နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရိသတ်တွေကို စိတ်ဒုက္ခမျိုးစုံ ပေးပြီးမှ အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်သွားတဲ့ ယူနိုက်တက်

ကိုဗင်ထရီစတီး ၃-၃ မန်ချက်စတာယူနိုက်တက် (ပင်နယ်တီမှာ ၂-၄နဲ့ ယူနိုက်တက် အနိုင်ရပြီး ဗိုလ်လုပွဲတက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မှာတော့ ယူနိုက်တက်က ချန်ပီယံရှစ် ကလပ် ကိုဗင်ထရီနဲ့ အကြိတ်အနယ် ကစားပြီးမှ အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ နိုင်ပွဲနဲ့ အတူ အက်ဖ်အေဖလား ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်း စုတ်ပြတ်သတ်နေတဲ့ ခြေစွမ်းနဲ့ အသင်းရဲ့ ပရိသတ်တွေကို စိတ်ကင်ဆာတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ အသင်းငယ်လေးနဲ့ ကစားရပေမယ့် လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး အိုနာနာ၊ ဒါးလော့တ်၊ ကက်စမဲရိုး၊ မက်ဂွိုင်းယား၊ ဘစ်ဆာခါ၊ မက်တော်မီနေး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုက်ဂျ်လန်းတို့ကို ပွဲထုတ်ခဲ့ပါတယ်။ ကိုဗင်ထရီ ဘက်မှာတော့ ကောလင်းန်၊ သောမက်စ်၊ ဘစ်ဝဲလ်၊ ရှိဖ်၊ ရိုက်၊ အိုဟားရား၊ ဆင်းမ်တို့လို အဓိက ကစားသမားတွေ ပါဝင်လာခဲ့ပြီး ယူနိုက်တက်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ 

ဒီပွဲစဉ် အကျဉ်းချုပ်ကို ပြောရမယ် ဆိုရင် ယူနိုက်တက်ဟာ ၃ ဂိုး အရင် ရခဲ့ပေမယ့် ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိခဲ့ပါဘူး။ ၃ ဂိုး သွင်းပြီးနောက် မိနစ် ၂၀ အတွင်း ၃ ဂိုး ပြန်ပေးခဲ့ရချိန်မှာတော့ တန်ဟက်ဂ်ရဲ့ အသင်းက ခြေစွမ်းပိုဆိုးသွားခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်ပို၊ ပင်နယ်တီတွေ အထိ ရောက်ခဲ့ပြီး အဲ့အဒီအချိန်တွေ မှာလည်း အသင်းကြီး တစ်သင်း ဖြစ်တဲ့ ယူနိုက်တက် အနေနဲ့ ပြိုင်ဘက်ကို အပြတ်အသတ် ဖိအားပေးနိုင်သင့်ပေမယ့် ပြောင်းပြန်ပါပဲ။ ကိုဗင်ထရီ ကတောင် ယူနိုက်တက်ရဲ့ ခံစစ်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နေခဲ့ပြီး အချိန်ပို နောက်ဆုံး မိနစ်မှာ ကိုဗင်ထရီတို့ ဂိုးရခဲ့ပေမယ့် VAR က လူကျွံနေတယ် ဆိုပြီး ပယ်ဖျက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ တကယ်တမ်းလည်း လူကျွံအနေအထားကို ပြန်ကြည့်ရင် ကျွံသလို၊ မကျွံသလိုပါပဲ။ ဒါပေမယ့်လည်း ကံတရားရဲ့ ဖေးမမှုနဲ့ ယူနိုက်တက်တို့ ပင်နယ်တီ အထိ ရောက်နိုင်ခဲ့ပြီး ပင်နယ်တီ မှာတော့ စစချင်း ကန်တဲ့ ကတ်စ်မဲရိုး လွဲချော်ခဲ့ပေမယ့် ဒါးလော့တ်၊ အဲရစ်ခ်ဆင်၊ ဖာနန်ဒက်စ်နဲ့ ဟွိုက်ဂျ်လန်း တို့ ဂိုးဝင်ခဲ့သလို တစ်ဖက်က အိုဟားရားနဲ့ အသင်းခေါင်းဆောင် ရှိဖ်တို့ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်တို့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး မနှစ်ကလိုပဲ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ကို ဘာအတွက်ကြောင့်များ ဘောလုံး ကန်နေကြသလဲလို့ တွေးမိတဲ့ အထိပါပဲ။ ဒီနေ့လို ပွဲမျိုးက ယူနိုက်တက်လို အသင်းကြီး တစ်သင်း အနေနဲ့ ပွဲကို အပြည့်အဝ ထိန်းချုပ်ပြီး ၃-၀ လောက်နဲ့ ပြီးသင့်တာပါ။ အခုပွဲ ယူနိုက်တက်ရဲ့ နံပါတ် ၁ အမှားက နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ နည်းစနစ်ပိုင်း ဖြစ်ပါတယ်။ တန်ဟက်ဂ်ရဲ့ နည်းစနစ်ပိုင်းတွေက မေးခွန်းထုတ်ခံရတာထက် ပိုသင့်နေပါပြီ။ အေဂျက်စ်မှာ ကောက်ရိုးမီး တောက်ခဲ့ပေမယ့် ယူနိုက်တက် မှာတော့ သူ့ရဲ့ အရည်အချင်း ဘယ်လောက်ပဲ ရှိသလဲ ဆိုတာ တဖြည်းဖြည်း ပေါ်လွင်နေပါပြီ။ တန်ဟက်ဂ်က အပြောကောင်းသူ၊ အလျှောက်ကောင်းသူ တစ်ဦးပါ။ ဒါပေမယ့် ယူနိုက်တက်ကို မြှင့်တင်ပေးနေသူ မဟုတ်တာတော့ သေချာပါတယ်။ ဆွဲချနေသူလို့ ဆိုရင် ပိုပြီး မှန်မယ် ထင်ပါတယ်။ တချို့က တန်ဟက်ဂ်ကို အချိန်ပေးဖို့ ပြောနေကြပေမယ့် ဒီလို နည်းပြမျိုးက အချိန်ပေးလည်း နောက်ရာသီတွေလည်း ဂျာအေး သူ့အမေရိုက် ဖြစ်နေဦးမှာပါပဲ။ ချန်ပီယံရှစ်မှာ အဆင့် ၈ နေရာ ရောက်နေတဲ့ အသင်း တစ်သင်း ကိုယ်တောင် ဗိုလ်လုပွဲလို ကန်ခဲ့ရတာက တော်တော်လေး ဆိုးရွားတာထက် ပိုမယ်ထင်ပါတယ်။ ဒါကို ယူနိုက်တက် ပရိသတ်တွေ ပိုသိမှာပါ။ 

နောက်တစ်ချက်က ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဖြစ်ပါတယ်။ အရင် ကလည်း ထပ်ခါထပ်ခါ ပြောခဲ့ပေမယ့် မနေ့က ပွဲတုန်းက ကစားသမားတွေဟာ Winning Mentality လုံးဝ မရှိခဲ့ပါဘူး။ ဘရူနို၊ ကက်စ်မဲရိုး တို့ရဲ့ မျက်နှာ အနေအထားတွေကို ကြည့်ရင် သိသာပါတယ်။ ကက်စ်မဲရိုး ဆိုရင် ပင်နယ်တီ ကန်တဲ့ အချိန်မှာတောင် စိတ်လှုပ်ရှားတာမျိုး မဟုတ်ပဲ စိတ်ဓာတ်ကျနေတဲ့ ပုံစံမျိုးပေါ်နေခဲ့ပါတယ်။ 

ဒီတော့ နိဂုံးချုပ်ရမယ် ဆိုရင် ယူနိုင်တက်ဟာ သူတို့ အသင်းရဲ့ ပရိသတ် တချို့ပြောသလိုပဲ။ ရှုံးခဲ့သင့်တာပါ။ တကယ်တမ်းက ကိုဗင်ထရီတို့ ဗိုလ်လုပွဲ ရောက်ခဲ့သင့်တာပါ။ ဒါပေမယ့်လည်း မည်သို့ပင်ဆိုစေကာမူ သရဲနီတွေ အနေနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပြီး ဖလား တစ်လုံးတော့ မျှော်လင့်နိုင်သေးတဲ့ အခြေအနေကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာပဲပြောပြော ပြိုင်ဘက် အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ ဖလားပျောက် ရာသီ ဖြစ်ဖို့ နီးစပ်နေချိန်မှာ ယူနိုက်တက် အတွက် အသက်ရှုချောင်စေမယ့် အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ အကယ်၍ မန်စီးတီး ကိုသာ နိုင်ပြီး ချန်ပီယံ ဖြစ်သွားရင်တော့ ယူနိုက်တက် အတွက် အဆိုးထဲက အကောင်းပေါ့။ ဒါပေမယ့် ဖလားယူပေးပြီး နောက်ရာသီတွေ ဆက်ရှိနေမယ့် တန်ဟက်ဂ်နဲ့ ဘယ်လို နှစ်ပါးသွား ဆက်ကမလဲ ဆိုတာတော့ ယူနိုက်တက် ပရိသတ်တွေပဲ ဆက်စဉ်းစားကြပါလို့ ပြောကြားရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်