နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် နည်းပြ ရာထူး အတွက် ဆွေးနွေးမှုတွေ ပြလုပ်နေတဲ့ တူချယ် | ပရီးမီးယားလိဂ်

အင်္ဂလန် ဂျာမန်လူမျိုး နာမည်ကျော် နည်းပြ သောမက်စ် တူချယ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်လာဖို့ တော်တော်လေး နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ဘေယန်မြူးနစ် နည်းပြဟောင်းက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ မကြာခဏ ဆိုသလို သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူချယ် အနေနဲ့ အခုနောက်ဆုံး မှာတော့ အင်္ဂလန် လက်ရွေးစင်အသင်း နည်းပြ ရာထူး အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ် ဆိုပြီးတော့ ဂျာမနီ အခြေစိုက် သတင်းစာ Blid ကနေ အခိုင်အမာ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အသင်းမှာ အခြေအနေ မကောင်းတော့တဲ့ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ချင်နေပါတယ်။
ဂွါဒီယိုလာ ကိုသာ နည်းပြ ရာထူး အတွက် အဓိကထား ခန့်အပ်ချင်နေတဲ့ အင်္ဂလန်

အင်္ဂလန် လက်ရွေးစင် အသင်းဟာ နည်းပြ ဂါရတ်သ် ဆောက်ဂိတ်နဲ့ လမ်းခွဲပြီးနောက် ယူ-၂၁ နည်းပြ လီကာစလေကို ယာယီ နည်းပြအဖြစ် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်ဟာ ဂရိနဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ ရှုံးပွဲ တွေ့ခဲ့ရပြီးနောက် အမြဲတမ်း နည်းပြ တစ်ဦး ပြောင်းလဲ ခန့်အပ်သွားဖို့ အတွက် စတင် စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲချုပ် (အက်ဖ်အေ) ကတော့ ဆောက်ဂိတ် နေရာမှာ အစားထိုးဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး နည်းပြ ဂွာဒီယိုလာကို အလိုချင်ဆုံး ဖြစ်နေတာပါ။ ဒါ့အပြင် အက်ဒီဟောင်းဝ်၊ ဂရေဟမ် ပေါ်တာ၊ မော်ရူစီယို ပိုချက်တီနို (လက်ရှိ အမေရိကန် နည်းပြ) နဲ့ သောမက်စ် တူချယ် တို့လို အင်္ဂလိပ် ဘောလုံး နယ်ပယ်မှာ ကျင်လည်ဖူးသူတွေ ကိုလည်း အဓိက ပစ်မှတ် ထားနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဂျာမနီ လူမျိုး ဘောလုံး နည်းပြ သောမက်စ် တူချယ်ကို မျက်စိကျနေခဲ့ပြီး နိုင်ငံအသင်းတွေကို တစ်ခါမှ မကိုင်တွယ် ခဲ့ဖူးတဲ့ တူချယ် ကလည်း နိုင်ငံအသင်း တစ်သင်း သင်းကို နည်းပြဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ တူချယ်က “နိုင်ငံ အသင်းတွေကို ကိုင်တွယ်ဖို့ ဘာကြောင့် စိတ်မဝင်စားရမှာလဲ။ အခုအချိန်မှာတော့ ဒါကို သိပ်ပြီး စဉ်းစားမနေပါဘူး။ ဒါပေမယ့် ကျွန်တော့် အတွက် သင်တော်တဲ့ အသင်းမျိုး ဖြစ်မယ်ဆိုရင် ကျွန်တော် ဒါကို စဉ်းစားမှာပါ။ နောက်ပြီး အဲ့ဒီအသင်းက ယူရိုဖလားတို့ ကမ္ဘာ့ဖလားတို့ ဆွတ်ခူးနိုင်မယ့် အလားအလာမျိုး ရှိတယ် ဆိုရင် ပိုပြီးတောင် ကိုင်တွယ်ချင်ပါသေးတယ်။”လို့ ပြောကြားခဲ့ဖူးပါတယ်။ တစ်ဖက်မှာလည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အသင်းမှာ အခြေအနေ မကောင်းတော့တဲ့ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ချင်နေပါတယ်။ သူ့ရဲ့ နေရာ အတွက်တော့ သောမက်စ် တူချယ်ကို အလိုရှိနေ ပြီး တူချယ် ကလည်း ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ် အနှစ်သက်ဆုံး နည်းပြ တစ်ဦး ဖြစ်နေတာကြောင့် တူချယ် အနေနဲ့ အင်္ဂလန် နည်းပြ ဖြစ်လာမလား ဒါမှမဟုတ် ယူနိုက်တက် နည်းပြ အဖြစ် ပရီးမီးယားလိဂ်ဆီ ပြန်ရောက်သွားမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်