နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် နည်းပြ ရာထူးကို မျက်စိကျနေတဲ့ တူချယ် | ယူရို ၂၀၂၄

ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီးမှာ ဂါရက်သ် ဆောက်ဂိတ် တစ်ယောက် ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာကြောင့် အင်္ဂလန် နည်းပြ ရာထူးက လစ်လပ်နေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ရဲ့ နည်းပြဟောင်း သောမတ်စ် တူချယ်က လစ်လပ်နေတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူးကို ရယူဖို့ အတွက် စိတ်ဝင်စားလျက် ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ လာမယ့် ဒီဇင်ဘာလမှာ အင်္ဂလန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း နိုင်ငံ အသင်းကို ရှစ်နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ပြီးနောက် နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆောက်ဂိတ်က အင်္ဂလန်ကို ဒုတိယအကြိမ်မြောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲ ကစားခွင့်ရဖို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဘာလင်မှာ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား ရယူနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့လက ယူရို ၂၀၂၄ မစတင်ခင်မှာ အင်္ဂလန် နည်းပြ ရာထူး ကနေ ထွက်ခွာနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အင်္ဂလန် နောက်ခံလူဟောင်းက ဆယ်စုနှစ် တစ်ခုရဲ့ အကောင်းဆုံး အပိုင်းမှာ တာဝန် ထမ်းဆောင်ပြီးနောက် သူ့ရဲ့ ရာထူး ကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲချုပ် ဘက်ကတော့ ယူရိုဖိုင်နယ်ပွဲ ရလဒ်က ဘယ်လိုပဲ ထွက်ပေါ်ပေါ် နည်းပြ ဆောက်ဂိတ်ကို ပဲ အသင်း နည်းပြ အဖြစ် ဆက်လက် တာဝန်ပေးချင်နေ ပေမယ့်လည်း ဆောက်ဂိတ်ကတော့ အင်္ဂလန် နည်းပြ ရာထူးကနေ စွန့်ခွာဖို့ ကိုပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ဆမ် အာလာဒိုက်စ်ရဲ့ နေရာကို လက်လွှဲရယူခဲ့ပြီး အင်္ဂလန် အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ယူ ၂၁ နည်းပြ အဖြစ် ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် အထိ လုပ်ကိုင်ခဲ့ပြီး အင်္ဂလန် စီနီယာ အသင်းကြီးကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဆောက်ဂိတ် တာဝန်ယူနေစဉ် ကာလ အတွင်းမှာ အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့်တွေကို ရောက်ရှိခဲ့ပြီး ဆုဖလားမရခဲ့ပေမယ့် အတိုင်းအတာ တစ်ခု အောင်မြင်မှု ရယူပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ လစ်လပ်နေတဲ့ အသင်း နည်းပြနေရာ မှာ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်၊ ချဲလ်ဆီး နည်းပြဟောင်းတွေ ဖြစ်တဲ့ ပိုချက်တီနိုနဲ့ ဂရေဟမ် ပေါ်တာ တို့အပြင် လက်ရှိ အင်္ဂလန် ယူ-၂၁ နည်းပြ လီကာစလေ တို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဘေယန်မြူးနစ်နဲ့ လက်တွဲဖြုတ်ထားတဲ့ နည်းပြ တူချယ် ကလည်း အင်္ဂလန် နည်းပြရာထူးကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ချဲလ်ဆီး နည်းပြဟောင်း တူချယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်မှာပဲ ဘေယန်မြူးနစ်နဲ့ လက်ခွဲခဲ့ပြီးတော့ ပရီးမီးယားလိဂ်ဆီ ပြန်လာချင်နေသလို လက်ရှိမှာလည်း အင်္ဂလန် နည်းပြ ရာထူး ကိုပါ ရယူသွားဖို့ စိတ်ဝင်စားနေပါတယ်။ ဒါကြောင့် ဒေါ့မန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ ဘေယန်မြူးနစ် တို့လို ဥရောပထိပ်သီး ကလပ်တွေကို ကိုင်တွယ်ဖူးတဲ့ တူချယ် အနေနဲ့ အင်္ဂလန်လို နိုင်ငံ အသင်း တစ်သင်းကို အဆင်ပြေပြေ ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ ကတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်