နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲကို ၁၃ ကြိမ်မြောက် တက်ရောက်ခွင့် ရခဲ့တဲ့ အမေရိကန်

ကာတာ ၀ – ၁ အမေရိကန်

(ဇာဒက်စ် ၈၆ မိနစ်)

ဒီကနေ့ မနက် အစောပိုင်း ကွန်ကာကပ်ဖ် ရွှေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ ဇာဒက်စ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အမေရိကန်တို့ အနိုင်ရပြီး ဗိုလ်လုပွဲကို ၂၂ ကြိမ်မြောက် တက်လှမ်းသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လက်ရှိ ဖီဖာ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် ၂၀ နေရာမှာ ရှိနေတဲ့ အမေရိကန်တို့ ၁၃ ပွဲဆက်တိုက် အိမ်ကွင်း နိုင်ပွဲ ရရှိခဲ့ပြီး ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲ အဆင့်ကို ၁၃ ကြိမ်မြောက် အဖြစ် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂယာဆီ ဇာဒက်စ်ရဲ့ ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးအပြင် ဧည့်သည် ကာတာ အသင်းရဲ့ ကွင်းလယ်လူ ဟက်ဆန် အဲလ် ဟိုင်ဒေါ့စ်ရဲ့ ပွဲချိန် ၆၁ မိနစ်မှာ လွဲချော်ခဲ့တဲ့ ပင်နယ်တီ ကလည်း ဒီပွဲရဲ့ အဖြေဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ နည်းပြ ဘာဟော့လ်တာရဲ့ ဒုတိယပိုင်း လူစားပြောင်းလဲမှု တချို့ဟာ မှန်ကန်ခဲ့ပြီး ဇာဒက်စ်နဲ့ ဂျီယိုအက်ခီနီ တို့ကို ဝင်ရောက် ကစားစေခဲ့တာက အမေရိကန်တို့ အတွက် တော်တော်လေး အလုပ်ဖြစ်စေခဲ့တာ တွေ့ရပါတယ်။  ဒီကစားသမား နှစ်ဦးရဲ့ တွဲလုံးတွေ ကနေပဲ ကာတာ ခံစစ်ကို အကောင်းဆုံး ခြိမ်းခြောက် နိုင်ခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာ ဂျီယိုအက်ခီနီရဲ့ လိမ်ခေါက်ပြီး ပေးပို့ခဲ့တဲ့ ဘောလုံးကို ဇာဒက်စ် က ပြေးဝင် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့်ပဲ အမေရိကန်တို့ လာမယ့် တနင်္လာနေ့ မြန်မာ စံတော်ချိန် မနက် ၈ နာရီမှာ မက္ကဆီကိုနဲ့ ကစားရမယ့် ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲကို ၁၃ ကြိမ်မြောက် တက်လှမ်း သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွန်ကာကပ်ဖ် ရွှေဖလားမှာ ဧည့်သည် အဖြစ် လာရောက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာတာ အသင်း အနေနဲ့ အုပ်စု အဖွင့် ပွဲစဉ်မှာ ပနားမား တစ်သင်းတည်းကို သရေကျခဲ့ကာ ဂရန်နာဒါ၊ ဟွန်ဒူးရပ်စ်၊ အဲလ် ဆာဗေးဒိုး အသင်းတွေကို အနိုင်ကန်ပြီး ဒီအဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့ ခြေစွမ်း‌တွေ ပိုင်ဆိုင်နေတဲ့ ကာတာတို့ အခုပွဲမှာလည်း အမေရိကန်ကို အခက်တွေ့စေခဲ့ပြီး ဒီခြေစွမ်း အတိုင်းသာ ဆိုရင် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ပြိုင်ဘက်တွေ သတိထားရမယ့် အသင်းလို့တောင် ပြောရတော့မှာ ဖြစ်ပါတယ်။ အခုပွဲမှာ ကာတာ တောင်ပံက အဘ်ဒူလာဇစ် ဟာတမ်ရဲ့ ကန်ချက် ၂ ကြိမ်ကို အမေရိကန် ဂိုးသမား တန်နာ ကာကွယ်နိုင်ခဲ့တာနဲ့ ပွဲချိန် ၆၁ မိနစ်မှာ ဟိုင်ဒေါ့စ်ရဲ့ ပင်နယ်တီ ကန်ချက် ဂိုးဘားတန်း ပေါ်က ကျော်သွားလို့သာ အမေရိကန် တို့ သက်သာရာ ရခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ကာတာ ကတော့ လာမယ့် စက်တင်ဘာလက စပြီး ၂၀၂၂ ကမ္ဘာ့ဖလား ကြိုတင်ပြင်ဆင်မှုတွေ အဖြစ် ဆာဘီးယား၊ ပေါ်တူဂီ၊ လူဇင်ဘတ်၊ အိုင်ယာလန်၊ အဇာဘိုင်ဂျန် တို့လို အသင်းတွေနဲ့ ခြေစမ်းပွဲတွေ တောက်လျောက် ကစားဖို့ ရှိနေပါတယ်။ အမေရိကန် ကတော့ ကွန်ကာကပ်ဖ်ဇုန် ၂၀၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်