နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်မြေမှာ သက်တောင့်သက်သာ ကစားပြီး ဂိုးပြတ်အနိုင်ရတဲ့ ယူနိုက်တက် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

ဂရန်နာဒါ ၀ – ၂ မန်ချက်စတာယူနိုက်တက်

ယူရိုပါလိဂ် ကွာတားဖိုင်နယ် နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ ဂရန်နာဒါကို အဝေးကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ တခြား ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ပွဲချောင်နေတဲ့ ယူနိုက်တက်တို့ စပိန် ကလပ်ကို  သက်တောင့်သက်သာ ကစားပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အဝေးကွင်းမှာ ရလဒ်ကောင်းဖို့ ပုံမှန် ပွဲထွက်လူစာရင်းကိုပဲ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ မက်တော်မီနေးနဲ့ ပေါ့ဘာကို တွဲပေးခဲ့သလို ဂိုးသမားနေရာမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဒါးဗစ်ဒက်ဟဲယား ကို ပွဲထွက်စေခဲ့ပါတယ်။ ဂရန်နာဒါ ဘက်မှာတော့ တစ်ချိန်က နာမည်ကြီး တိုက်စစ်မှူး ဆိုလ်ဒါဒို ဦးဆောင်ပြီး ကနေဒီ၊ မွန်တိုရို၊ ဒူရာတေး၊ ဗယ်လီဂျို တို့လို အဓိက ကစားသမားတွေနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိူက်တက် တို့ ပွဲချိန် တော်တော်များများကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး ကတော့ မိနစ် ၃၀ အကြာမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ခံလူ လင်ဒီအော့ဖ်ရဲ့ တိကျတဲ့  ကန်တင်ပေးပို့ကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်က တစ်ချက်ထိန်းပြီး ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အကောင်းဆုံး ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်း အိမ်ရှင် ဂရန်နာဒါ အနေနဲ့ ယူနိုက်တက် ဂိုးပေါက်ကို အဝေးကန်ချက်တွေနဲ့ ခြိမ်းခြောက်ခဲ့ပြီး ကနေဒီရဲ့ ကန်ချက် အတော်များများကို ဂိုးသမား ဒါးဗစ် ဒက်ဟဲယား လက်စွမ်းပြ ကာကွယ်ခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ရပါတယ်။ ပွဲကစားချိန် ၈၈ မိနစ် အရောက်မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဇ် ကို ပင်နယ်တီ ဧရိယာထဲမှာ ဂရန်နာဒါ လူစားဝင် ကွင်းလယ်လူ အီတီကီ ကစားပုံ ကြမ်းတမ်းခဲ့လို့ ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရပြန်ပါတယ်။ ပင်နယ်တီ ပြစ်ဒဏ်ဘော ကိုတော့ ဘရူနိုဖာနန်ဒက်ဇ် ကိုယ်တိုင်ပဲ အမှားအယွင်းမရှိ ကန်သွင်းနိုင်ပေးခဲ့ပြီး ယူနိုက်တက်တို့ ၀-၂ ရလဒ်နဲ့ ယူရိုပါလိဂ် အဝေးကွင်း နိုင်ပွဲ ရရှိခဲ့ပါတယ်။

ပင်နယ်တီ ပြစ်ဒဏ်ဘော ကိုတော့ ဘရူနိုဖာနန်ဒက်ဇ် ကိုယ်တိုင်ပဲ အမှားအယွင်းမရှိ ကန်သွင်းနိုင်ပေးခဲ့ပြီး ယူနိုက်တက်တို့ ၀-၂ ရလဒ်နဲ့ ယူရိုပါလိဂ် အဝေးကွင်း နိုင်ပွဲ ရရှိခဲ့ပါတယ်။
ယူနိုက်တက်အတွက် ကန်သွင်းပေးခဲ့တဲ့ ပင်နယ်တီ အကြိမ် ၂၀ မှာ သွင်းဂိုး ၁၉ ဂိုး အထိ ရရှိခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

ပွဲပြီးသုံးသပ်ချက်

ယူနိုက်တက်တို့ ဒီနေ့ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် လွယ်ကူတဲ့ ပွဲတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ ဂရန်နာဒါ တို့ရဲ့ အဆုံးသတ်အပိုင်း အားနည်းမှုတွေနဲ့ ဒက်ဟဲယားရဲ့ ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူး နေရာမှာ ကစားတဲ့ မေဆင်ဂရင်းဝုဒ် ခြေသိပ်မပေါ်ခဲ့သလို တောင်ပံက ဒန်ဂျိမ်းစ် အနေနဲ့လည်း ဂရန်နာဒါရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်တို့ လာမယ့် ရက်မှာ စပါးနဲ့ ပရီးမီးယားလိဂ် ကစားဖို့ရှိလို့ အဓိက ကစားသမား ၄ ဦးအထိ ဒုတိယပိုင်းမှာ လူစားလဲခဲ့ပါတယ်။ အဝါကတ်ထိခဲ့တဲ့ မက်ဂွိုင်းယား၊ လုခ်ရှော၊ တော်မီနေး တို့ ကတော့ လာမယ့် ယူရိုပါလိဂ် ဒုတိယအကျော့မှာ ပါဝင်ကစားခွင့် ရမှာ မဟုတ်ပါဘူး။

 

လာမယ့်ပွဲစဉ်များ

ဂရန်နာဒါတို့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ ရီးရဲယ် ဗယ်လာဒိုးလစ်နဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ရှိပြီး ယူနိုက်တက် ကတော့ နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးကို အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်