နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရာဇီးလ် ဂန္တဝင်နဲ့ ခိုင်းနှိုင်း ချီးကျူးခံလိုက်ရတဲ့ အိုဆင်ဟန်၊ ဥမင်လိုဏ်ခေါင်း အတွင်းမှာ လာဇီယို ဥက္ကဌနဲ့ ပြဿနာ တက်ခဲ့တဲ့ မော်ရင်ဟို (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ဘရာဇီးလ် ဂန္တဝင်နဲ့ ခိုင်းနှိုင်း ချီးကျူးခံလိုက်ရတဲ့ အိုဆင်ဟန်၊ ဥမင်လိုဏ်ခေါင်း အတွင်းမှာ လာဇီယို ဥက္ကဌနဲ့ ပြဿနာ တက်ခဲ့တဲ့ မော်ရင်ဟို စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၁ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရာဇီးလ် ဂန္တဝင်နဲ့ ခိုင်းနှိုင်း ချီးကျူးခံလိုက်ရတဲ့ အိုဆင်ဟန်

လာဇီယို ကစားသမားဟောင်း လူကာမာချီဂါနီ ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်ကို ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်း ချီးကျူးသွားခဲ့ပါတယ်။
အဆိုပါ နိုင်ဂျီးရီးယားသားက ဒီရာသီ စီးရီးအေမှာ ဂိုးသွင်း ဘုရင်ဖြစ်ဖို့ ရေပန်းစားနေသလို ချန်ပီယံလိဂ် မှာလည်း နာပိုလီနဲ့ အတူ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

မာချီဂါနီက အိုဆင်ဟန်က ကျွန်တော့် အမြင်မှာ ဟန်ချက်ညီညီ ကစားနိုင်တဲ့ ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ကြောင်း၊ ခါဗာရာ ကိုလည်း သဘောကျပေမယ့် အိုဆင်ဟန်နဲ့တော့ နှိုင်းလို့ မရကြောင်း၊ အိုဆင်မ်ဟန်က ဘရာဇီးလ် ဂန္တဝင် ရော်နယ်ဒိုကို ပြန်လည် အမှတ်ရစေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နာပိုလီ နည်းပြ လူစီယာနို စပယ်လက်တီက အံ့အားသင့်ဖွယ် ကောင်းတဲ့ ဖျော်ဖြေမှု တစ်ခုကို ဖန်တီးပေးနေကြောင်း၊ ခါဗာရာ ကလည်း ကစားသမားကောင်း တစ်ယောက် ဖြစ်ကြောင်း မာချီဂါနီက ချီးကျူးသွားခဲ့ပါတယ်။


ဥမင်လိုဏ်ခေါင်း အတွင်းမှာ ပြဿနာ တက်ခဲ့ကြတဲ့ လာဇီယို ဥက္ကဌ မော်ရင်ဟို

တနင်္ဂနွေနေ့ ညက ကစားခဲ့တဲ့ လာဇီယိုနဲ့ ရိုးမား တို့ရဲ့ ရောမဒါဘီ ပွဲအပြီးမှာ ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုနဲ့ လာဇီယို ဥက္ကဌ ကလော်ဒီယို လော့တီတိုတို့ ပြဿနာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လာဇီယိုက ရိုးမားကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါ စီးရီးအေ ပွဲက ပွဲကြမ်း တစ်ပွဲ ဖြစ်ခဲ့ပြီး နှစ်ဖက် အသင်းက ကစားသမား စုစုပေါင်း (၃) ယောက် အထိ အထုတ်ခံခဲ့ရပါတယ်။
ပွဲတိုင်းလိုလို တစ်ခု မဟုတ်တစ်ခု ပြသနာတွေ ဖြစ်နေတဲ့ ရိုးမား နည်းပြ မော်ရင်ဟို

လာဇီယိုက ရိုးမားကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါ စီးရီးအေ ပွဲက ပွဲကြမ်း တစ်ပွဲ ဖြစ်ခဲ့ပြီး နှစ်ဖက် အသင်းက ကစားသမား စုစုပေါင်း (၃) ယောက် အထိ အထုတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပွဲအပြီး မှာလည်း မော်ရင်ဟိုနဲ့ လော့တီတိုတို့ ပြဿနာ တက်ခဲ့ပြီး မော်ရင်ဟိုက “ခင်ဗျား ဘာကြည့်တာလဲ” လို့ လော့တီတိုကို စတင် အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။

လော့တီတို ကလည်း “ငါက ဒီအသင်းရဲ့ ဥက္ကဌ၊ မင်းက ဧည့်သည်။ ဒါက ငါ့အိမ်လို ဖြစ်နေတာ။ ငါ သွားချင်နေတဲ့ နေရာ သွားမယ်။ ဒါ မင်းအလုပ် မဟုတ်ဘူး” လို့ ပြန်လည် တုံ့ပြန်ခဲ့ကာ ပြဿနာ ဖြစ်ပွားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။


အေစီမီလန် ကွင်းလယ်လူကို အပြိုင် စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ်

ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့ဟာ စီးရီးအေ ကလပ် အေစီမီလန်ရဲ့ ကွင်းလယ် ကြယ်ပွင့် ဘရာဟင်မ် ဒီယက်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 လီဗာပူးလ် @ 4.80
ဂိုးပေါ် 3.00 @ 2.05
ဂိုးပေါင်း 0-1 @ 4.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ စပိန် ကစားသမားက ရီးရဲလ်မက်ဒရစ် ကနေ အေစီမီလန်ကို အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး ဒီရာသီမှာ အသင်း အတွက် (၃၁) ပွဲ ကစား၊ (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးထားပါတယ်။

အသက် (၂၃) နှစ် အရွယ် ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့က အနီးကပ် စောင့်ကြည့်နေတယ်လို့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာတာ ဖြစ်ပြီး ဥရောပ ထိပ်တန်း အသင်းကြီးတွေ ကသာ ကမ်းလှမ်းလာရင် ဒီယက်ဇ် တစ်ယောက် အသင်း ပြောင်းဖွယ် ရှိနေပါတယ်။

ဒါပေမယ့် သူနဲ့ ရီးရဲလ်မက်ဒရစ် အကြား စာချုပ်သက်တမ်း ကလည်း (၂၀၂၅) ခုနှစ် အထိ ကျန်ရှိနေပြီး စပိန် ကလပ် ဘက်ကတော့ ကစားသမား အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိခဲ့ရင် ရောင်းချသွားဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်