နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းပြီး အခြားအသင်း တစ်သင်းကို ပြောင်းရွှေ့မယ့် ပေါ့ဘာ | စီးရီးအေ

လာမယ့် ၂၀၂၅ ခုနှစ် မတ်လ အတွင်း ဘောလုံး ပြန်လည် ကစားခွင့်ရတော့မယ့် ပေါလ် ပေါ့ဘာ ကတော့ လက်ရှိ စီးရီအေ ကလပ် ဂျူဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ တားမြစ်ဆေး ပြစ်ဒဏ် လျှော့ပေါ့ပေးခံခဲ့ရတာကြောင့် လာမယ့်နှစ် မတ်လမှာ မြက်ခင်းစိမ်းပေါ် ပြန်လည် ခြေချနိုင်တော့မှာ ဖြစ်ပေမယ့် ဂျူဗင်တပ်စ်နဲ့ ရှေ့ဆက်လိုပုံ မရပဲ စာချုပ်ဖျက်သိမ်းပြီး အသင်းသစ် ရှာဖွေဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ့ဘာဟာ မူလက ၄ နှစ် ပွဲပယ် ပြစ်ဒဏ် ကျခံနေရတာ ဖြစ်ပေမယ့် အယူခံဝင်ခဲ့ရာမှာတော့ အားကစားခုံရုံး (CAS)က ၁၈ လ သို့ လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စီးရီးအေ ရာသီ အဖွင့် ပွဲစဉ် ဖြစ်တဲ့ အူဒီးနီးစ်-ဂျူဗင်တပ်စ် ပွဲအပြီး ကျပန်း ဆေးစစ်မှု ပြုလုပ်ရာမှာ ဟော်မုန်းဓာတ် မြှင့်တင်ပေးတဲ့ ဆေးဝါး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်သားဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က စပြီး ပွဲပယ် ပြစ်ဒဏ်ကျခံခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပေါ့ဘာဟာ B Sample စစ်ဆေးရာမှာလည်း တားမြစ်ဆေး ကျရှုံးကြောင်း အတည်ပြုခဲ့သဖြင့် အီတလီ နိုင်ငံမှာ ရှိတဲ့ အမျိုးသား တားမြစ်ဆေး တိုက်ဖျက်ရေး ခုံရုံး (NADO) က အခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် လေးနှစ် ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် စီးရီးအေ အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာတွေကြောင့် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားထားနိုင်ပါတယ်။
ပြင်သစ် ကလပ် မာဆေးလ်ကို ပြောင်းရွှေ့ဖို့ များနေတဲ့ ပေါ့ဘာ

ပေါ့ဘာက ဒီပြစ်ဒဏ်ကို CAS ထံ အယူခံဝင်ခဲ့ရာမှာတော့ အောင်မြင်ခဲ့ဖြစ်ပြီး ပွဲပယ်ကာလကို ၁၈ လ အထိ လျှော့ချပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဘာ အနေနဲ့ လာမယ့် ဇန်နဝါရီလမှာ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည် စတင်နိုင်မှာ ဖြစ်ပြီးတော့ လာမယ့် မတ်လ မှာတော့ ဘောလုံး ပြန်လည် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ် အထိ ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာက လက်ကျန် စာချုပ်ကို ဖျက်သိမ်းပြီးတော့ အသင်းသစ် ရှာဖွေဖို့သာ စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကလည်း ပေါ့ဘာနဲ့ ဂျူဗင်တပ်စ်တို့ အကြားမှာ စာချုပ်ဖျက်သိမ်းဖို့ အတွက် သဘောတူညီမှု ရရှိမယ်လို့ မျှော်လင့်ရကြောင်း၊ CAS ရဲ့ ဆုံးဖြတ်ချက် ထုတ်ပြန်ပြီးနောက် ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ပေါ့ဘာ အနေနဲ့ ဘဝ အသစ် ပြန်လည် စတင်ဖို့ အတွက် ဒီအခြေအနေ ကသာ အကောင်းဆုံး ဖြစ်နိုင်မယ်လို့ ယူဆထားကြောင်း ဖော်ပြထားခဲ့ပါတယ်။

ဂျူဗင်တပ်စ် နည်းပြ သီယာဂို မော့တာ ကတော့ ပြီးခဲ့တဲ့ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပေါ့ဘာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မေးမြန်းမှုတွေ အပေါ် “ပေါလ် ပေါ့ဘာ အပေါ် ဘာလုပ်မယ် ဆိုတာကို အသင်းက ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော့် အတွက်တော့ ပေါ့ဘာဟာ ကြီးကျယ် ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ။ သူက ပွဲမကစားရတာ အချိန်အတော်လေး ကြာနေခဲ့ပါပြီ။ အခုလောလောဆယ် မနက်ဖြန် ကစားမယ့် ပွဲအတွက် ကျွန်တော်အာရုံစိုက်ထားပါတယ်။ ကျန်တဲ့ ကိစ္စတွေက ကျွန်တော့် အတွက် သိပ်အရေးမကြီးပါဘူး” လို့ ဖြေကြားထားခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပေါ့ဘာဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့သူပါ။ အဲ့နောက် စီးရီးအေ အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာတွေကြောင့် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်