နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝါရောင်တံတိုင်းကို မကျော်ခဲ့တဲ့ စပိန်နဲ့ အိတ်ပေါက်နဲ့ဖားကောက်နေဆဲ ဂျာမနီတို့ရဲ့ စိတ်ပျက်စရာ နေးရှင်းလိဂ်ည

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ်အေ အုပ်စု ၄ ပွဲစဉ်တွေမှာတော့ စပိန်က ယူကရိန်းကို ရှုံးနိမ့်ပြီး ဂျာမနီက ဆွစ်ဇာလန်ကို သရေကျသွားခဲ့ပါတယ်။ ဥရောပထိပ်သီးအသင်းနှစ်သင်းအတွက်တော့ စိတ်ပျက်စရာ ရလဒ် တွေဖြစ်ပြီး ၂၀၂၀ နေးရှင်းလိဂ် ရှုံးထွက်အဆင့် တက်ရောက်ရေးအတွက် ဂျာမနီ၊ စပိန်နဲ့ ယူကရိန်းတို့ အပြိုင်အဆိုင် ဖြစ်သွားခဲ့ပါတယ်။
 

ယူကရိန်း ၁ – ၀ စပိန်

လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ စပိန်ကတော့ ကိဗ်မြို့က အန်အက်စ်ကေ အိုလံပစ်ကွင်းမှာ ယူကရိန်းကို နေးရှင်းလိဂ် အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ရင်ဆိုင်ခဲ့ပြီး ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ ရပါတယ်။ စပိန်တို့ ပြိုင်ဘက်ကို ခြေစွမ်းအသာနဲ့ တစ်ဖက်သတ်ဖိ ကစားနိုင်ခဲ့ပေမယ့် ဂိုးသမား ဂျော့ချ် ဘတ်ရှန်း ရဲ့လက်စွမ်းပြမှုနဲ့ အတူ တစ်ပွဲလုံးမှာမှ တစ်ကြိမ်ပဲရခဲ့တဲ့ အခွင့်အရေးကို ယူကရိန်းတို့ အမိအရ အသုံးချသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ တိုက်စစ်ကောင်းလှပါတယ်လို့ဆိုတဲ့ စပိန်ဟာ ရှက်ဗ်ချန်ကို ကိုင်တွယ်နေတဲ့ ယူကရိန်းရဲ့ အဝါရောင် တံတိုင်းကြီး ကျော်ဖြတ်ဖို့ ရုံးကန်ခဲ့ရသလို တစ်ပွဲလုံး အပိုင်အခွင့်အရေး ၈ကြိမ် ကို ကာကွယ်သွားခဲ့တဲ့ ဒိုင်နမိုကိဗ် ဂိုးသမား ဘက်ရှမ်းရဲ့ စွမ်းဆောင်ရည်ကိုတော့ မဖြစ်မနေ ချီးကျူးရမှာပါ။ စပိန်တို့ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၁ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ယူကရိန်းကတော့  တစ်ပွဲလုံးမှာမှ စပိန်ဂိုးပေါက်ကို  ၂ကြိမ်ပဲ ကန်ခွင့်ရခဲ့ပါတယ်။ ယူကရိန်းရဲ့ သမိုင်းဝင်နိုင်ပွဲအတွက် အနိုင်ဂိုးကို ပွဲချိန် ၇၆မိနစ်မှာ တောင်ပံက ယာမိုလန်ကိုရဲ့ဖန်တီးပေးပို့မှုကတစ်ဆင့် လူစားဝင် တိုက်စစ်မှူး ဗစ်တာ ဆီဂန်ကော့ဗ်က ဂိုးဧရိယာအပြင်ကနေ ဂိုးသမား ဒယ်ဟဲရားကို ကျော်ပြီး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားဆုကိုတော့ ယူကရိန်းဂိုးသမား ဘက်ရှမ်းက ရရှိသွားပြီး နောက် တန်းက မိုင်ကိုလန်ကို၊ ဂိုးဖန်တီးပေးခဲ့တဲ့ ယာမိုလန်ကို၊ ဂိုးသွင်းယူပေးခဲ့တဲ့ ဆီဂန်ကော့ဗ် တို့ဟာ စပိန်ကို  သမိုင်းတစ် လျှောက် အဓိက ပြိုင်ပွဲတွေမှာ ပထမဦးဆုံးအကြိမ် အနိုင်ရဖို့ အဓိက စွမ်းဆောင်ပေးခဲ့သူတွေ ဖြစ်ပါတယ်။ အခုပွဲရလဒ် ကြောင့် ယူကရိန်း တို့ နေးရှင်းလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
 

ဂျာမနီ ၃ – ၃ ဆွစ်ဇာလန်

ဂျာမနီတို့ ၂၀၂၀ နေးရှင်းလိဂ်မှာ ၄ပွဲကစားထားရာမှာ ၃ပွဲသရေကျပြီး ၁ပွဲပဲအနိုင်ရထားပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ၅ပွဲကစားရာမှာ ၄ပွဲသရေကျထားတဲ့ ဂျာမနီ

ဂျာမနီအတွက်ကတော့ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းနေခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ ဂျိုအာချင်လိုးရဲ့ အသင်းမှာ ခြေစွမ်းထက်မြတ်တဲ့ လူငယ်ကစားသမားတွေ အများအပြားရှိနေပေမယ့် ပွဲတိုင်း နီးပါး အိတ်ပေါက်နဲ့ ဖားကောက်နေရသလို တိုက်စစ်က ဂိုးတွေရပေမယ့် ခံစစ်ကဂိုးတွေ ပြန်ပေးနေရပါတယ်။ ဂျာမနီတို့ ၂၀၂၀ နေးရှင်းလိဂ်မှာ ၄ပွဲကစားထားရာမှာ ၃ပွဲသရေကျပြီး ၁ပွဲပဲအနိုင်ရထားပါတယ်။ ဒါတောင် ကြားရက်မှာကစားခဲ့တဲ့ တူရကီနဲ့ ခြေစမ်းပွဲမှာ သရေကျခဲ့တာကို ထည့်တွက်ရင် သရေ ၄ပွဲ အထိရှိနေခဲ့ပါပြီ။ ပြီးခဲ့တဲ့ပွဲမှာ ယူကရိန်းကို အနိုင် ရခဲ့လို့ ဂျာမနီတို့ သရေကပ်ဆိုးကနေ ရုံးထွက်နိုင်ပြီလို့ထင်ခဲ့ရပေမယ့် ဆွစ်ဇာလန်နဲ့ပွဲမှာတော့ ခံစစ်က ရူဒီဂါ၊ ဂင်တာ၊ ဂိုဆင်၊ ကလော့တ်စတာမန်တို့ရဲ့ ပေါ့လျော့မှုတွေကြောင့် ဂျာမနီတို့ သရေတစ်မှတ်အတွက်တောင် ရုံးကန်ခဲ့ရတာပါ။ ဆွစ်ဇာလန််တို့ ဂါဗရန်နိုဗစ်၊ ဖရီအူလာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တီမီုဝါနာက ဂျာမနီအတွက် ချေပဂိုး တစ်ဂိုးပြန်ယူပေးနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ဆွဇ်တို့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ၅၅မိနစ်မှာတော့ ကိုင်ဟာဗက်ဇ်က ဒုတိယမြောက် ချေပဂိုးရယူပေးခဲ့ပေမယ့် ၂မိနစ်အကြာမှာ နောက်ခံလူတွေရဲ့ ပေါ့ဆမှုကနေ ဂါဗရန်နိုဗစ်က ပြေးဝင်ကန်သွင်းပြီး ဆွစ်ဇာလန်အတွက် ဦးဆောင်ဂိုးထပ်ယူပေးခဲ့ပြန်ပါတယ်။ အဲ့နောက်မှာတော့ ဂျာမနီတို့ ချေပဂိုးအတွက် တရစပ်ဖိအားပေးကစားပြီး မိနစ် ၆၀မှာ တီမိုဝါနာရဲ့ တောင်ပံက ချိုးပေးတဲ့ဘောလုံးကို ဂနာဘရီက ပါးပါးနပ်နပ်နဲ့ လမ်းကြောင်းပြောင်းပေးပြီး ချေပဂိုးရယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ် ၃၀မှာတော့ နှစ်ဖက်စလုံး ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ၃-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

 

လာမယ့်ပွဲစဉ်များ

ဒီတစ်ပတ်မှာကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်တွေကတော့ မနက်ဖြန်မနက် အစောပိုင်းပွဲစဉ်တွေ ကစားပြီးရင်တော့ ခဏပြန်နားပါပြီ။ လာမယ့်နိုဝင်ဘာလ ဒုတိယအပတ်မှပြန်လည်စတင်ဖို့ရှိနေပြီး ဂျာမနီက ယူကရိန်း၊ စပိန်က ဆွစ်ဇာလန်တို့နဲ့ ကစားဖို့ ရှိနေပါတယ်။ လက်ရှိ နေးရှင်းလိဂ်အေ အုပ်စု ၄ အဆင့်ရပ်တည်မှုအရ စပိန်က ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံး ကဆက်လက်ဦးဆောင်ပြီး ဂျာမနီနဲ့ ယူကရိန်းက ၆ မှတ်စီနဲ့ အထက်အောက် ရပ်တည်နေပါတယ်။ အဲ့နောက်မှာတော့ ဆွစ်ဇာလန် ကတော့ရမှတ် ၂မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်