ဆမ်ဒိုးရီးယား – နာပိုလီ
ဆမ်ဒိုးရီးယားနဲ့ နာပိုလီတို့ ကစားမယ့် စီးရီးအေ ပွဲစဉ်ကလည်း မထင်မှတ်ပဲ စိတ်ဝင်စားဖို့ ကောင်းလာနိုင်ပါတယ်။ ခြေစွမ်းမကောင်းတဲ့ ဆမ်ဒိုးရီးယားတို့ ရမှတ်လိုနေတဲ့ နာပိုလီရဲ့ ရုန်းအားကို အိမ်ကွင်းမှာ ပွဲချိန်ပြည့် ခံကစားဖို့ မလွယ်ကူနိုင်လို့ နာပိုလီကို အားပေးတာ မမှားပါဘူး။
နည်းပြကြီး ကလော်ဒီယို ရာနီရေးရီ ရဲ့ ဆမ်ဒိုးရီးယား ဟာ ပြီးခဲ့တဲ့ ရာသီတုန်း ကလောက် ခြေစွမ်း အရမ်းမဆိုးတော့ ပေမယ့် နိုင်ပွဲရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၇ ပွဲမှာ နိုင်ပွဲ တစ်ပွဲသာရရှိခဲ့ပြီး သရေ ၃ ပွဲ၊ ရှုံးပွဲ ၃ ပွဲ ရှိထားပါတယ်။ လက်ရှိ အဆင့် ၁၀ မှာ ရှိနေတဲ့ ဆမ်ဒိုးရီးယား တို့အတွက် ဘာမျှော်လင့်ချက်မှ မရှိသလို ဖိအားလည်း ကင်းနေလို့ ရာသီကုန်ရင် အမှတ်ပေးဇယား အလယ်လောက်မှာပဲ ရပ်တည်နိုင်ဖို့ ထိန်းကစားရတော့မှာ ဖြစ်ပါတယ်။ ကွယ်ဂလီရယ်လာ၊ ကန်ဒရီဗာ၊ ဂတ်ဘီယာဒီနီတို့လို သက်ကြီးကစားသမားတွေပဲ စုနေတဲ့ ဆမ်ဒိုးရီးယားရဲ့ တိုက်စစ်ကစားပုံကို အထင်သေးလို့တော့ မရပါဘူး။ ဒီရာသီအတွက် ကစားခဲ့တဲ့ ပွဲတိုင်းနီးပါးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ပြိုင်ဘက်ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ အခုပွဲမှာတော့ အက်ဒဲလ်၊ တိုရီဂရော့ဆာ၊ ဆေးလ်ဗား တို့လို ကစားသမားတွေ ဒဏ်ရာကြောင့် ကစားနိုင်မှာ မဟုတ်ပါဘူး။
ဂတ်တူဆိုရဲ့ နာပိုလီ ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြန်တက်လာလို့ ရလဒ်တွေလည်း တောက်လျောက် ပြန်ကောင်းနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာဆိုရင် ဂျူဗင်တပ်စ် တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့ပြီး အေစီမီလန်နဲ့ ရိုးမား ကိုတောင် အနိုင်ရခဲ့ပါတယ်။ တစ်ချက်ရှိတာက နာမည်ကျော်ခံစစ်မှူး ကိုလီဘာလီရဲ့ စွမ်းဆောင်ကျဆင်းနေသလို အမှားတွေ မကြာခဏ လုပ်နေလို့ ဂိုးတွေ ပြန်ပေးနေရပါတယ်။ ဒါ့ကြောင့် အခုပွဲမှာလည်း ပြိုင်ဘက် နောက်တန်းရဲ့ အထာကိုနပ်တဲ့ ဆမ်ဒိုးရီးယား ဝါရင့်တိုက်စစ်မှူးတွေကြောင့် အလုပ်ရှုပ်ရဦးမယ့် သဘောရှိနေပါတယ်။ နာပိုလီတို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ရလဒ်ကောင်းရင် ကောင်းသလောက် ထိပ်ပိုင်းကို တက်လှမ်းခွင့် ရှိနေပါတယ်။ ခြေချော်ခဲ့ရင်လည်း ဥရောပပြိုင်ပွဲ ဝင်ခွင့်တစ်နေရာကိုတောင် ဆုံးရှုံးရမှာ ဖြစ်လို့ နာပိုလီတို့ မဖြစ်မနေ သေချာအာရုံစိုက် ကစားရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ တိုက်စစ်က လော်ရန်ဇို အင်ဆစ်ဂ်နီ၊ မာတန်စ်၊ လိုဇာနိုတို့ရဲ့ ထိုးဖောက်မှုတွေ ဘယ်လောက်အထိ ထိရောက်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဆမ်ဒိုးရီးယားတို့ နာပိုလီနဲ့ နောက်ဆုံး တွေ့ဆုံမှု အကြိမ် ၂၀ မှာ ၁ ကြိမ်ပဲ အနိုင်ရခဲ့ပြီး နာပိုလီ ကတော့ ၁၆ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ပိုင်း တွေ့ဆုံမှု တော်တော်များများမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရလေ့ရှိပြီး ဆမ်ဒိုးရီးယားတို့ နာပိုလီနဲ့ နောက်ဆုံးကစားထားတဲ့ ၄ ပွဲစလုံးမှာတော့ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဆမ်ဒိုးရီးယား vs နာပိုလီ | 1X2 နာပိုလီ @ 1.76 | |
ဧပြီလ ၁၁ ရက်, ည ၇:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၅.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၆၆ ဆ ကြေးဖွင့်ပြီး သရေအတွက် ၄.၀၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ကူလီဘာလီ ဦးဆောင်တဲ့ နာပိုလီ ခံစစ်က အမှားများနေပြီး ဂိုးတွေလည်း ပေးနေရတာကြောင့် ဝါရင့်တိုက်စစ်မှူးတွေ ဦးဆောင်လာမယ့် ဆမ်ဒိုးရီးယား တိုက်စစ်ကို ရင်ဆိုင်ရာမှာ ခက်ခဲလာပါလိမ့်မယ်။ ဥရောပဝင်ခွင့််အတွက် မဖြစ်မနေ ရမှတ်ရှာဖွေရမယ့် နာပိုလီတို့ကို ယုံကြည်ထားချင်ပေမယ့် ဂိုးတွေ ပြန်ပေးရမှာကိုတော့ သတိပြုရပါမယ်။ အပြန်အလှန် သွင်းဂိုးတွေ နဲ့ နာပိုလီ ကပ်နိုင်သွားမယ် ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.