နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇာတ်ရှိန် အမြင့်ဆုံးကို ရောက်လာတဲ့ မက်ဒရစ် မြို့ခံနှစ်သင်းနဲ့ ဘာစီလိုနာ တို့ရဲ့ လာလီဂါ ချန်ပီယံလုပွဲ

၂၀၂၀- ၂၀၂၁ ခုနှစ် အတွက် ဥရောပအမှတ်ပေးလိဂ်ပြိုင်ပွဲတွေ ပြီးဆုံးဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာချိန်မှာ တချို့လိဂ်တွေမှာ ချန်ပီယံဖြစ်နိုင်ချေရှိတဲ့ အသင်းတွေကို ကြိုတင် ခန့်မှန်းလို့ရနေပြီ ဖြစ်ပေမယ့် တချို့လိဂ်တွေမှာတော့ ရေကုန်ရေခမ်း ယှဉ်ပြိုင်နေကြနေရဆဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် မှာ မန်ချက်စတာစီးတီးဟာ လက်ကျန် ၇ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ ဒုတိယနေရာက အသင်းကို ၁၄ မှတ် အထိ ဖြတ်ပြီး ဦးဆောင်ထားတာကြောင့် ချန်ပီယံဖြစ်ဖို့ အကောင်းဆုံး အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားပါပြီ။ စီးရီးအေမှာ ဆိုရင်လည်း အင်တာမီလန်ဟာ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ၁၁ မှတ်အထိ ဖြတ်တောက်ထားနိုင်ပြီး ဘွန်ဒက်စ်လီဂါ မှာတော့ ဘေယန်မြူးနစ်က ဒုတိယနေရာက လိုက်ပ်ဇစ်ကို ၇ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ပါတယ်။ ဒီအသင်းတွေ ကတော့ လက်ကျန်ပွဲတွေမှာ ကြီးကြီးမားမား ခြေမချော်ခဲ့ရင်ကို ဆုဖလား ကိုင်မြှောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဥရောပ ထိပ်သီးလိဂ် ၅ ခု ထဲမှာ နောက်ဆုံး အချိန်အထိ ရင်ခုန်ရမယ့် လိဂ် ၂ ခုပဲ ကျန်ရှိပြီး ပြင်သစ် လီဂူးဝမ်းနဲ့ လာလီဂါ တို့ပဲ ဖြစ်ပါတယ်။ လီဂူးဝမ်းမှာ လိုင်လီ၊ ပီအက်စ်ဂျီနဲ့ လိုင်ယွန်တို့ အပြိုင်ဖြစ်နေသလို လာလီဂါ ဆုဖလား အတွက်ကိုတော့ မက်ဒရစ် မြို့ခံနှစ်သင်းနဲ့ ဘာစီလိုနာတို့ နောက်ဆုံး အချိန်အထိ အကြိတ်အနယ် လုရမယ့် သဘောရှိနေပါတယ်။
 

 

အမှတ်ပေးဇယား ရပ်တည်မှုနဲ့ ရမှတ် ကွာဟချက်

အက်တလက်တီကို မက်ဒရစ်တို့ အစောပိုင်းက ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ်ကို အမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ဆီဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရမှတ် ကွာဟချက်က တော်တော်လေး ကျဉ်းမြောင်းသွားခဲ့ပါတယ်။ လက်ရှိ ဒုတိယနေရာက ဘာစီလိုနာနဲ့ ၁ မှတ်သာ ကွာဟပြီး ရီးရဲယ်မက်ဒရစ်နဲ့ ကလည်း ၃ မှတ်သာ ကွာဟတော့လို့ လက်ကျန်ပွဲတွေမှာ အမှားနည်းနည်းနဲ့ ရမှတ် အများဆုံး ရှာနိုင်တဲ့ အသင်းက ဗိုလ်ဆွဲနိုင်မယ့် သဘော ဖြစ်သွားခဲ့ပါတယ်။ ရာသီကုန်အထိ ၉ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ၃ သင်းစလုံး အိမ်ကွင်း ပွဲစဉ် ၄ ပွဲနဲ့ အဝေးကွင်း ပွဲစဉ် ၅ ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ရီးရဲယ်မက်ဒရစ်တို့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ် ရောက်နေပြီ ဖြစ်လို့ ကျန်နှစ်သင်းထက် ပွဲပိုကစားရဖို့တော့ ရှိနေပါတယ်။ 
 

ဘာစီလိုနာ

လက်ကျန်ပွဲတွေ အရဆိုရင် လာလီဂါ ပွဲကြပ် အများဆုံး ကစားရမယ့် အသင်းက ဘာစီလိုနာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ ဂီတာဖေး၊ ဂရန်နာဒါ၊ အက်တလက်တီကို မက်ဒရစ်၊ ဆဲလ်တာဗီဂို တို့ကို လက်ခံကစားရမှာ ဖြစ်လို့ အက်တလက်တီကိုနဲ့ တစ်ပွဲပဲ ခက်ခဲနိုင်ပါတယ်။ အဝေးကွင်း ပွဲစဉ်တွေမှာတော့ ခြေစွမ်းမာကျောတဲ့ အသင်းတွေနဲ့ချည်းပဲ ကစားဖို့ ကျန်နေတာ ဖြစ်ပြီး ရီးရဲယ်မက်ဒရစ်၊ ဗီလာရီးရဲယ်၊ ဗလင်စီယာ၊ လီဗန်တေး၊ အီဘာတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ မက်ဒရစ် မြို့ခံနှစ်သင်း အပြင် ဗီလာရီးရဲယ်၊ ဗလင်စီယာ တို့နဲ့ ပွဲတွေ မှာတော့ မထင်မှတ်ပဲ ခြေချော်နိုင်ပါတယ်။

လက်ကျန်ပွဲတွေ အရဆိုရင် လာလီဂါ ပွဲကြပ် အများဆုံး ကစားရမယ့် အသင်းက ဘာစီလိုနာ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာ

 

ရီးရဲယ်မက်ဒရစ်

ဘာစီလိုနာ နီးပါး ပွဲကြပ်ကစားရမယ့် အသင်းကတော့ ရီးရဲယ်မက်ဒရစ်ပါ။ တစ်ချက်ရှိတာက ဇီဒန်းရဲ့ အသင်းက အဝေးကွင်း ပွဲစဉ်တွေမှာ ဂီတာဖေး၊ ကာဒစ်ဇ်၊ ဂရန်နာဒါ၊ ဘီလ်ဘာအိုတို့လို လွယ်ကူတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံနေပေမယ့် အိမ်ကွင်းမှာတော့ ဘာစီလိုနာ၊ ရီးရဲယ်ဘက်တစ်၊ အိုဆာဆူနာ တို့အပြင် ဆီဗီလာ၊ ဗီလာရီးရဲယ်တို့နဲ့ ကစားရမှာ ဖြစ်လို့ မသိမသာ ပွဲကြပ်နေပါတယ်။ ဒါပေမယ့် လက်ရှိ ခြေစွမ်းအရဆိုရင် ရီးရဲယ်မက်ဒရစ်တို့ ဘာစီလိုနာနဲ့ အက်ကလက်ဆီကိုဒါဘီ တစ်ပွဲပဲ ခက်ခဲနိုင်ပြီး သေချာအာရုံစိုက်ကစားရင် ကျန်အသင်းတွေအားလုံးကို အနိုင်ယူနိုင်စွမ်း အပြည့်ရှိနေပါတယ်။
 

အက်တလက်တီကို မက်ဒရစ်

အားလုံးထဲမှာ ပွဲအချောင်ဆုံးက အက်တလက်တီကို မက်ဒရစ် ဖြစ်ပါတယ်။ ဘက်တစ်၊ ဘီလ်ဘာအို၊ အဲလ်ချီ၊ ဘာစီလိုနာ၊ ဗယ်လာဒိုးလစ်တို့ကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်ပြီး အိမ်ကွင်း မှာတော့ အီဘာ၊ ဟျူးစကား၊ ရီးရဲယ်ဆိုစီဒက်၊ အိုဆာဆူနာတို့နဲ့ ကစားဖို့ ကျန်နေပါတယ်။ တစ်ခု သတိပြုရမှာက အက်တလက်တီကို တို့ နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းကျဆင်းနေပြီး အဓိက တိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ လူးဝစ်ဇ် ဆွာရက်ဇ်၊ ဂျာအိုဖီးလစ်နဲ့ မူဆာဒမ်ဘီလီတို့ ဒဏ်ရာရနေလို့ ၃ မှတ်အပြည့်မရတဲ့ ပွဲစဉ်တွေ ရှိကောင်းရှိလာနိုင်ပါတယ်။
 

ထင်မြင်သုံးသပ်ချက်

လက်ရှိ ခြေစွမ်း၊ ကစားဖို့ ကျန်ရှိနေတဲ့ ပွဲတွေ၊ ဒဏ်ရာရကစားသမား အခြေအနေတွေ အားလုံးကို ခြုံငုံသုံးသပ်ရရင် လက်ရှိချန်ပီယံ ရီးရဲယ်မက်ဒရစ်တို့ပဲ လာလီဂါ ချန်ပီယံဆုကို သိမ်းပိုက်သွားမယ်လို့ ထင်နေပါတယ်။ လက်တလောမှာ ရီးရဲယ်မက်ဒရစ်တို့ နောက်ကနေ လိုက်ပြီး ဖိအားပေးနေပေမယ့် ဇီဒန်းရဲ့ အသင်းက ရှိတဲ့လူနဲ့ အကောင်းဆုံး ကစားပြနေသလို ကျန်အသင်းတွေ အားလုံးထက်လည်း ခြေစွမ်းပိုပြီး တည်ငြိမ်နေလို့ ရီးရဲယ်မက်ဒရစ်ကိုပဲ ပိုပြီး သဘောကျနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သေချာတာတစ်ခုက “ဘောလုံးဆိုတာ ဘာမဆို ဖြစ်သွားနိုင်လို့ အဆုံးထိ ကြည့်မှပဲ အဖြေသိရပါလိမ့်မယ်” လို့ ပြောကြားရင်း…။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်