နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀-၂၀၂၁ ခုနှစ်မှာစောင့်ကြည့်ရမယ့် လူငယ်ကြယ်ပွင့်ကစားသမား ၅ ဦး

SBOTOP ဘောလုံးအားကစားပရိသတ်တွေအတွက်၂၀၂၀-၂၀၂၁ ခုနှစ်မှာစောင့်ကြည့်ရမယ့်လူငယ်ကြယ်ပွင့်ကစားသမား ၅ ဦးကိုအခုလိုပဲဖော်ပြပေးလိုက်ရပါတယ်။
 

၁။ဂျေဒန်ဆန်ချို(ဒေါ့မန်)

ခန့်မှန်းတန်ကြေး = ပေါင်၁၀၅သန်း

အသက်၂၀အရွယ်သာရှိသေးတဲ့အင်္ဂလန်လူငယ်ကစားသမားလေး‌ဂျေဒန်ဆန်ချိုဟာလက်ရှိကမ္ဘာပေါ်ကအကောင်းဆုံးလူငယ်ကြယ်ပွင့်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဆန်ချိုဟာကစားသမားဘဝသတမ်းတလျှောက် ၈၈ ပွဲကစားပြီး ၆၆ ကိုသွင်းယူထားပါတယ်။Sanchoအနေနဲ့ပြီးခဲ့တဲ့ရာသီဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်မှာ၃၁ ပွဲကစား၁၆ ဂိုးသွင်းယူပြီး၊ ၁၇ကြိမ်ထိဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။လက်ရှိဈေးကွက် တန်ကြေးအရ ပေါင်သန်း ၁၀၀ကျော်ရှိနေတဲ့ ဆန်ချိုရဲ့ စွမ်းဆောင်ရည်ကို အငြင်းပွားဖွယ်မရှိ လက်ခံထားကြပြီးတော့ အင်္ဂလန် ထိပ်သီးမန်ချက်စတာယူနိုက်တက်အသင်းက အသည်းအသန်ခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။၀က်ဖိုဒ့် နဲ့ မန်ချက်စတာစီးတီး လူငယ်အသင်းတို့ကနေ ထွက်ပေါ်လာခဲ့တဲ့ လူငယ်ကစားသမားလေးဟာ အာဆင်နယ်က ရီးနယ်လ်ဆင်နဲ့ အတူ နာမည်ကြီးလာခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာတော့ အင်္ဂလန်မြေကိုတစ်ကျော့ပြန်ခြေချဖို့အခြေအနေကောင်းနေပါတယ်။
 

၂။ အာလင်းဘရွတ်ဟာလန်း (ဒေါ့မန်)

ခန့်မှန်းတန်ကြေး = ပေါင် ၆၄.၈သန်း

ဒိန်းမတ်လူငယ်ကစားသမား အာလင်းဘရွတ်ဟာလန်းကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက နာမည်ကြီးခဲ့တဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။ ရက်ဘူးလ်ဆဲလ်ဘတ်စ် အသင်းမှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်၊ ရီးရဲမက်ဒရစ် တို့အပါအ၀င် အခြားအသင်းကြီးတော်တော်များများရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ အဲ့ထဲမှာမှ ဆိုးလ်ရှားနဲ့ အနီးကပ်ဆုံးရင်းနှီးမှုရရှိခဲ့တဲ့ ဟာလန်းဟာ ယူနိုက်တက်ဆီ ပြောင်းရွှေ့မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဒေါ့မန်အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။လက်ရှိမှာလည်း ဟာလန်းကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲမက်ဒရစ်တို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။

အာလင်းဘရွတ်ဟာလန်းကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက နာမည်ကြီးခဲ့တဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။
ဒေါ့မန်အတွက်၁၉ပွဲကစားပြီး၁၆ဂိုးသွင်းပေးထားတဲ့ဟာလန်း

၃။ဗင်နီးစီးယပ်စ် ဂျူနီယာ (ရီးရဲမက်ဒရစ်)

ခန့်မှန်းတန်ကြေး = ၄၀.၅သန်း

ရီးရဲမက်ဒရစ် အသင်းကနေ ရော်နယ်ဒို ထွက်ခွာသွားချိန်မှာ အသင်းရဲ့ကစားအားသိသိသာသာကျဆင်းသွားခဲ့တာကို အားလုံးမြင်တွေ့ခဲ့ရပါတယ်။ဒါပေမယ့် လူငယ်ကစားသမားတွေနဲ့ အသစ်ပြန်လည်တည်ဆောက်ခဲ့တဲ့ ဇီဒန်းအတွက် အားကိုးစရာ ဂျူနီယာဆိုတဲ့ကြယ်ပွင့် ကစားသမားလေးပေါ်ထွက်လာခဲ့ပါတယ်။ အသက် ၁၉နှစ်အရွယ် ဘရာဇီးလ် တိုက်စစ်မှူး ဂျူနီယာဟာ လက်ရှိမှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ထင်သလောက်ခြေစွမ်းမပြနိုင်သေးဘူးဆိုပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ထိုးဖောက်မှုတွေက ပြိုင်ဘက်ကစားသမားတွေ စောင့်ကြည့်ထိန်းချုပ်နေရပါတယ်။ဂျူနီယာကိုတော့ ပရီးမီးယားလိဂ် ချန်ပီယံလစ်ဗာပူးလ် အသင်းက အဓိကစောင့်ကြည့်နေပါတယ်။
 

၄။အန်ဆုဖာတီ (ဘာစီလိုနာ)

ခန့်မှန်းတန်ကြေး = ၃၂.၄သန်း

ရီးရဲမက်ဒရစ်မှာ ဂျူနီယာနာမည်ရလာတဲ့အချိန် ပြိုင်ဘက်ဘာစီလိုနာမှာလည်း အန်ဆုဖာတီလို့ ခေါ်တဲ့ လူငယ်ကြယ်ပွင့်တစ်ဦးထွက်ပေါ်လာခဲ့ပါတယ်။အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းမှာ ၁၁ပွဲကစားပြီး ၇ဂိုးသွင်းယူပေးထားပါတယ်။နာမည်ကျော် လာမာစီယာအကယ်ဒမီကထွက်တဲ့ ကျောက်ရိုင်းတစ်ပွင့် အဖြစ်သတ်မှတ်ခံထားရပြီး အသက်ကွာတဲ့ ကစားသမားတွေနဲ့ တန်းတူခြေစွမ်းပြနေတဲ့ကစားသမားဖြစ်ပါတယ်။စီနီယာကစားသမား လီယိုမက်ဆီကိုယ်တိုင်ကတောင် ချီးကျူးထားတဲ့ကစားသမားဖြစ်ပြီး အနာဂတ်မှာ ဘယ်လွန်ဒေါဆုကို ချိန်ရွယ်နိုင်တဲ့ကစားသမားဖြစ်ပါတယ်။

 

၅။ အဲလ်ဖွန်ဆို ဒေးဗီးစ် (ဘေယန်မြူးနစ်)

ခန့်မှန်းတန်ကြေး = ၄၀.၅သန်း

ဘေယန်မြူးနစ်အသင်းဟာလည်း လူငယ်ကစားသမားတွေ မွေးထုတ်ပေးတဲ့နေရာမှာ နာမည်ကြီးတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။လက်ရှိမှာ အဲလ်ဖွန်ဆိုဒေးဗီးစ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်လို့ ဘောလုံးလောကရဲ့ နာမည်ကြီးတွေအားလုံးက တစ်ပြိုင်နက်တည်းချီးကျူးထားကြပါတယ်။အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်လာနိုင်တဲ့ ကနေဒါသားဒေးဗီးစ်ဟာ တောင်ပံနေရာအတွက်လည်း အကောင်းဆုံးကစားနိုင်သူဖြစ်ပါတယ်။သူ့ရဲ့အသက်နဲ့မလိုက်တဲ့ စွမ်းဆောင်မှုတွေကြောင့် သူ့ရဲ့တန်ကြေးကို ပေါင် ၄၅သန်းနီးပါးသတ်မှတ်ခံထားရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်