နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန် အတွက် ယူရို ၄၅ သန်း အပြင် ကစားသမား နှစ်ဦး လိုချင်နေတဲ့ နာပိုလီ | စီးရီးအေ

စီးရီးအေ ထိပ်သီး ကလပ် နာပိုလီ ကတော့ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာချင်နေတဲ့ ဗစ်တာ အိုဆင်မ်ဟန်ကို သေချာပေါက် ရောင်းထုတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက နာမည် အထွက်ဆုံး ဖြစ်နေပြီး ကြိုးလည်း ကြိုးပမ်းနေပါတယ်။ နာပိုလီ ကတော့ သူတို့ရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆင်မ်ဟန် အတွက် ချဲလ်ဆီး ဆီကနေ ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း အပြင် တိုက်စစ်မှူး ရိုမယ်လူ လူကာကူနဲ့ ကွင်းလယ်လူ ကာဆာဒီ တို့ကိုပါ အလိုက်ပေး ကမ်းလှမ်းလာဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

အခုလက်တလောမှာ စီးရီးအေ ကလပ်က အိုဆင်မ်ဟန်နဲ့ လူကာကူ အပြောင်းအရွှေ့ကို ချိတ်ဆက် လုပ်ဆောင်ဖို့ အတွက် ချဲလ်ဆီးနဲ့ ညှိနှိုင်း စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ဆိုရင် လောဘကြီးတတ်တဲ့ အသင်း အဖြစ် နာမည်ကြီးတဲ့ နာပိုလီက သူတို့ရဲ့ တိုက်စစ်မှူးကို လိုချင်ရင် လူကာကူနဲ့ ကာဆာဒီ တို့ကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အလိုက်ပေးရမှာ ဖြစ်သလို ပြောင်းရွှေ့ကြေး ကိုလည်း ယူရို ၄၅ သန်း အထိ ပေးချေရမယ်လို့ ချဲလ်ဆီး အသင်းထံ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကလည်း ဒီနွေရာသီမှာ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူထားသည့်တိုင်အောင် တိုက်စစ်ပိုင်း အတွက် ဗစ်တာ အိုဆင်မ်ဟန်လို အရည်အသွေးမြင့်မားတဲ့ တိုက်စစ်မှူးမျိုးကို ထပ်မံ ခေါ်ယူဖို့ လိုအပ်နေသေးတာပါ။ ဒါပေမယ့်လည်း ကစားသမား တစ်ဦးကို ခေါ်နိုင်ဖို့ ငွေကြေးရော၊ ကစားသမား နှစ်ဦး ကိုပါ အလိုက်ပေးရမယ့် အခြေအနေကြောင့် နာပိုလီရဲ့ တောင်းဆိုမှုကို လိုက်လျော့ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ကတော့ လက်ရှိမှာ နာပိုလီရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေဆဲပါ။ နောက်ပြီးတော့ ၂၀၂၂/၂၃ ဘောလုံးရာသီ နာပိုလီ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့စဉ် ကလည်း အဓိက အခန်းကဏ္ဉ ကနေ ပါဝင်ခဲ့သူပါ။ ဒါပေမယ့်လည်း လက်ရှိမှာတော့ အိုဆင်မ်ဟန်က နာပိုလီ ကနေ ထွက်ခွာချင်နေပြီး အသင်း ဘက်ကလည်း အိုဆင်မ်ဟန်ကို ရောင်းချပြီးတော့ အသင်းရဲ့ နည်းပြသစ် အန်တိုနီယို ကွန်တီ အလိုရှိနေတဲ့ သူ့ရဲ့ တပည့်ဟောင်း လူကာကူကို ပြန်လည် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အိုဆင်မ်ဟန်က လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နာပိုလီ ဘက်က တောင်းဆိုမှုတွေက များလွန်းနေတာကြောင့် အပြောင်းအရွှေ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ချဲလ်ဆီးက အသင်းမှာ ၆ လ အငှားနဲ့ လာရောက် ကစားခဲ့ဖူးတဲ့ ပေါ်တူဂီ ကြယ်ပွင့် ယာအို ဖီးလစ် ကိုလည်း အက်တလက်တီကိုမက်ဒရစ် ကနေ ပြန်လည် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီး တိုက်စစ်မှာ အိုဆင်မ်ဟန်ပဲ မြင်ရမလား ယာအို ဖီးလစ်ကိုပဲ နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ရမလား။ ဒါမှမဟုတ် နှစ်ဦးစလုံးပဲ ရောက်ရှိလာမလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်