နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘာပေးရဲ့ နောက်ကျဂိုး ကယ်လို့ သရေ တစ်မှတ်ရခဲ့တဲ့ ပြင်သစ် | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

ဩစတြီးယား ၁-၁ ပြင်သစ်

နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ ပွဲစဉ် ၃ မှာတော့ ဩစတြီးယားနဲ့ ပြင်သစ်တို့ ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပြင်သစ်တို့ ပွဲချိန် မိနစ် ၈၀ ကျော်အထိ ဩစတြီးယားရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီး ကီလီယန် အန်ဘာပေးရဲ့ နောက်ကျဂိုးကြောင့်သာ သရေ ၁ မှတ် ရအောင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ရန်းညက်ခ် အနေနဲ့ အကောင်းဆုံး လူစာရင်းကို ပွဲထုတ်လာခဲ့သလို ဒက်ရွှမ့်စ် ကလည်း တောင့်တင်းတဲ့ အစုအဖွဲ့နဲ့ ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ၄-၄-၂ အခင်းအကျင်းကို အသုံးပြုလာတဲ့ ဩစတြီးယားရဲ့ လူစာရင်းမှာ ပန့်ဇ်၊ အလာဘာ၊ ထရောင်နာ၊ လိုင်နာ၊ ဝိုဘာ၊ ရှလာဂါ၊ ဆိဒ်ဝဲလ်၊ ဆဘစ်ဇာ၊ လိုင်မာ၊ အာနူတိုဗစ်၊ ဝီးမန်း တို့ပါဝင်လာခဲ့ပါတယ်။ ပြင်သစ် ကတော့ ထုံးစံ အတိုင်း ၄-၂-၃-၁ နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဘန်ဇီမာ၊ ဒီယာဘီနဲ့ ကိုမန်၊ ကွင်းလယ်မှာ ဂရစ်ဇ်မန်း၊ ကာမာရာ၊ ချူအာမန်နီ၊ နောက်တန်းမှာ ဆယ်လီဘာ၊ ကိုနာတေး၊ ပါဗက်၊ သီယို ဟာနန်ဒက်ဇ်နဲ့ လိုရစ်တို့နဲ့ ခင်းကျင်းခဲ့ပါတယ်။ 

ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ပြင်သစ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့တယ် ဆိုပေမယ့် ဩစတြီးယားရဲ့ တန်ပြန် တိုက်စစ်တွေ ကလည်း ထိရောက်ခဲ့ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ဘန်ဇီမာရဲ့ ကန်ချက် ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား ပန့်ဇ် ကာကွယ်နိုင်ခဲ့လို့ ဩစတြီးယားတို့ ကံကောင်းခဲ့ရပါတယ်။ ၃၇ မိနစ် မှာတော့ ဩစတြီးယားတို့ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး အာနူတိုဗစ်နဲ့ လိုင်မာတို့ရဲ့ တွဲလုံး ကနေ တစ်ဆင့် ဝီးမန်းက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ မထင်မှတ်ပဲ ဦးဆောင်ဂိုး ပေးလိုက်ရတာကြောင့် ပြင်သစ်တို့ အနည်းငယ် ကစားကွက် ပျက်သွားခဲ့ပြီး ပထမပိုင်း ပြီးခါနီး အာနူတိုဗစ်ရဲ့ အပိုင်ကန်ချက် ဂိုးပေါက်နဲ့ လွဲချော် သွားခဲ့တာကြောင့်လည်း ပြင်သစ်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ 

ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ကိုမန်နဲ့ ပါဗက်တို့ရဲ့ ကန်ချက်တွေ ကောင်းခဲ့ပေမယ့် တစ်လုံးက ဂိုးဘားတန်း ကျော်ခဲ့ပြီး တစ်လုံး ကိုတော့ ပန့်ဇ် ကာကွယ်သွားခဲ့တာကြောင့် ပြင်သစ်တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ မိနစ် ၆၀ ကျော်လာချိန် မှာတော့ ဒက်ရွှမ့်စ် အနေနဲ့ မဖြစ်မနေ ဂိုးရဖို့ လိုအပ်နေတာကြောင့် ဂွန်ဒိုဇီ၊ ကီလီယန် အန်ဘာပေး၊ ခရစ္စတိုဖာ အန်ကွန်ကူ တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဒက်ရွှမ့်စ်ရဲ့ လူစားလဲလှယ်မှု မှန်ကန်ခဲ့တယ်လို့ ပြောလို့ ရပြီး ပြင်သစ်တို့ တိုက်စစ် အသက်ဝင်လာခဲ့ပါတယ်။ ၈၃ မိနစ် မှာတော့ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ အန်ကွန်ကူနဲ့ ကီလီယန်တို့ရဲ့ တွဲဖက်မှု ကနေ အန်ဘာပေးက အားပါတဲ့ ကန်ချက်နဲ့ ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးကာနီးမှာ အန်ဘာပေး အနေနဲ့ ပြင်သစ် အတွက် အနိုင်ဂိုး ဖြစ်စေမယ့် ဂိုးကို ကန်သွင်းခွင့်ရခဲ့ပေမယ့် တစ်ပွဲလုံး လက်စွမ်းပြနေတဲ့ ပန့်ဇ် ကပဲ ကာကွယ်သွားခဲ့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
‌ဝေးလ်စ်
ဘယ်လ်ဂျီယံ
1X2 သရေ (Draw) @ 3.65
ဂိုးပေါ် 2.50 @ 1.91
ဂိုးပေါင်း 0-1 @ 3.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒီဒီရာ ဒက်ရွှမ့်စ်ရဲ့ ပြင်သစ် အတွက် ကတော့ နောက်ထပ် စိတ်ပျက်စရာ ပွဲစဉ် တစ်ပွဲလို့ပဲ ဆိုရမှာပါ။ ထပ်ပြီး ဝေဖန်ရရင် ပြင်သစ်ဟာ ဆရာများ သားသေ ဖြစ်နေသလိုပါပဲ။ ကြယ်ပွင့် ကစားသမားတွေ နှစ်သင်းစာလောက် ပိုင်ဆိုင်ထားပေမယ့် အရေးကြီးတဲ့ အချိန်တွေမှာ အခွင့်အရေးတွေ အသုံးချနိုင်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဩစတြီးယား ဂိုးသမား ပန့်ဇ် လက်စွမ်းပြလို့ ပြင်သစ်တို့ ဂိုးရဖို့ ခက်ခဲခဲ့တယ် ဆိုပေမယ့် အန်ဘာပေးသာ မဝင်လာရင် ပြင်သစ်တို့ ဘဲဥတောင် ကွဲဖို့ မရှိပါဘူး။ ဒက်ရွှမ့်စ် ကတော့ ပွဲအပြီးမှာ ပြင်သစ်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ စိုးရိမ်စရာ မရှိဘူးလို့ ဆိုခဲ့ပေမယ့် တကယ်တမ်း ဒီပုံ အတိုင်း ဆက်သွားရင် လာမယ့် ကမ္ဘာ့ဖလားမှာ ချန်ပီယံဘွဲ့ ကာကွယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တစ်ဖက်က ရန်းညက်ခ်ရဲ့ ဩစတြီးယား ကတော့ သူတို့ရဲ့ ထုံးစံ အတိုင်း ခံစစ် ကျစ်ကျစ်လျစ်လျစ်နဲ့ ကစားပြီး ပြင်သစ်ရဲ့ ထိုးဖောက်မှုတိုင်းကို ပါးပါးနပ်နပ် တားဆီးသွားနိုင်ခဲ့ပါတယ်။ အန်ဘာပေး အနေနဲ့ ဒိန်းမတ်နဲ့ ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ခရိုအေးရှားနဲ့ ပွဲမှာ မပါခဲ့သလို အခုပွဲမှာလည်း မိနစ် ၃၀ ခန့်သာ ဝင်ရောက် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်ကြယ်ပွင့်လေးရဲ့ သက်ရောက်မှုဟာ ကြီးမားခဲ့ပြီး ပြင်သစ်တို့ ရှုံးပွဲ မတွေ့စေရေး ကယ်တင်သွားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အန်ဘာပေးဟာ ပြင်သစ် အတွက် လူစားဝင် ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးထားခဲ့သူလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ နေးရှင်းလိဂ် နိုင်ပွဲ လုံးဝ မရသေးတဲ့ ပြင်သစ်တို့ ရမှတ် ၂ မှတ်နဲ့ အုပ်စု ၁ ရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့ပြီး ဒီအတိုင်း ဆိုရင်တော့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ မကောင်းဘူးလို့ ပြောလို့ ရပါတယ်။ ဩစတြီးယား ကတော့ နေးရှင်းလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲ ရှုံး၊ ၄ မှတ် ရထားတာကြောင့် အုပ်စု ဒုတိယနေရာမှာ ရှိနေပေမယ့် လာမယ့် ပွဲစဉ်တွေမှာ မဖြစ်မနေ ရမှတ် ရှာဖွေနိုင်ဖို့ လိုအပ်နေပါသေးတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ဩစတြီးယားက ဒိန်းမတ် အိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်သလို ပြင်သစ် ကလည်း ခရိုအေးရှား အိမ်ကွင်းမှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်