နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝ မသေဆုံးသေးကြောင်း ဖွင့်ဟလာတဲ့ ပေါ့ဘာ | စီးရီးအေ

countdown banner

ပြင်သစ် တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်ခဲ့တဲ့ ပေါလ် ပေါ့ဘာ ကတော့ တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့လို ဘောလုံးကစားခွင့် (၄) နှစ် အထိ ပိတ်ပင်ခံထားရသူ ဖြစ်ပါတယ်။ ပေါ့ဘာ အနေနဲ့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းနဲ့ အတူ ၂၀၂၃ ခုနှစ် စက်တင်ဘာလက အမ်ပိုလီနဲ့ ပွဲမှာ နောက်ဆုံး ပါဝင်ကစားပြီးနောက် လက်ရှိ မှာတော့ အနားယူနေရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ သူ့အနေနဲ့ အခုလို ကာလရှည်ကြာ ပွဲပယ်ခံ နေရပေမယ့်လည်း သူရဲ့ ကစားသမားဘဝ ကတော့ အဆုံး မသတ်သေးဘူးလို အခိုင်အမာ ပြောဆိုလာခဲ့ပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက အင်တာဗျူး တစ်ခုမှာ သူရဲ့ ဘောလုံးသမား ဘဝ သေဆုံးသွားပြီ ဖြစ်ကြောင်း ပြောခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပေမယ့် ဒါက အဲ့ဒီအင်တာဗျူးရဲ့ edit ပိုင်း ညံဖျင်းမှုကြောင့်သာ ဖြစ်တယ်လို ပေါ့ဘာ ကိုယ်တိုင် ပြန်လည် ရှင်းလင်းလာခဲတာ ဖြစ်ပါတယ်။

ပေါ့ဘာက “ဒါက ကျွန်တော်ရဲ့ အင်တာဗျူး ဗီဒီယို အပြည့်အစုံ မဟုတ်ပါဘူး။ သူတို့ဘက်က ဗီဒီယိုရဲ့ တစိတ်တဒေသ ကိုသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုကို အစအဆုံး ကြည့်မယ် ဆိုရင် ကျွန်တော်ရဲ့ ဘောလုံး သမားဘဝ အဆုံးသတ်သွားပြီလို့ ပြောဆိုထားခြင်း မရှိဘူး ဆိုတာ မြင်ရပါလိမ့်မယ်။ ကျွန်တော်က အခုထိ ဘောလုံးသမား တစ်ယောက် အဖြစ် ရှိနေတုန်းပါပဲ။ ကျွန်တော် ဒီနေရာမှာ အကောင်းမြင်စိတ်တွေနဲ့ အတူ ရှေ့ဆက်နေဆဲပါပဲ။ ကျွန်တော့် အမြင်မှာ တရားမျှတမှုလို့ ရှုမြင်ထားတဲ့ အရာဘက် ကနေ တွန်းလှန်သွားဖို့ အခွင့်အရေးလည်း ရှိနေပါသေးတယ်။ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ အခြေအနေတွေက ပိုကောင်းလာဖို့ မျှော်လင့်ပါဝယ်။ ပေါ့ဘာ အဆုံးမသတ်သေးပါဘူး။ ပေါ့ဘာ ကိုယ်တိုင် အဆုံးသတ်ပြီလို့ မပြောမချင်း ဒီနေရာမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်လို့ စိတ်မပူကြပါနဲ့။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် (၃၁)နှစ် အရွယ် ရှိနေတဲ့ ပေါ့ဘာက ပြင်သစ် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့် ကစားသမားကောင်း တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက သူရဲ့ ဆီး အတွင်းမှာ တားမြစ် ထားတဲ့ Testosterone ဆေး ပါဝင်နေတာ တွေ့ရှိခဲ့လို ၄ နှစ် အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ၂ဝ၂၃ စက်တင်ဘာလ အလယ် လောက်မှာ စပြီး ဘောလုံးမကစားရတော့တဲ့ ပေါ့ဘာဟာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ တို့ရဲ့ ယူရို ၂၀၂၄ ရှုံးထွက် (၁၆) သင်း အဆင့် ပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့သလို တစ်ဖက်မှာလည်း သူက သူရဲ့ ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်နေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပြင်သစ် ကွင်းလယ်လူဟောင်းက “အခုလည်း ကျွန်တော် အနေနဲ့ ကိုယ့်ကိုကိုယ် ဘောလုံးသမား တစ်ဦး လို့ပဲ ခံစားမိနေဆဲပါ။ လေ့ကျင့်ခန်းတွေလည်း လုပ်နေပါတယ်။ ဒီအချိန်မှာ ကျွန်တော့် စိတ်ကို အကောင်းမြင်စိတ် ရှိနေရပါမယ်။ ကျွန်တော် ဒီအချိန်မှာ မိသားစုနဲ့ အချိန်တွေကို ကုန်ဆုံးနေပေမယ့် ဘောလုံးပြန် ကစားရဖို့ အတွက်လည်း စိတ်အားထက်သန်နေပါတယ်။ အခု ကျွန်တော်က ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦး ဖြစ်ချင်တဲ့ ကလေး တစ်ယောက်လိုမျိုး ခံစားနေရပါတယ်။” လို့ ပေါ့ဘာက ရှင်းလင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပေမယ့် စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ စတင် ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မှာတော့ ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး ၆ နှစ်တာ အတွင်း ပွဲပေါင်း ၂၂၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ယူနိုက်တက်နဲ့ ပြသနာတွေ ဖြစ်ခဲ့ပြီး စီးရီးအေ ကလပ်ဟောင်း ဂျူဗင်တပ်စ်ဆီကို ပြန်သွားခဲ့ပါတယ်။ ပေါ့ဘာ အနေနဲ့ ဂျူဗင်တပ်စ်မှာ ပြန်လည် တောင်ပနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်