နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံသွားရတဲ့ တူဟယ်ရဲ့ ခြင်္သေ့ပြာအုပ်စု – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး ၂ – ၅ ဝက်စ်ဘရွန်း

ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာချိန်ကတည်းက နိုင်ပွဲတွေ အလီလီ ရရှိထားတဲ့ သောမက်စ်တူဟယ်ကတော့ ရှုံးပြန်တော့လည်း တန်ဆင်းဇုန်ထဲက ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ ၂-၅ ရလဒ်နဲ့ ဂိုးပြတ်ရှုံးသွားခဲ့ပါတယ်။ ပူပူနွေနွေး တစ်လတာ အကောင်းဆုံး နည်းပြဆု ရရှိထားတဲ့ တူဟယ် ကတော့ ပရီးမီးယားလိဂ် ဆိုတာ ဘာလဲ သိသွားလောက်ပါပြီ။

ပူပူနွေနွေး တစ်လတာ အကောင်းဆုံး နည်းပြဆု ရရှိထားတဲ့ တူဟယ် ကတော့ ပရီးမီးယားလိဂ် ဆိုတာ ဘာလဲ သိသွားလောက်ပါပြီ။
ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး

တကယ်တမ်းက ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ လူအင်အား အပြည့်အစုံနဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ တိုက်စစ်မှာ တီမိုဗာနာကို အထောင်ထားပြီး ဇီယက်ချ်၊ ပူလီဆစ်တို့နဲ့ တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာ ရိစ်ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ မားကို့စ် အလွန်ဆို၊ နောက်တန်းမှာ အက်ဇပီလီကျူအာတာ၊ သီယာဂိုဆေးလ်ဗား၊ ဇူးမား၊ ဂိုးမှာ မန်ဒီတို့ ပါဝင်လာခဲ့ပါတယ်။ ဝက်စ်ဘရွန်း ဘက်မှာတော့ ဒိုင်ယာနီ၊ မစ်လန်းနိုင်းလ်စ်၊ တောင်ဆန်၊ ပရဲရား တို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ချယ်ဆီးတို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး အလွန်ဆို ပြစ်ဒဏ်ဘော ကန်သွင်းရာကနေ တိုင်ထိထွက်လာတဲ့ ဘောလုံးကို အသင့်ရှိနေတဲ့ ပူလီဆစ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၂ မိနစ် အကြာမှာပဲ ဝက်စ်ဘရွန်း ကစားသမား ယိုကော့စ်လူကို ကစားပုံကြမ်းခဲ့လို့ ဒဏ်ရာက သက်သာခါစ နောက်ခံလူ သီယာဂိုဆေးဗား နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ တစ်ယောက် လျော့သွားခဲ့တဲ့ ချယ်ဆီးအသင်း အနေနဲ့  နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်တဲ့အနေနဲ့ ဟာကင်မ် ဇီယက်ချ်ရဲ့ နေရာမှာ ခရစ္စတင်းဆန်နဲ့ လူစားလဲခဲ့ပါတယ်။ တစ်ယောက် အသာရသွားခဲ့တဲ့ ဝက်စ်ဘရွန်း တို့ ချယ်ဆီး ဘက်ကို ပြန်လည် ဖိအားပေးနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ ပွဲချိန် ၄၅ မိနစ် ပြည့်လို့ နာကျင်အချိန်ပို ၂ မိနစ်မှာ ဝက်စ်ဘရွန်း ဂိုးသမား ဆမ်ဂျွန်စတုန်း ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ပရဲယားက ဂိုးသမား မန်ဒီကို ကျော်ကာ ကန်သွင်းပြီး ချေပဂိုးရယူခဲ့တာ ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ဂျော်ဂျင်ဟိုရဲ့ ရှင်းထုတ်ပုံ မသေသပ်ရာကနေ ရရှိလာတဲ့ အခွင့်အရေးကို ပရဲယားကပဲ ချဲလ်ဆီး နောက်ခံလူတွေကို လိမ်ခေါက်ပြီး ဦးဆောင်ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ ဝက်စ်ဘရွန်းတို့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ချယ်ဆီးအနေနဲ့ တိုက်စစ်ပိုင်း အပြောင်းအလဲ ထပ်မံပြုလုပ်ခဲ့ပြီး ပူလီဆစ်ရဲ့ နေရာမှာ မေဆင်မောင့် ကို ထည့်သွင်း ကစားစေခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ထပ်ရသွားတာက တစ်ယောက် အသာရနေခဲ့တဲ့ ဝက်စ်ဘရွန်းပဲ ဖြစ်ပါတယ်။ ပွဲကစားချိန် ၆၃ မိနစ်မှာ ဖာလောင်းပေးပို့တဲ့ ဘောလုံးကို ရော်ဘင်ဆန်က အမှားအယွင်းမရှိ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ပွဲချိန် ၆၉ မိနစ်မှာ တန်ပြန် တိုက်စစ်ကနေ ပရဲယား ဖန်တီးပေးတဲ့ ဘောလုံးကို ဒီယာ့ဂ်နေးက အဆုံးသတ် ကန်သွင်းပြီး ၄ဂိုးမြောက် သွင်းဂိုးရယူသွားခဲ့ပါတယ်။ ၂မိနစ် အကြာမှာ ချယ်ဆီးတို့ ချေပဂိုးပြန်ရခဲ့ပြီး မေဆင်မောင့်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရပ်တန့်လို့ မရသေးတဲ့ ဝက်စ်ဘရွန်းဟာ နာကျင်အချိန်ပိုမှာ ပွဲသိမ်းဂိုးသွင်းယူခဲ့ပြီး ပရဲယားရဲ့ အနီးကပ် ပေးပို့မှုကို ရော်ဘင်ဆန် ကပဲ ထပ်မံပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

နိုင်ပွဲတွေ ဆက်တုန်း တပြုံးပြုံး ဖြစ်နေခဲ့တဲ့ သောမက်စ်တူဟယ် ကတော့ ဒီနေ့ပွဲကြောင့် ပရီးမီးယားလိဂ် ဆိုတာ ဘာမှန်းသိသွားသလို ဘာ့ကြောင့် ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်နေသလဲဆိုတာ ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားခဲ့ပါပြီ။ ချဲလ်ဆီးတို့ ဘယ်လောက်ပဲ ကောင်းကောင်း အဓိက ခံစစ်မှူး တစ်ယောက်လျော့ သွားချိန်မှာ ပလန်ဘီ မရှိခဲ့လို့ အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ တော်တော်လေးကို ရုပ်ဆိုးတဲ့ ရလဒ် တစ်ခု ပိုင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ အဆင့် ၃ နေရာက လက်စတာစီးတီးတို့ရဲ့ ရှုံးပွဲကို အခွင့်ကောင်း မယူနိုင်ခဲ့ပဲ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ဝက်စ်ဘရွန်းကတော့ နိုင်ပွဲရပေမယ့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဧပြီလ ၈ ရက်နေ့မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိနေပြီး ဝက်စ်ဘရွန်းကတော့ ၁၂ ရက်နေ့မှာမမှ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်