နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရပ်တန့်လို့ မရတဲ့ လင်ဂတ်နဲ့ ဝက်စ်ဟမ်းရဲ့ အဖိုးတန် အနိုင် ၃ မှတ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၂ – ၃ ဝက်စ်ဟမ်း

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ နောက်ကျပွဲစဉ် တစ်ပွဲမှာတော့ ဝက်စ်ဟမ်းတို့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ကို အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရပြီး အဖိုးတန် ၃ မှတ်ရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ တိုက်စစ်က ဂျက်ဆီလင်ဂတ်ရဲ့ တောက်ပမှုကို ထပ်မံမြင်တွေ့ခဲ့ရပြီး အခုနိုင်ပွဲကြောင့် ဝက်စ်ဟမ်းတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
 

 
ဝုဗ်တို့ ဒီနေ့ပွဲမှာ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဂျိုဆေး၊ ကွင်းလယ်မှာ ပက်ဒရိုနီတို၊ ပိုဒန့်စ်၊ ထရာအိုရေး၊ ဒန်ဒွန်ကာ၊ နားဗက်စ်၊ နောက်တန်းမှာ ဆီမီဒို၊ ကိုနာကိုဒီ၊ ဆာအိစ်၊ နူရီ၊ ပက်ထရီစီယို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဝက်စ်ဟမ်း ဘက်မှာတော့ အန်တိုနီယိုကို တိုက်စစ်မှာ အထောင်ထားပြီး ဂျက်ဆီလင်ဂတ်၊ ဆိုဆက်ခ်၊ နိုဘယ်၊ ဖော်နယ်စ်၊ ခရက်စ်ဝဲလ်၊ ဒေါဆန် တို့လို အဓိကကစားသမားတွေ ပါဝင်လာပါတယ်။ ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းရဲ့ တိုက်စစ်က တော်တော်လေး အားရစရာ ကောင်းခဲ့ပြီး ပထမပိုင်း ၃၈ မိနစ်မှာတင် ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာတင် ဗလာဒီမာ ကော်ဖယ်ရဲ့ ပံ့ပိုးပေးမှုကနေ ဂျက်ဆီလင်ဂတ်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၁၄ မိနစ်မှာ မက်ဆူအာကာရဲ့ ပေးပို့မှုကနေ ဖော်နယ်က ဒုတိယဂိုးနဲ့ ၃၈ မိနစ်မှာ ဂျက်ဆီလင်ဂတ်ရဲ့ ပေးပို့မှုကနေ ဂျရော့ဒ် ဘိုဝင် က တတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာတော့ ဝုဗ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး အဒမ်မာထရာအိုရေး ရဲ့ ပံ့ပိုးပေးမှုကနေ ဒန်ဒွန်ကာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပိုဒန့်စ်အစား ဖေဘီယိုဆေးလ်ဗား ဝင်လာခဲ့ပြီး ဝုဗ်တို့ တိုက်စစ်က ပိုမိုထက်မြတ်လာခဲ့တာ တွေ့ရပါတယ်။ ၆၈ မိနစ်မှာတော့ ပက်ဒရိုနီတိုရဲ့ အကွက်မြင်မြင်ထိုးပေးတဲ့ ဘောလုံးကို ဖေဘီယို ဆေးလ်ဗားက အကောင်းဆုံး အဆုံးသတ်ပေးခဲ့လို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဝုဗ်တို့ ချေပဂိုး ၂ ဂိုး ရခဲ့ပေမယ့် လက်ကျန်မိနစ်တွေမှာ ချေပဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ ခြင်း မရှိလို့ ၂-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ဝုဗ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပြီး ဝက်စ်ဟမ်းကတော့ အဆင့် ၄ နေရာအထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဝုဗ်

 

ပွဲပြီးသုံးသပ်ချက်

ပွဲပြီးအချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့  ဝုဗ်တို့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှုကတော့ ၅ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ကတော့ တစ်ပွဲလုံးအတိုင်းအတာနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၉ ကြိမ်သာ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၆ ကြိမ် ရှိခဲ့ပြီး သွင်းဂိုး ၃ ဂိုး ရရှိခဲ့ပါတယ်။ ဝုဗ်တို့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဝက်စ်ဟမ်းအပေါ်မှာ အသာရခဲ့ပေမယ့် ဒီနှစ် ပရီးမီးယားလိဂ် မှာတော့ ၂ ကျော့စလုံး ရှုံးနိမ့်ခဲ့ပါပြီ။ ဒီပွဲအပြီးမှာ ဝုဗ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပြီး ဝက်စ်ဟမ်းကတော့ အဆင့် ၄ နေရာအထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အထူးချီးကျူးရမှာကတော့ ဝက်စ်ဟမ်း တိုက်စစ်မှူး ဂျက်ဆီလင်ဂတ် ဖြစ်ပါတယ်။ လင်ဂတ် အနေနဲ့ ဝက်စ်ဟမ်းကို ရောက်ရှိပြီးကတည်းက တောက်လျောက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်မှာ ၈ ပွဲကစားပြီး ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဝုဗ်တို့ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ကစားဖို့ ရှိပြီး ဝက်စ်ဟမ်းကတော့ လက်စတာစီးတီးနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်