နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို မပါတဲ့ ပေါ်တူဂီကို ၂၀၂၂ ခုနှစ် အတွင်းမှာ ပထမဆုံး ရှုံးပွဲ ကြုံစေခဲ့တဲ့ ဆွစ် | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဆွစ်ဇာလန် ၁-၀ ပေါ်တူဂီ

နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ နောက်ထပ် ပွဲစဉ် မှာတော့ ဆွစ်ဇာလန်တို့ ခရစ္စတီယာနို ရော်နယ်ဒို မပါတဲ့ ပေါ်တူဂီကို ဆက်ဖရိုဗစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ ပေါ်တူဂီ အတွက် ၂၀၂၂ ခုနှစ် အတွင်း ပထမဦးဆုံး ရှုံးပွဲ ဖြစ်လာခဲ့ပြီး ဒီရှုံးပွဲကြောင့် ပေါ်တူဂီတို့ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ထိပ်ဆုံး နေရာကနေလည်း ဖယ်ပေးခဲ့ရပါတယ်။


ပွဲစဉ်အကျဉ်း

ပထမအကျော့ ပေါ်တူဂီ အိမ်ကွင်းမှာ ၄ ဂိုးပြတ် အရေးနိမ့်ထားခဲ့တဲ့ ဆွစ်ဇာလန်တို့ ဒီနေ့ပွဲ မှာတော့ အကောင်းဆုံး ပြင်ဆင်လာခဲ့ပြီး ဆက်ဖရိုဗစ်၊ အမ်ဘိုလို၊ ရှကီရီ၊ ဖရီအူလာ၊ ချာကာ၊ ဆိုးဝ်၊ အဲလ်ဗက်ဒီ၊ အာကန်ဂျီ၊ ဝစ်ဒ်မာ၊ ရိုဒရီဂတ်ဇ် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒို ဆန်းတို့စ် ကတော့ အသင်းရဲ့ မရှိမဖြစ် ကစားသမား ရော်နယ်ဒိုကို လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီး အန်ဒရီဆေးလ်ဗား၊ လီယောင်၊ အော့တာဗီယို တို့ကို တိုက်စစ်မှာ တွဲပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ ရူဘင် နီးဗက်စ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဗစ်တင်ဟာ တို့နဲ့ ခင်းကျင်းခဲ့သလို ခံစစ် မှာတော့ ပီပီ၊ ပရဲရား၊ ကန်ဆယ်လို၊ မန်းဒက်စ် တို့ကိုပဲ သုံးခဲ့ပါတယ်။

ဆွစ်ဇာလန်တို့ ပွဲစကတည်းက လျင်လျင်မြန်မြန်နဲ့ ဘောလုံး အပေးအယူ လုပ်ခဲ့ပြီး ပွဲချိန် ၁ မိနစ် မပြည့်ခင်မှာပဲ ဦးဆေင်ဂိုး ရအောင်ယူနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ နေးရှင်းလိဂ် သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုး အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ ရှကီရီရဲ့ လျင်မြန်တဲ့ ရွေးလျားမှု ကတစ်ဆင့် တောင်ပံက ဝစ်ဒ်မာ ဖြတ်တင် ပေးပို့လိုက်တဲ့ ဘောလုံးကို ဆက်ဖရိုဗစ်က အပိုင် ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ပါတယ်။ အဲ့နောက် ပွဲချိန် ၁၃ မိနစ်မှာ ပေါ်တူဂီ နောက်တန်းက နူနို မန်းဒက်စ် ဂိုးဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် VAR ပြန်ကြည့်ခဲ့ပေမယ့် အဲ့ဒီ မတိုင်ခင် အဲလ်ဗက်ဒီ အနေနဲ့ အန်ဒရီ ဆေးလ်ဗားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ခြင်းတော့ မရှိပါဘူး။ အဲ့နောက် ချေပဂိုး ရဖို့ အားစိုက်လာတဲ့ ပေါ်တူဂီတို့ အခွင့်အရေးတွေ ရလာခဲ့ပေမယ့်လည်း ပရဲရားရဲ့ ဂိုးကို အွန်မ်လင် ကာကွယ်နိုင်ခဲ့သလို ရာဖေးလ် လီယောင်ရဲ့ သွင်းဂိုးတဲ့ ဂိုးဟာလည်း အန်ဒရီ ဆေးလ်ဗား လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်း မှာတော့ ဂိုးရဖို့ လိုအပ်နေတဲ့ ပေါ်တူဂီတို့ ဂီဒက်စ်၊ ဂျိုတာ၊ ဘာနာဒို ဆေးလ်ဗား တို့ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆွစ် ဂိုးသမား အွန်မ်လင်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ပေါ်တူဂီတို့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပြီး ဆက်ဖရိုဗစ်ရဲ့ အစောပိုင်း သွင်းဂိုး ၁ ဂိုးတည်းနဲ့ပဲ ဂျနီဗာမှာ ဆွစ်ဇာလန်ကို အရှုံးပေးခဲ့ရပါတယ်။ အွန်မ်လင် အနေနဲ့ ဒီနေ့ပွဲမှာ အပိုင် ကာကွယ်မှု ၈ ကြိမ် အထိ ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒါ့အပြင် ဒီပွဲ မတိုင်ခင် ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ဆွစ်ဇာလန် အနေနဲ့ ရှုံးပွဲ ဆက်မှုကို ရပ်တန့်နိုင်ခဲ့သလို နေးရှင်းလိဂ် B ကို မဆင်းရရေး မျှော်လင့်ချက် ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်

စပိန်နဲ့ ပွဲတုန်းက ရော်နယ်ဒိုကို မိနစ် ၆၀ ကျော်မှ လူစားလဲခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ ဖာနန်ဒို ဆန်းတို့စ် ဒီနေ့ပွဲ မှာလည်း လူစာရင်းမှာတောင် လုံးဝ မထည့်ပဲ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရ မဆိုးဘူးလို့ ပြောလို့ ရပေမယ့် ရလဒ်က ဂိုးရဖို့ အရေးကြီးနေတဲ့ အချိန်မျိုးမှာ ရော်နယ်ဒို ပါခြင်း မပါခြင်းက ပေါ်တူဂီကို သက်ရောက်မှု ကြီးမားသွားစေခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ပေါ်တူဂီတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့သလို ဂိုးပေါက် ကန်ချက် ဆိုရင် အကြိမ် ၂၀ အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၈ ကြိမ် ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူငယ် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် အားနည်းမှု အပြင် ကံတရားရဲ့ ဖေးမခြင်းလည်း မခံခဲ့ရတဲ့ ပေါ်တူဂီတို့ ဂျနီဗာမှာ လက်စားပြန်ချေခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီရှုံးပွဲဟာ ပေါ်တူဂီ အတွက် ၂၀၂၂ ခုနှစ် အတွင်းမှာ ပထမဦးဆုံး ရှုံးပွဲ ဖြစ်လာခဲ့ခြင်းနဲ့အတူ လက်ရှိ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ထိပ်ဆုံး နေရာကို စပိန် အသင်းထံ လက်လွှဲပေးခဲ့ရပါတယ်။ ဒါပေမယ့် ၁ မှတ်သာ ကွာဟနေတာကြောင့် လက်ကျန် ၂ ပွဲဟာ နောက်တစ်ဆင့် တက်ရေး အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပြီး စိတ်ဝင်စားစရာ ပိုကောင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲ မတိုင်ခင် ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ဆွစ်ဇာလန် အနေနဲ့ ရှုံးပွဲ ဆက်မှုကို ရပ်တန့်နိုင်ခဲ့သလို နေးရှင်းလိဂ် B ကို မဆင်းရရေး မျှော်လင့်ချက် ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဂျေလိဂ်
ရှိုနန် ဘဲလ်မဲ
FC တိုကျို
1X2 FC တိုကျို @ 2.68
ဂိုးပေါ် 2.00 @ 1.93
ဂိုးပေါင်း 2-3 @ 1.85
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှ နေးရှင်းလိဂ် A အုပ်စု ၂ ရဲ့ ပွဲစဉ် ၅ ကို ဆက်လက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဆွစ်ဇာလန်က စပိန်၊ ပေါ်တူဂီက ချက် ကို အဝေးကွင်းတွေမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်