နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာဖေးလ် ဗာရန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ကိုမို | စီးရီးအေ

စီးရီးအေ တန်းတက် ကလပ် ကိုမို ကတော့ ပြင်သစ် ဝါရင့် ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလာခဲ့ပါတယ်။ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး ဖြစ်ခဲ့တဲ့ ဗာရန်းက ယူနိုက်တက် ကနေ ထွက်ခွာပြီးနောက် ကိုမိုကို ၂ နှစ် + ၁ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါတယ်။

စီးရီးအေ ကလပ် ကိုမိုကို ဗာရန်းကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အခုမနက် အစောပိုင်းမှာပဲ ကြေညာသွားခဲ့တာပါ။ ကိုမိုဟာ ၁၉၀၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီးတော့ ၂၀၀၂/၂၀၀၃ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် စီးရီးအေ ကို တန်းပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုမိုဟာ မနှစ်က စီးရီးဘီ မှာ အဆင့် ၂ နေရာ ရခဲ့ပြီးတော့ အသင်းရဲ့ သမိုင်းတလျှောက် ၄ ကြိမ်မြောက် အဖြစ် စီးရီးအေ ကို ပြန်လည် တက်လှမ်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ကိုမိုဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၁၀ ဦး အထိ ခေါ်ယူထားပြီး ဗာရန်း ကတော့ နောက်ဆုံး ရောက်ရှိလာတဲ့ ကစားသမား ဖြစ်ပါတယ်။ ကိုမိုဟာ အစောပိုင်းမှာ တိုရီနိုက ကိုနေး၊ ဩစတြီးယား ဝီယင်က မားသီးယပ်စ် ဘရွန်နိုဒါ၊ ရိုးမားက အန်ဒရီရာ ဘယ်လော့တီ၊ ကက်ဂလီယာရီက ဒေါ့ဆီနာ၊ လက်ချီက စထရက်ဖက်ဇာ တို့ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန် ဝါရင့် ဂိုးသမားကြီး ပီပီ ရေနာ၊ အီရတ် တောင်ပံ ကြယ်ပွင့် အလီ ဂျာဆင်နဲ့ ရာဖေးလ် ဗာရန်းကို အလွတ်၊ ဖရိုဆီနုန်းက လူကာ မတ်ဇစ်တယ်လီ ကိုတော့ အငှားနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ရာဖေးလ် ဗာရန်းဟာ ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ပြည့်လို့ လမ်းခွဲထားခဲ့သူ ဖြစ်ပါတယ်။ ဒီလို အသင်းလက်မဲ့ ဖြစ်နေတဲ့ ဥရောပ အတွေ့အကြုံရင့် ကစားသမား ဗာရန်းကို ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ကလပ်တွေ အပြင် ဥရောပ ထိပ်တန်း ကလပ်တွေပါ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီးရီးအေ တန်းတက် ကလပ်ငယ်လေး ကိုမိုက ဗာရန်း ကို လက်ဦးမှု ရယူပြီး ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

အဓိက ကတော့ ဗာရန်းဟာ ကိုမိုရဲ့ ပရောဂျက်တွေကို သဘောကျခဲ့ပြီးတော့ စာချုပ် စာတမ်း ကိစ္စတွေ အတွက်သာ အနည်းငယ် အချိန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် အဓိကကျခဲ့သူက နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ဗာရန်းက ကိုမိုကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပြီး တန်းတက် ကလပ်ငယ်လေးကို ဘယ်လိုမျိုး မြှင့်တင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ကိုမိုဟာ သူတို့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ဖာဘရီဂတ်စ်ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီးနောက် စီးရီးအေ ကို တန်းတက် ကစားခွင့်ရထားခဲ့တာပါ။ ဒါကြောင့် ထိပ်တန်းလိဂ် တစ်ခုမှာ တခြား အသင်းတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကစားသမားကောင်း တချို့ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်ခဲ့ပြီး ဗာရန်းလို ထိပ်တန်း နောက်ခံလူ တစ်ဦးကို အသင်းဆီ အရ ခေါ်ယူခဲ့တာပါ။ ဒါ့အပြင် ဒီနွေရာသီ ဈေးကွက် ကိုမိုရဲ့ အင်အားဖြည့်တင်းမှုတွေ ကတော့ အားရစရာ ကောင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်