီဂါ ရဲ့ သရေအများဆုံးကျထားတဲ့ အသင်းဖြစ်သလို သရေ ၈ ပွဲအထိ ရှိထားပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အက်တလက်တီကို မက်ဒရစ်ပြီးရင် ရှုံးပွဲအနည်းဆုံး အသင်း ဖြစ်ပါတယ်။ ဗီလာရီးရဲယ်တို့ ဒီရာသီမှာ ဘာစီလိုနာနဲ့ ဆီဗီလာ ၂ သင်းတည်းကို ရှုံးနိမ့်ထားပြီး နိုင်ပွဲ ၆ ပွဲ၊ သရေပွဲ ၈ ပွဲရှိထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲပဲ ရှုံးနိမ့်ထားပါတယ်။ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၈ ပွဲကစားရမှာ ၄ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ရှုံးပွဲတော့ လုံးဝမရှိတာ တွေ့ရပါတယ်။ ဒီပွဲမှာတော့ တိုက်စစ်က ဂျရတ်မိုရီနိုကို စောင့်ကြည့်သွားရပါမယ်။

လီဗန်တေးကတော့ နောက်ပိုင်းကစားတဲ့ လာလီဂါပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်တာ တွေ့ရပါတယ်။
နောက်ပိုင်းကစားတဲ့ လာလီဂါပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက်ပြန်ကောင်းနေတဲ့ လီဗန်တေး

လီဗန်တေးကတော့ နောက်ပိုင်းကစားတဲ့ လာလီဂါ ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်တာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၅ ပွဲမှာ ဘာစီလိုနာ တစ်သင်းတည်းကို ရှုံးနိမ့်ထားတာ တွေ့ရပြီး ဂီတာဖေးကို ၃-၀၊ ရီးရဲယ်ဆိုစီဒက်ကို ၂-၁၊ ရီးရဲယ်ဘက်တစ်ကို ၄-၃ တို့နဲ့ အနိုင်ရပြီး အက်စ်ဒီဟျူးစကားကို ၁-၁ နဲ့ သရေကျထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘက်တစ်နဲ့ ကစားခဲ့တဲ့ ပွဲမှာဆိုရင် တိုက်စစ်က တော်တော်လေး ထက်မြတ်ခဲ့တာ တွေ့ရပြီး လီဗန်တေးတို့ရဲ့ ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ လီဗန်တေးဟာ နှစ်စဉ် နှစ်တိုင်းလာလီဂါမှာ အသင်းကြီးတွေနဲ့ တွေ့ရင် ဒုက္ခပေးတတ်တဲ့ အသင်းဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ ရှိပေမယ့် ဒီရာသီမှာတော့ ရီးရဲယ်မက်ဒရစ်၊ ဆီဗီလာ၊ ဗလင်စီယာတို့လို အသင်းတွေကိုတော့ ရှုံးနိမ့်ထားပါတယ်။ လက်ရှိလာလီဂါမှာ ၁၅ ပွဲကစား၊ ၄ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားပြီး အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၈ ပွဲကစားရာမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲသရေကျကာ ၄ ပွဲရှုံးနိမ့်ထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဗီလာရီးရဲယ်နဲ့ လီဗန်တေးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၉ ကြိမ်မှာ ဗီလာရီးရဲယ် တို့ အပြတ်အသတ် အသာရပြီး ၁၈ ကြိမ် အထိ အနိုင်ရထားပါတယ်။ လီဗန်တေးကတော့ ၇ ပွဲပဲ အနိုင်ရအောင် အားထုတ်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ၂-၁ ရလဒ်နဲ့ တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဗီလာရီးယဲလ် vs လီဗန်တေး 1X2 ဗီလာရီးယဲလ် @ 1.67
ဇန်နဝါရီလ ၂ ရက်, ည ၇:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၆၅ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၅၀ ဆ ကြေးဖွင့်ပြီး သရေ အတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဗီလာရီးရဲယ်တို့ မာမာထန်ထန် ကစားတတ်တဲ့ အသင်းတွေနဲ့ တွေ့ရင် တိုက်စစ်က ဂိုးရဖို့ ရုန်းကန်ရလေ့ရှိပြီး နိုင်ပွဲမရပဲ သရေလောက်နဲ့ပဲ ကျေနပ်နေခဲ့ရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု တွေအရ ဗီလာရီးရဲယ် အသာရခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းတွေ့ဆုံမှုတွေမှာတော့ အပြန်အလှန် ရှိခဲ့တာတွေ့ရပါတယ်။ ဗီလာရီးရဲယ်တို့ လက်ရှိ အဆင့် ၅ နေရာမှာ ရပ်တည်နေပေမယ့် အခုပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် အခုထက် ပိုပြီး အဆင့် ကျဆင်းသွားနိုင်လို့ အာရုံစိုက်ကစားလာမယ့် သဘောမှာ ရှိနေပါတယ်။ ဗီလာရီးရဲယ်တို့ ၂-၁ လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်