နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်းမှာ ရလဒ်ကောင်းရှာဖွေမယ့် အက်တလက်တီကို မက်ဒရစ်ကို အားပေးကြမယ် – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်ဆိုစီဒက် vs အက်တလက်တီကို မက်ဒရစ်

အခုတစ်ပတ်မှာ ကစားမယ့် လာလီဂါ ပွဲစဉ်တွေထဲက ရီးရဲယ်ဆိုစီဒက်နဲ့ အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ ပွဲစဉ်ကို SBOTOP လာလီဂါ ပရိသတ်တွေ အတွက်ပွဲကြို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ လက်ရှိ လာလီဂါရဲ့ ထိပ်ဆုံးမှာ ရပ်တည် နေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ရေး အတွက် အားစိုက်ကစားလာကြမှာ ကျိန်းသေနေပါတယ်။

ရီးရဲယ်ဆိုစီဒက်တို့ ရာသီအစမှာ ရလဒ်တွေ တောက်လျောက်ကောင်းခဲ့ပေမယ့် လာလီဂါ ပွဲစဉ် ၁၀ ကစားပြီး ကတည်း က ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး သရေပွဲ ၆ ပွဲ၊ ရှုံးပွဲ ၂ ပွဲရှိထားပါတယ်။ နောက်ဆုံးကစားခဲ့ လာလီဂါ ပွဲစဉ် ၂ ပွဲမှာ ဘာစီလိုနာနဲ့ လီဗန်တေး ကို ၂-၁ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားပါတယ်။ အဲ့ဒီပွဲစဉ် ၂ ပွဲကို ပြန်ကြည့်ရမယ်ဆိုရင် ဆိုစီဒက်တို့ နှစ်ပွဲစလုံး ဦးဆောင်ဂိုး ရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရလို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ၁၅ ပွဲကစား၊ ၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၂၆ မှတ် ရရှိထားပါတယ်။ လက်ရှိ ရီးရဲယ်ဆိုစီဒက်မှာ မီခယ် အိုရာဇာဘယ်၊ မာရီနို၊ ယာနူဇက်၊ ဒါးဗစ်ဆေးလ်ဗား၊ နာချို မွန်ရီရယ်တို့ ခြေစွမ်းပြနေပြီး အခုပွဲမှာလည်း ဘယ်တောင်ပံကစားသမား အိုရာဇာဘယ်ကို စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ အသက် ၂၃ နှစ်အရွယ် စပိန်တောင်ပံ တိုက်စစ်မှူး အနေနဲ့ ၁၁ ပွဲ ကစားရာ မှာ ၇ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။

 
အက်တလက်တီကို မက်ဒရစ်ရဲ့ ဒီရာသီ စွမ်းဆောင်ရည်ကတော့ တော်တော်လေး ကောင်းနေတယ်လို့ ဆိုနိုင်ပြီး အဓိကပြိုင်ဘက်တွေထက် ပွဲလျော့ကစားထားကာ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ လက်ရှိ မှာ အက်တလက်တီကိုမက်ဒရစ်တို့ အမှတ်ပေးဇယား ဒုတိယနေရာက ရီးရဲယ်မက်ဒရစ်ထက် ၂ ပွဲလျော့၊ တတိယ နေရာက ရီးရဲယ်ဆိုစီဒက် ထက် ၃ ပွဲလျော့ ကစားထားပြီး ထိပ်ဆုံးက ဦးဆောင်နေနိုင်တာကတော့ နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းကို အားလုံးထက် အားသာချက် ရှိနေစေတာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်တို့ ဒီရာသီ လာလီဂါမှာ ရီးရဲယ်မက်ဒရစ် တစ်သင်းတည်းကို ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး ကျန်ပွဲစဉ်တွေ အားလုံးကိုတော့ အနိုင်ရထားပါတယ်။ အက်တလက်တီကိုမက်ဒရစ်တို့ ဟျူးစကား၊ ဗီလာရီးရဲယ် နှစ်သင်းကို သရေကျပြီး ဘာစီလိုနာ၊ ဗလင်စီယာ၊ ဆဲလ်တာဗီဂို တို့လို အသင်းကောင်းတွေကိုတော့ အနိုင်ရထားပါတယ်။ အက်တလက်တီကိုမက်ဒရစ်တို့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၄ ပွဲနိုင်၊ ၁ ပွဲရှုံးထားကာ တိုက်စစ်က ရဂိုး ၁၀ ဂိုးရရှိထားပြီး ပေးဂိုးကတော့ ၃ ဂိုးပဲ ရှိထားပါတယ်။ ဒီပွဲမှာ အဓိကထား စောင့်ကြည့်ရမယ့် ကစားသမားကတော့ လူးဝစ်ဆွာရက်ဇ် ဖြစ်ပြီး ၉ ပွဲ ကစားရာမှာ ၇ ဂိုးသွင်းထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရီးရဲယ်ဆိုစီဒက်တို့ ရာသီအစမှာ ရလဒ်တွေ တောက်လျောက်ကောင်းခဲ့ပေမယ့် လာလီဂါ ပွဲစဉ် ၁၀ ကစားပြီး ကတည်းက ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ရီးရဲယ်ဆိုစီဒက်

ရီးရဲယ်ဆိုစီဒက်နဲ့ အက်တလက်တီကို မက်ဒရစ်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၄ ကြိမ်မှာ အက်တလက်တီကို မက်ဒရစ်က ပြတ်ပြတ်သားသား အသာရထားခဲ့တာ တွေ့ရပါတယ်။ အက်တလက်တီကို မက်ဒရစ်တို့ ၁၅ ကြိမ် အနိုင်ရထားပြီး ရီးရဲယ်ဆိုစီဒက်ကတော့  ၆ ကြိမ်ပဲ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ သရေပွဲကတော့ ၃ ပွဲပဲ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ရီးရဲယ်ဆိုစီဒက်က တစ်ကြိမ် အနိုင်ရပြီး တစ်ကြိမ်ကတော့ သရေကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးရဲယ်ဆိုစီဒက် vs အက်တလက်တီကို မက်ဒရစ် အချိန်ပြည့် 1X2 ဧည့်သည် @ ၂.၄၄ဆ
ဒီဇင်ဘာလ ၂၃ ရက်, ည ၁:၁၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၉၇ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၄၄ဆ ကြေးဖွင့်ပြီး သရေ အတွက် ၃.၁၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ  ကြည့်မယ်ဆိုရင် နှစ်သင်းစလုံးက အဘက်ဘက်မှာ တောင့်တင်းနေတယ်ဆိုပေမယ့် အက်တလက်တီကို မက်ဒရစ်က ခြေစွမ်း ပိုကောင်းနေပါတယ်။ လူးဝစ် ဆွာရက်ဇ် ဦးဆောင်နေတဲ့ တိုက်စစ်က နောက်ဆုံး ၃ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားတာကို ကြည့်ခြင်းအားဖြင့် ဘယ်လောက်အထိ ထက်မြတ်နေတယ်ဆိုတာ သိသာပါတယ်။ လက်ရှိ လာလီဂါမှာ ပြိုင်ဘက်အားလုံးထက် ပွဲလျော့ ကစားထားပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ အက်တလက်တီကိုတို့ ခြေချော်ခွင့်ရှိပေမယ့် အမှတ်ပေးဖလားယူဖို့ ပစ်မှတ် ထားနေတဲ့ ဆီမြွန်နီအနေနဲ့ အမှားခံမှာတော့ မဟုတ်ပါဘူး။ အဝေးကွင်းမှာ လာကစားမယ့် အက်တလက်တီကို မက်ဒရစ် ဘက်မှာ ရပ်တည်ကြရအောင်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်