နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နော်ဝေရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ ဟာလန်း | နေးရှင်းလိဂ်

နော်ဝေ လက်ရွေးစင် အသင်း တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ စလိုဗေးနီးယား အသင်း နဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ ၂ ဂိုး သွင်းယူပြီးနောက် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၄-၂၀၂၅ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် (ဘီ) အုပ်စု ပွဲစဉ် ၃ မှာ နော်ဝေက စလိုဗေးနီးယားကို အိမ်ကွင်းမှာ ၃-၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အာလင်း ဟာလန်းက ၇ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ နော်ဝေ အတွက် အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနေးရှင်းလိဂ် ပွဲမှာ အာဆင်နယ် ကွင်းလယ်လူ မာတင် အိုဒီဂတ် ဒဏ်ရာကြောင့် အနားယူနေရလို့ ဟာလန်းက အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးတွေလည်း သွင်းယူပြီး စံချိန်သစ်ပါ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေးရှင်းလိဂ် ပွဲမှာ အာဆင်နယ် ကွင်းလယ်လူ မာတင် အိုဒီဂတ် ဒဏ်ရာကြောင့် အနားယူနေရလို့ ဟာလန်းက အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးတွေလည်း သွင်းယူပြီး စံချိန်သစ်ပါ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နော်ဝေ အတွက် ၃၆ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အာလင်း ဟာလန်း

လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာလင်း ဟာလန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ နော်ဝေ လက်ရွေးစင် ကစားသမား အဖြစ် စတင် ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဟာလန်းက ၃၆ ပွဲ ကစားပြီးချိန်မှာ ၃၄ ဂိုး အထိ သွင်းယူကာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေဖြင့် ၁၉၂၈ မှ ၁၉၃၇ ခုနှစ်အတွင်း ၄၅ ပွဲ ကစား၊ ၃၃ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟောင်း ယော်ဂန် ယူဗန်ရဲ့ စံချိန် ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ အာလင်း ဟာလန်းက “ဟုတ်ပါတယ်။ ဒါက ကြီးကျယ် ခမ်းနားပြီး သမိုင်းဝင် မှတ်တမ်း တစ်ခုပါ။ ဒီလို အံ့အားသင့်စရာ မှတ်တမ်းကောင်း ပိုင်ဆိုင်ခွင့်ရခဲ့လို ကျွန်တော် ဝမ်းသာပါတယ်။ ကျွန်တော့် အတွက် နှစ်တွေ အများကြီး ကျန်ပါသေးတယ်။ ကိုယ့်ဘာသာ ပျော်ရွှင်နေပါတယ်” လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက အင်္ကျီ အောက်တွင် ဘောလုံးထည့်ပြီး လက်မကို နှုတ်ခမ်းနဲ့ ထိထားတဲ့ ဓာတ်ပုံကို X တွင် တင်ထား ပြီး ကလေးပုံစံ Emoji ရေးထားတာကြောင့် မကြာခင် သူ့အနေနဲ့ ရင်သွေးရရှိတော့မယ်လို့ ခန့်မှန်းသုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဟာလန်း အနေနဲ့ အခုလို ဂိုးသွင်း အားနဲ့ ဆိုရင်တော့ မကြာခင်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ တင်ထားခဲ့တဲ့ စံချိန်တွေ ကိုလည်း ကျော်ဖြတ်သွားနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ နော်ဝေ လက်ရွေးစင် အသင်း အတွက် ဂိုးအများဆုံး သွင်းယူထားသူတွေ ကတော့ အာလင်း ဟာလန်း (၂၀၁၉-လက်ရှိ) ၃၆ ပွဲ ၃၄ ဂိုး၊ ယော်ဂန် ယူဗန် (၁၉၂၈-၁၉၃၇) ၄၅ ပွဲ ၃၃ ဂိုး၊ ဂန်ဒါဆန် (၁၉၁၇-၁၉၂၈) ၃၃ ပွဲ ၂၆ ဂိုး၊ ဟန်နမ်း (၁၉၄၉-၁၉၆၀) ၄၃ ပွဲ ၂၅ ဂိုး တို့ပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်