နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆွစ်ဇာလန်ကို သက်တောင့်သက်သာ အနိုင်ယူပြီး နေးရှင်းလိဂ်အေ အုပ်စု ၄ကို ဆက်လက်ဦးဆောင်မယ့် စပိန်

စပိန် vs ဆွစ်ဇာလန်

လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁နာရီ ၁၅မိနစ်မှာ ယှဉ်ပြိုင်ကစားမယ့်  ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အေ အုပ်စု ၄ က စပိန်နဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်ကို  SBOTOP ဘောလုံးပရိသတ်တွေ အတွက် ကြိုတင် ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။

 
စပိန်ကတော့  ယူအီးအက်ဖ်အေ  နေးရှင်းလိဂ်အေ ရဲ့အုပ်စု ၄မှာ နှစ်ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ပွဲသရေ နဲ့ ရမှတ် ၄ မှတ် ရရှိထားတာကြောင့် အုပ်စု ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ စပိန်တို့ ဒီနှစ်အတွက် ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အေ အဖွင့်ပွဲစဉ်မှာ ဂျာမနီနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပွဲမှာတော့ ယူကရိန်းကို ၄ဂိုးပြတ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းရဲ့ လက်ရှိခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် ဥရောပထိပ်သီးလိဂ် တော်တော်များများမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေရဲ့ တောက်ပမှုနဲ့ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ အထိ ရည်မှန်းချက်ထားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အင်းနရစ်ခ် လက်အောက်မှာ ၂၀၁၈- ၂၀၁၉ တုန်းက  ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အေ မှာ ခရိုအေးရှားကို ရှံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ရှံးပွဲ လုံးဝမရှိသေးပါဘူး။ ယူရိုခြေစစ်ပွဲ အုပ်စုပွဲစဉ် ၁၀ ပွဲကစားရာမှာ ၉ အထိ အနိုင်ရထားပြီး ခြေစစ်ပွဲ အောင်မြင် ထား သလို လွန်ခဲ့တဲ့ ၈ နှစ်ကျော်က အောင်မြင်မှုမျိုး တကျော့ပြန်ရယူနိုင်မလားဆိုပြီး အားလုံးရဲ့  စောင့်ကြည့်ခြင်း ကို ခံနေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပေါ်တူဂီနဲ့ ခြေစမ်းပွဲမှာလည်း အိမ်ရှင်ကို တစ်ဖက်သတ် ဖိကစား ပြီး ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှုစတာတွေမှာ အဘက်ဘက်က အသာစီး ရယူ ကစားနိုင်ခဲ့တာတွေ့ရပါ တယ်။

နေးရှင်းလိဂ်အေ အဖွင့်ပွဲမှာ ယူကရိန်းကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့
၂ပွဲကစား၊ ၁ပွဲသရေ၊ ၁ပွဲရှုံး၊ ရမှတ် ၁မှတ်နဲ့ အုပ်စုအောက်ဆုံးရောက်နေတဲ့ ဆွစ်ဇာလန်

ဧည့်သည် ဆွစ်ဇာလန်အသင်း ကတော့ လက်ရှိ ခြေစွမ်းအရ စပိန်အတွက် ပြိုင်ဘက်ကောင်း လုံးဝဖြစ်လာနိုင်ဖို့ မရှိပါဘူး။ လက်ရွေးစင်အသင်းမှာ အရည်အသွေးရှိတဲ့ ထိပ်တန်းကစားသမားဆိုလို့ ရှာကာ၊ ဖေဘီယန်ရှား၊ ရီကာဒိုရိုဒရီဂွက်ဇ် တို့ သာရှိပါတယ်။ ပွဲပေါင်း ၈၀ ကျော်ကစားပေးထားတဲ့ ရှကီရီ အနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိဘူးလို့ အဖြေထွက်ထားလို့ ဆွစ်ဇာလန်တို့ ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။  ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အေ အဖွင့်ပွဲမှာ ယူကရိန်းကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပေမယ့် ဂျာမနီနဲ့ ပွဲမှာတော့ ပုံစံကောင်းပြန်ရပြီး သရေ ၁ မှတ်ရရှိအောင် ကစားထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ ကြည့်မယ်ဆိုရင် ၂၀၁၈ ခုနှစ်က ချစ်ကြည်ရေးခြေစမ်းပွဲမှာ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံ ထားပြီး သရေကျထားပါတယ်။ ဆွစ်ဇာလန်တို့ နောက်ဆုံးကစားထားတဲ့ ၃ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး စပိန်ကတော့ သရေ ၂ပွဲကျထားပြီး ဂိုးပြတ်နိုင်ပွဲ တစ်ပွဲရထားပါတယ်။ ဖီဖာရဲ့ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၇ နေရာ မှာရှိနေတဲ့ စပိန်နဲ့ အဆင့် ၁၄ ဆွစ်ဇာလန်တို့ရဲ့ လက်ရှိလူစာရင်းကို ကြည့်မယ်ဆိုရင်လည်း စပိန်မှာ ဘယ်နောက်ခံ ကစားသမား ရက်ဂီလွန် ဒဏ်ရာရနေလို့ လွဲချော်နိုင်ပေမယ့် ကျန်ကစားသမားတွေ အားလုံး ပါဝင်လာဖို့ ရှိပါတယ်။ ဆွစ်ဇာလန်မှာတော့ အဓိကကစားသမား ၅ဦးလောက် ဗိုင်းရပ်စ်နဲ့ ဒဏ်ရာ ပြသနာတွေကြောင့် လွဲချော်မှာ ဖြစ်ပါ တယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
စပိန် vs ဆွစ်ဇာလန် 1X2 စပိန် @ 1.37
အောက်တိုဘာလ ၁၁ ရက်, မနက် ၁:၁၅ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ ဆိုရင်တော့ အိမ်ရှင်အသင်းအတွက် ၁.၃၇ဆ ကြေးဖွင့်ပြီး ဧည့်သည် အသင်း ဘက် ကတော့  ၈.၂၅ဆ ကြေးဖွင့် ထားသလို သရေရလဒ် အတွက်ကိုတော့ ၄.၃၀ ဆအထိ ကြေးဖွင့် ထားပါတယ်။ လက်ရှိ အသင်းရဲ့ လူအင်အားချင်း နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တောင် စပိန်နဲ့ ဆွစ်ဇာလန်တို့ ကွာခြားချက် ကြီးမားနေပါ တယ်။ သက်ဆိုင်ရာ ကလပ်အသီးသီးမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိပြီး ခြေစွမ်းပြနေတဲ့ စပိန်ကို ဥရောပ အလယ်အလတ်တန်းကလပ် တွေမှာကစားနေတဲ့ သက်ကြီးကစားသမားစုဖွဲ့မှုက ဘယ်လိုမှ ယှဉ်နိုင်ဖို့မရှိပါဘူး။ ဒါပေမယ့် ဂိုးကွာခြားချက် နည်းနည်းနဲ့ပဲ  စပိန်တို့ ကပ်အနိုင်ရသွားမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်