နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းအသာနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်တက်သွားတဲ့ ဆီဗီလာ

ဆီဗီးလား ၂ – ၀ ရိုးမား

မနေ့ညက ယှဥ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပွဲစဥ် တွေထဲက ဆီဗီးလားနဲ့ ရိုးမားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ယူရိုပါလိဂ်မှာ အစဥ်အလာကြီးတဲ့ ဆီဗီးလားတို့ပဲ နှစ်ဂိုးပြတ်နဲ့ အနိုင်ရပြီးတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပါတယ်။ဒီပွဲကိုတော့ ကြားကွင်းဖြစ်တဲ့ ဂျာမနီနိုင်ငံက ဒူရစ်ဘာဂ့်ကွင်းမှာ တစ်ကျော့တည်း အဆုံးအဖြတ် ကစားစေခဲ့တာလည်း ဖြစ်ပါတယ်။တစ်ပွဲတည်း ကစားရမှာ ဖြစ်လို့ နောက်တစ်ဆင့်တက်ရောက်နိုင်ရေး နှစ်သင်းစလုံး အကြိတ်အနယ် ကစားသွားခဲ့ကြပါတယ်။ရိုးမားတို့ နောက်ဆုံး ကစားထားတဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြန်တက် နေတယ်ဆိုပေမယ့် ဒီပွဲမှာတော့ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း လိုပက်တက်ဂွီကိုင်တွယ်နေတဲ့ ဆီဗီးလားကို ခြေစွမ်းခြင်းဘယ်လိုမှ ယှဥ်လို့မရခဲ့ပါဘူး။ ရီးရဲမက်ဒရစ် အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဘယ်တောင်ပံကစားသမား ဆာဂျီယို ရက်ဂွီလွန် တိုက်စစ်က လူးကပ်စ်အိုကန်ပိုစ့်၊ ဆူဆို၊ ယူဆက်ဖ်အန် နီဆီရီတို့ ခြေစွမ်းပြခဲ့ပြီး ပထမပိုင်းသွင်းဂိုး တွေနဲ့ ရိုးမားကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဆီဗီးလားရဲ့ လျင်မြန်တဲ့ တိုက်စစ်ကို ရိုးမားတို့ ထိန်းချုပ်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် တကယ်တမ်းကစားတဲ့အချိန် မှာ ရိုးမားနောက်ခံလူတွေအပြင် ဂိုးသမား ပေါင်လိုပက်ဇ် အမှားများခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုးမားတို့ ဒီနှစ်အတွက် ယူရိုပါလိဂ်ကို ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဆီဗီးလားကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ အဂ်လန်ကလပ် ၀ုဗ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ဒီနှစ်အတွက် ယူရိုပါလိဂ် ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေတဲ့ ဆီဗီးလားအသင်း

 

အထင်ကရအချက်အလက်များ

ဆီဗီးလားတို့ ပွဲစတယ်ဆိုတာနဲ့ ရိုးမားအသင်းဘက်ကို တရစပ်ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး တောင်ပံက ဆာဂျီယို ရက်ဂွီလွန်ကို မထိန်းချုပ်နိုင်ခဲ့လို့ ပထမပိုင်း ၂၂မိနစ်မှာတင် ပထမဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။အဲ့နောက်မှာ ရိုးမားတို့ ကစားပုံလုံး၀ပျက်သွားခဲ့ ပြီး ပထမပိုင်း ပွဲပြီးခါနီးမှာ လူးကပ်စ်အိုကန်ပိုစ့်ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး ယူဆက်ဖ်အန် နီဆီရီအပိုင်ပိတ်သွင်းခဲ့လို့ ဆီဗီးလားတို့ ဒုတိယဂိုးထပ်ရခဲ့ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာလည်း နှစ်သင်းလုံးသွင်းဂိုးတွေရဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်တွေကြောင့် ၂-၀ ရလဒ်နဲ့ ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ဒီပွဲမှာ ရိုးမားတိုက်စစ်က ဒီဂျက်ကို နဲ့မစ်ခီတာရီယန် ခြေမပေါ်ခဲ့လို့ ရိုးမားတို့ တစ်ပွဲလုံး ဂိုးပေါက်တည့်မှု တစ်ကြိမ်ပဲရှိခဲ့ပါတယ်။

 

လာမယ့်ပွဲစဥ်များ

ရှုံးနိမ့်ခဲ့တဲ့ ရိုးမားကတော့ ဘာပွဲမှဆက်ကစားရဖို့မရှိတော့လို့ အနားရသွားခဲ့ပါပြီ။ ဆီဗီးလားကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ကလပ် ၀ုဗ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။သြဂုတ်လ ၁၂ရက်နေ့မှာကစားရမှာ ဖြစ်ပြီးတော့ ဂျာမနီမှာသွားရောက်ကစားကြရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်