နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖာနန်ဒက်စ် ခြေစွမ်းပြမှုနဲ့အတူ အဝေးကွင်းဂိုးပြတ်နိုင်ပွဲရတဲ့ ယူနိုက်တက် – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

ရီးရဲဆိုစီဒက်စ် ၀ – ၄ မန်ချက်စတာယူနိုက်တက်

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ ရီးရဲယ်ဆိုစီဒက်စ်ကို ၀-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ ဒုတိယအကျော့ မကစားခင်မှာပဲ ယူရိုပါလိဂ် မှာ နောက်တစ်ဆင့် တက်ဖို့ ရာခိုင်နှုန်းများသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဆိုးလ်ရှားရဲ့ အသင်းက မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူး နေရာမှာထားပြီး ဒန်ဂျိမ်းစ်၊ ဖာနန်ဒက်စ်၊ မေဆင်ဂရင်းဝုဒ်တို့နဲ့ ဝန်းရံစေခဲ့သလို ကွင်းလယ်မှာ ဖရက်ဒ်၊ မက်တော်မီနေး၊ နောက်တန်းမှာ အဲလက်စ်တဲလက်စ်၊ မက်ဂွိုင်းယား၊ ဘိုင်ယီ၊ ဝမ်ဘစ်ဆာခါ၊ ဒင်းန် ဟန်ဒါဆင်တို့နဲ့ ပွဲထွက်လာပါတယ်။ အိမ်ရှင် ဆိုစီဒက်စ် ဘက်မှာတော့ ယာနူဇက်၊ အိုင်ဆက်ခ်၊ အိုရာဇာဘယ်၊ ဒါးဗစ်ဆေးလ်ဗား၊ အီရာရာမန်ဒီ၊ မာရီနို၊ ဇယ်ဒူအာ၊ နော်မဒ်၊ ဇူဘယ်ဒီရာ၊ မွန်ရီရယ်၊ ရီမီယို တို့နဲ့ ယူနိုက်တက်ကို ရင်ဆိုင်လာခဲ့ပါတယ်။ ရီးရဲယ်ဆိုစီဒက်စ်တို့ အိမ်ကွင်း အားသာချက်ကြောင့် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့တာက လွဲရင် အဘက်ဘက်က မယှဉ်နိုင်ခဲ့ပဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဆိုစီဒက်စ်တို့ အစောပိုင်း ပွဲကစားချိန် ခဏလောက်ပဲ မန်ချက်စတာယူနိုက်တက် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီးနောက်ပိုင်း ဆိုစီဒက်စ်တို့ ယူနိုက်တက်ရဲ့ ထိုးဖောက်မှုကို အလူးအလဲခံခဲ့ရပြီး ပထမပိုင်း အပြီးမှာ ၀-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက် တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ၅၇ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က ဒန်နီရယ်ဂျိမ်းစ်ရဲ့ ပံ့ပိုးပေးမှုက တစ်ဆင့် ဒုတိယဂိုး၊ ၆၅ မိနစ်မှာ ဖရက်ဒ်ရဲ့ ဖန်တီးပေးပို့မှုကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်က တတိယဂိုးနဲ့ ပွဲပြီးခါနီးမှာ ဒန်ဂျိမ်းစ်က စတုတ္ထဂိုးတို့ကို သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ၀-၄ ရလဒ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ အဝေးကွင်းနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဆိုစီဒက်စ်တို့ရဲ့ ဒီရာသီ ယူရိုပါလိဂ် မျှော်လင့်ချက်ကတော့ ဒီအဆင့်မှာတင်ပဲ အဆုံးသတ်ဖို့ များသွားခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ရီးရဲယ်ဆိုစီဒက်စ်

အခုပွဲ ရလဒ်ကို ကြည့်ခြင်းအားဖြင့် ဘယ်အသင်းနောက်တစ်ဆင့်ကို တက်ရောက်သွားမလဲဆိုတာ သိသာနေပါပြီ။ ဘရူနိုဖာနန်ဒက်စ် အနေနဲ့ မန်ချက်စတာယူနိုက်တက် အတွက် ဘယ်လောက်အထိ တန်ဖိုးရှိတယ်ဆိုတာ နောက်ထပ် သက်သေပြနိုင်ခဲ့တဲ့ ပွဲဖြစ်ခဲ့ပြီး ဒီပုံနဲ့သာဆိုရင် ယူနိုက်တက်တို့ ဗိုလ်လုပွဲတက်ဖို့ ခက်ခဲနိုင်မယ် မထင်ပါဘူး။ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာ ဒဏ်ရာရနေပေမယ့် ဖရက်ဒ်-တော်မီနေး အတွဲက တော်တော်လေး အလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့လည်း ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီး ဆာဘော်ဘီချာလ်တန် နောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ အဂ်လန်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဆိုစီဒက်စ်တို့ရဲ့ ဒီရာသီ ယူရိုပါလိဂ် မျှော်လင့်ချက်ကတော့ ဒီအဆင့်မှာတင်ပဲ အဆုံးသတ်ဖို့ များသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက် တို့ လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ်ယူနိုက်တက်နဲ့ ကစားဖို့ ရှိနေပြီး ရီးရဲယ်ဆိုစီဒက်စ်ကတော့ အလာဗက်စ်နဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်