နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒီပိုင်းကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ရိုးမား | စီးရီးအေ

စီးရီးအေ ကလပ် ရိုးမား ကတော့ လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ နယ်သာလန် တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိ နွေရာသီဈေးကွက် အတွင်းမှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် ကတ်ဆီယာကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလား နေရာမှာ မမ်းဖစ် ဒီပိုင်းနဲ့ အစားထိုးဖို့ ရိုးမားတို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် တန်းတက် ကလပ် အဲလ် ကတ်ဆီယာ ကတော့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ပီယာ အမ်းမရစ်ခ် အော်ဘာမီယန်း၊ နာချို ဖာနန်ဒက်စ် တို့လို ဝါရင့် ကစားသမားတွေကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်ကတ်ဆီယာက အသက် ၃၀ အရွယ် အာဂျင်တီးနား တိုက်စစ် ကြယ်ပွင့် ပေါ်လို ဒီဘားလားကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်လျက် ရှိနေပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရတော့ ဒီဘားလားဟာ အယ်လ်ကတ်ဆီယာရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ နီးစပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့ အဲလ်ကတ်ဆီယာ အနေနဲ့ ဒီဘားလား ဆီကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု အပြည့်အဝ ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး ကစားသမားဆီက အဖြေကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ရိုးမား ဘက်ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အတွက် ဒိုဗစ်ခ်နဲ့ ဆူလီတို့ နှစ်ဦးကို ခေါ်ယူထားခဲ့တာကြောင့် ဒီဘားလားကို အသင်း ကနေ ရောင်းထုတ်ချင်နေပြီး ဆော်ဒီကလပ်နဲ့ ဒီဘားလား တို့ အကြား အပြောင်းအရွှေ့ ဖြစ်လာဖို့ အတွက်လည်း မျှော်လင့်လျက် ရှိနေပါတယ်။ ဒါ့အပြင် ဒီဘားလား ကိုသာ လက်လွှတ်လိုက်ရမယ် ဆိုရင်လည်း ဒီဘားလား နေရာမှာ အစားထိုးဖို့ ကစားသမားပါ ရှာဖွေထားပြီး ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ ဒီဘားလားရဲ့ နေရာ အတွက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ မမ်းဖစ် ဒီပိုင်းနဲ့ အစားထိုးဖို ချိန်ရွယ်နေတာ ဖြစ်ပါတယ်။ ဒီပိုင်း ကလည်း ဒီဘားလားနဲ့ အသက်တူတူပဲ ဖြစ်ပြီး ဒီနွေရာသီ မှာပဲ အက်တလက်တီကိုမက်ဒရစ်နဲ့ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲထားသူ ဖြစ်ပါတယ်။

ဒီပိုင်းဟာ ပီအက်စ်ဗွီ၊ ယူနိုက်တက်၊ လိုင်ယွန်၊ ဘာစီလိုနာနဲ့ အက်တလက်တီကို တို့လို ထိပ်တန်း အသင်းတွေမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အရည်အသွေးမြင့် အတွေ့အကြုံရင့် တိုက်စစ် ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမား ဖြစ်တာကြောင့်လည်း ရိုးမား အတွက်တော့ တကယ်ကို သင့်လျော်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင်သူပါ။ ဒါကြောင့်လည်း ရိုးမားက ဒီဘားလား ထွက်သွားရင် သူ့ရဲ့ နေရာ အတွက် ပြောင်းရွှေ့ကြေး လုံးဝ မကုန်နိုင်မယ့် ဒီပိုင်းနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

မမ်းဖစ် ဒီပိုင်း ကတော့ ပီအက်စ်ဗွီ အသင်းနဲ့ အတူ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပိုင်းက ယူနိုက်တက်မှာ နှစ်ရာသီ အတွင်း ပွဲ ၅၀ ကျော်သာ ကစားခဲ့ရပြီး ၂၀၁၇ ခုနှစ် မှာတော့ လိုင်ယွန်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ လိုင်ယွန်မှာတော့ ဒီပိုင်းက ၅ ရာသီ အတွင်း ၁၇၈ ပွဲ ကစားကာ ၇၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ဒီကစားသမားကို ဘာစီလိုနာက ခေါ်ယူခဲ့ပေမယ့် လာလီဂါ ကလပ်မှာတော့ ပွဲထွက်ခွင့်ဖို့တောင် ရုန်းကန်ခဲ့ရပြီး အက်တလက်တီကိုမက်ဒရစ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ရပါတယ်။ တီကိုမှာလည်း ဒီပိုင်းက ပွဲ ၄၀ သာ ကစားခဲ့ရပြီး အသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူပါ။ ဒီပိုင်း အနေနဲ့ သူ့ အတွက် နယ်မြေသစ် ဖြစ်လာနိုင်မယ့် စီးရီးအေ ကလပ် ရိုးမားကို ရောက်ရှိသွားပြီး ပုံစံကောင်းတွေ ပြန်လည် ပြသနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်